Pages

Pages - Menu

Sunday, August 16, 2015

ကိုလိုနီဝိဉာဉ်တွေရစ်သမ်းနေတဲ့ မြိတ်ကအိမ်ကြီးတစ်အိမ်


RangonNewsDaily:: August . 16 .2015
တနင်္သာရီကမ်းရိုးတန်းပေါ်က မြိတ်မြို့ဟာ ရှေးအကျဆုံးသောမြို့တွေထဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ၁၈၂၄ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး တနင်္သာရီကမ်းမြှောင်ဟာ ရခိုင်ဒေသနည်းတူ ကိုလိုနီဘဝ အစောဆုံး ကျရောက်ခဲ့ပါတယ်။
သမိုင်းမှတ်တမ်းတွေအရ ၁၇ရာစုလောက်ကတည်းက ပင်လယ်ပြင်ကူးသန်းသွားလာနေတဲ့ နိုင်ငံခြားသားများစွာ ဖြတ်သန်းရောက်ရှိခဲ့တဲ့မြို့လည်းဖြစ်သလို ကိုလိုနီအငွေ့အသက်တွေနဲ့ အခုထိလည်း ရှေးဟောင်းဆန်နေဆဲပါ။ ရှေးဟောင်းသစ်သားအိမ်ကြီးတွေရှိတဲ့အထဲ မြိတ်ကိုရောက်လာတဲ့ နိုင်ငံခြားသားတိုင်း သွားရောက်ကြတဲ့ အိမ်ကြီးတစ်အိမ်ရှိပါတယ်။ ပင်လယ်ဆိပ်ကမ်းကို အပေါ်စီးကနေမြင်ရတဲ့ တောင်ကုန်းတစ်ခုပေါ်မှာတည်ရှိတဲ့ ဒီအိမ်ကြီးဟာ မြို့ခံတွေကြားမှာတော့ သရဲအလွန်ခြောက်တယ်ဆိုပြီး နာမည်ကြီးပါတယ်။

အခုလည်း ဒီအိမ်ကြီးဟာ သရဲခြောက်နေတုန်းပါပဲလို့ ဒေသခံစာရေးဆရာ မိုးမြင့်မိုး(မြိတ်)က ပြောပါတယ်။ ပင်လယ်ဓားပြကြီး ဆင်မြူရယ်ဝှိုက်စ်ရဲ့မိန်းမ ဒီအိမ်မှာသေခဲ့တာကြောင့်ဖြစ်မယ်လို့ သူထင်တဲ့အကြောင်း အခုလို ဆိုပါတယ်။
စာရေးဆရာ မောရစ်ကောလစ် မြိတ်အရေးပိုင်အဖြစ်နဲ့ တာဝန်ကျတဲ့ ၁၉၁၅တဝိုက် ဒီအိမ်ကြီးမှာ မိသားစုနဲ့အတူနေထိုင်ခဲ့ပြီး သရဲခြောက်ခံခဲ့ရတဲ့အကြောင်း စာအုပ်ထဲမှာထည့်သွင်းရေးသားခဲ့တာမို့ အနောက်တိုင်း ခရီးသွားတွေကြားမှာ ဒီအိမ်ကြီးကို သိသူတွေ များလာပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ခေတ်အဆက်ဆက် အစိုးရအုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာရုံးတွေအဖြစ် ဖွင့်ထားပြီး ထိန်းသိမ်းထားတာကြောင့် သက်တမ်းတစ်ရာကျော်နေပေမယ့် အကောင်းပကတိအတိုင်း ရှိနေဆဲပါ။ ဒီအိမ်ကြီးမှာ တာဝန်ကျတဲ့ဝန်ထမ်းတစ်ယောက်ကို ကိုလိုနီခေတ်ကတည်းက မကျွတ်မလွတ်သေးတဲ့ ဝိဉာဉ်တွေရဲ့ခြောက်လှန့်မှုကို သူကိုယ်တိုင် ကြုံခဲ့ရတယ်လို့ အခုလို ပြောပြပါတယ်။
Kamayut Media, KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment