Pages

Pages - Menu

Saturday, July 11, 2015

တရုတ်နိုင်ငံတွင်တိုက်ဖုန်း မုန်တိုင်း ချန်ဟွမ်း မ၀င်မီ လူ ၁ သန်းခန့် ဘေးလွတ်ရာ ရွှေ့ပြောင်း


RangonNewsDaily:: July . 11 .2015
တိုက်ဖုန်း မုန်တိုင်း ချန်ဟွမ်းဟာ ဇူလိုင် ၁၁ ရက်နေ့မွန်းလွဲပိုင်း တရုတ်ပြည် အရှေ့ပိုင်းက ဖူဂျီယန်နဲ့ ဇီကျန်း ပြည်နယ်ကြားကို ၀င်ရောက်မယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။
ဇူလိုင် ၁၁ ရက် မနက် ၁၀ နာရီခွဲအချိန် တိုင်းတာချက်အရ မုန်တိုင်းဟာ တနာရီ ၁၅ ကီလိုမီတာနှုန်းနဲ့ အနောက်မြောက်ဘက်ကို ရွှေ့လျားနေပြီး ဇီကျန်း ပြည်နယ်၊ ရှန်ဟိုင်းပြည်နယ်၊ အန်ဟွိုင်းပြည်နယ်၊ ဖူဂျီယန် ပြည်ယ်၊ ထိုင်ဝမ်တို့မှာ မိုးသည်းထန်နေပါတယ်။

ဇီကျန်းပြည်နယ်မှာ လူဦးေ
ရ ၁ သန်းနီးပါးလောက်ကို ဘေးလွှတ်ရာ ပြောင်းရွှေ့ထားရပြီး လှေအစင်း ၃ သောင်းနီးပါးကို ကမ်းကပ်ခိုင်းခဲ့ရတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ ပြည်နယ်အနှံ့မှာ မိုးသည်း လေထန်နေတယ်လို့ ပြည်နယ် မိုးလေ၀သဌာနက ပြောပါတယ်။
::
ချန်ဟွမ်း တိုက်ဖုန်းမုန်တိုင်းနဲ့ တပြိုင်တည်း ဖြစ်ခဲ့တဲ့ လီဖာ တိုက်ဖုန်းမုန်တိုင်းကတော့ ဇူလိုင် ၉ ရက်နေ့ကတည်းက တောင်ပိုင်းက ဂွမ်းဒေါင်း ပြည်နယ် ကုန်းတွင်းပိုင်းကို ၀င်ရောက်ခဲ့ပြီး လူ အသေအပျောက်တော့ မရှိခဲ့ပါဘူး။
Photo ::CCTV News
DVB ::--
KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment