RangonNewsDaily:: June . 12 .2015
တရုတ်သမ္မတ စီကျင်းပင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ ဇွန်(၁၁)ရက်တွင် တွေ့ဆုံခဲ့ကြကြောင်း ဘေဂျင်းအခြေစိုက်ဆင်ဟွာသတင်းအရသိရသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC)၏ အတွင်းရေးမှူးချုပ်လည်းဖြစ်သည့် သမ္မတစီက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲကို ဘေဂျင်း၏ နိုင်ငံရေးအချက်အချာနေရာဖြစ်သော ပြည်သူ့မဟာခန်းမ၌ ပြုလုပ်ခဲ့သည်။တွေ့ဆုံပွဲဆွေးနွေးခဲ့သည်များနှင့်ပတ်သတ်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်မှု မရှိသေးပေ။
စီပီစီ၏တရားဝင်ဖိတ်ကြားမှုဖြင့် ဇွန်(၁၀)မှစတင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်မှာ ငါးရက်ကြာမြင့်မည်ဖြစ်သည်။
မြန်မာနိုင်ငံကို ဘေဂျင်း ထံမှနေ၍ အနောက်နိုင်ငံများ ၊ ဂျပန်နှင့် အခြားအလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများထံ ရပ်တည်ချက်အခြေအနေ ပြောင်းလဲ သွားစေသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကြောင့် တရုတ်၏လွှမ်းမိုးနိုင်စွမ်း ကျဆင်းနေမှုကို အဖက်ဆယ်ရန် ယခုဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲများကို အသုံးချရန် တရုတ်ကမျှော်လင့်ထားသည်ဟု ဘေဂျင်းအခြေစိုက်သတင်းဌာနများက ထောက်ပြနေကြသည်။
ဓာတ်ပုံ- AFP
7Day Daily , KOLATT(PBDN)
7Day Daily , KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment