Pages

Pages - Menu

Saturday, July 11, 2015

စက်တပ်ရေယာဉ်တစ်စီး ချင်းတွင်းမြစ်ကူးတံတားတိုင်နှင့် တိုက်မိပြီး နစ်မြုတ်


RangonNewsDaily:: July . 11 .2015
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တို့အား ဆက်သွယ်တည်ဆောက်ထားသည့် ချင်းတွင်းမြစ်ကူး ချင်းတွင်းတံတားနေရာတွင် ဇူလိုင် ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၄၁ မိနစ်အချိန်က စက်တပ်ရေယာဉ်တစ်စီးမှာ မြစ်ကူးတံတားတိုင်ဖြင့် တိုက်မိပြီး မြစ်ကြောင်းအတွင်း နစ်မြုတ်သွား( ဖော်ပြပါ ဓာတ်ပုံ)ကြောင်း မျက်မြင်တွေ့ရှိရသူများက ပြောကြားသည်။
မြစ်ကြောင်းအတွင်း နစ်မြုတ်သွားသည့် စက်တပ်ရေယာဉ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း အနောက်ဘက် ( ရွှေတောင်ဦး) ကမ်းခြေအတိုင်း မုံရွာမြို့နယ်ဘက်သို့ စုန်ဆင်းလာသည့် တစ်လုံးထိုး အင်ဂျင်စက်တပ်ရေယာဉ် တစ်စီးဖြစ်သည်။
အဆိုပါ ရေယာဉ်မှာ သစ်ဖောင်တစ်စင်း၏ ဖောင်မှီးနေရာမှ နေ၍ သစ်ဖောင်အား စက်အရှိန်ဖြင့် လိုက်လံတွန်း၍ ပို့ဆောင်ပေးနေစဉ် ချင်းတွင်းမြစ်ကူးတံတားအောက်၌ ၎င်းမှ တံတားပိုင်တိုင်အမှတ် 8 နှင့် 9 အကြားနေရာမှ ဖြတ်သန်းနေစဉ် တံတားဘိုးပိုင်တိုင်အမှတ် 8 ၏ အထက်ဘက်နေရာနှင့် ၎င်းစက်တပ်ရေယာဉ်မှာ တိုက်မိကာ မြစ်ကြောင်းအတွင်း နစ်မြုတ်သွားခြင်းဖြစ်သည်။


ချင်းတွင်းမြစ်ရေသည် ယခုရက်ပိုင်းအတွင်း အရှိန်အဟုန်ဖြင့် တိုးမြင့်လာလျက်ရှိသည်။ ဇူလိုင် ၁၁ ရက်နေ့ မွန်းတည့်အချိန်တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေမှာ 850 စင်တီမီတာအထိတက်ရောက်လျက်ရှိသည်။ မုံရွာမြို့၏ စိုးရိမ်ရေအမှတ်မှာ 1000 စင်တီမီတာဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြစ်ရေစီးအလျင်သန်နေသည့်ကြားမှ ယင်းမာပင်မြို့နယ်၊ လက်ခုပ်ကျေးရွာအနီးရှိဒေသခံ ရေလုပ်သားများက နစ်မြုတ်စက်တပ်ရေယာဉ်အား လိုက်လံကူညီကယ်ဆယ်ပေးလျက်ရှိကြောင်း သိရှိရသည်။ ပျက်စီးဆုံးရှုံးမှု လူအသေအပျောက် အခြေအနေမှာ ယခုအချိန်ထိ မသိရှိရသေးကြောင်း ကူညီကယ်ဆယ်ရေး လုပ်သားများထံက သိရှိရသည်။
::
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းက မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ရွှေပလ္လင်တောင် ရေ၀ဲအတွင်း ကလေးဝဆိပ်ကမ်းမှ ဥရုဆယ်ဇင်းဒေသသို့ ခုတ်မောင်းဆန်တက်လာသည့် ရေယာဉ်တစ်စီးမှာ နစ်မြုတ်ခဲ့သည်။ အဆိုပါ ရေယာဉ်နစ်မြုတ်မှုအား ရေယာဉ်နစ်မြုတ်ပြီးနောက် ရက်ပေါင်း ၆ ရက်ကြာကာလ ဖြစ်သည့် ဖွန်လ ၁၈ ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများက သိရှိခဲ့ရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကပိုင် ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးထံမှ သိရှိရသည်။
ပုံစာ = စက်တပ်ရေယာဉ်တစ်စီးမှာ ချင်းတွင်းမြစ်ကူးတံတားတိုက်မိပြီးနောက် မြစ်ကြောင်းအတွင်း နစ်မြုတ်နေစဉ်
ဓာတ်ပုံ = ကိုတိုးကြီး
ကိုတိုး ချင်းတွင်း ::--
KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment