Pages

Pages - Menu

Friday, June 12, 2015

နီပေါတွင် တောင်ပြိုမှုဖြစ်ပွားပြီး ရွာများမြေထဲနစ်မြုပ်


RangonNewsDaily:: June . 12 .2015
ခတ္တမန္ဒူ၊ နီပေါ — နီပေါနိုင်ငံ၊ တောင်ကုန်းတောင်တန်းများထူထပ်ပေါများရာ နိုင်ငံအရှေ့မြောက်ပိုင်းတွင် လူအများညဘက်အိပ်ပျော်နေစဉ် မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုမှုဖြစ်ပွားပြီး အနည်းဆုံး လူ ၂၁ ဦး သေဆုံးကာ လူပေါင်းများစွာ ပျောက်ဆုံးလျက်ရှိသည်ဟု တာဝန်ရှိသူများက ဇွန် ၁၁၊ ကြာသပတေးနေ့က ပြောကြားသည်။
မြို့တော်ခတ္တမန္ဒူမှ အရှေ့ဘက် ၅၀၀ ကီလိုမီတာ (၃၀၀ မိုင်) ခန့် ဝေးသော တပ္ပလီဂျန်ခရိုင်တွင် ကယ်ဆယ်ရေးသမားများက အပြိုအပျက်ပုံများကြားမှ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေတူးဖော်နေကြသည်ဟု ရဲအရာရှိ ရှန်တီ ရာ့ဂ်ျက ပြောကြားသည်။
အနည်းဆုံး ၂၄ ဦး ပျောက်ဆုံးလျက်ရှိနေသည်၊ သို့သော် အရေအတွက်မှာ ပို၍မြင့်မားနိုင်သည်ဟု ၎င်းက ပြောကြားသည်။
::
ရာသီဥတု ကောင်းမွန်လာခဲ့သဖြင့် ကယ်ဆယ်ရေးဟယ်လီကော်ပတာမှ ဒေသတွင်းရောက်ရှိကာ ဒဏ်ရာရသူ ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်။
ရာသီဥတုကောင်းမွန်လျှင် အနီးဆုံးမြို့မှာ ၅ နာရီ ခြေလျင်ခရီးဝေးသည်၊ သို့သော် ကြာသပတေးနေ့က မိုးများနှင့်နှင်းထုကြောင့် ဖြစ်ပွားရာသို့ရောက်ရန် အချိန်များစွာ ကြာမြင့်ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူဖြစ်သော လင်ဇ်မီ ဒါခယ်လ်က ခတ္တမန္ဒူမှ ပြောကြားသည်။
၎င်းဒေသတစ်ဝိုက်၌ မည်သည့်အစိုးရရုံး သို့မဟုတ် ရဲစခန်းမှ မရှိပါ။
::
ဇွန်လမှ စက်တင်ဘာလကြား မိုးများသော မုတ်သုန်ရာသီဥတုအတွင်း တောင်ကုန်းတောင်တန်းပေါများသော နီပေါတွင် တောင်ပြိုမှုများ ဖြစ်ပွားလေ့ရှိသည်။
ဟိမဝန္တာတောင်တန်းဒေသနိုင်ငံလေးသည် လူပေါင်း ၈၇၀၀ ကျော် သေဆုံးခဲ့သော ဧပြီ နှင့် မေလအတွင်း လှုပ်ခတ်ခဲ့သည့်ငလျင်မှ ပြန်လည်နလံထူနေဆဲရှိသေးသည်။ ငလျင်ကြောင့် နိုင်ငံအကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ပြီး မြေပြိုမှုများကြောင့် လမ်းများစွာလည်း အက်ကွဲပြတ်တောက်သွားခဲ့သည်။
Myo Min Thant ::--
KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment