Pages

Pages - Menu

Sunday, June 14, 2015

‘‘ထိုင်းက အင်ဒိုနီးရှားကို ငါးဂိုးပြတ်သွင်းပြီး ဗိုလ်လုပွဲတက်’’

RangonNewsDaily:: June . 14 .2015
(၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲ ဒုတိယဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းက အင်ဒိုနီးရှားအသင်းကို ခြေစွမ်းပြကာ ၅-၀ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး မြန်မာနှင့် ဇွန်လ ၁၅ ရက်၌ ဗိုလ်လုပွဲတွင် တွေ့ဆုံရတော့မည် ဖြစ်သည်။
ထိုင်းမှာ ယခုပွဲတွင် ခြေအသာ ဂိုးအသာဖြင့် အင်ဒိုကို အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းတွင်ပင် ဖူမီချန်တွတ်က ၁၃ မိနစ်တွင် အဖွင့်ဂိုးတစ်ဂိုး သွင်းခဲ့ပြီးနောက် ၂၉ မိနစ်တွင် ကွင်းလယ်လူ ပွမ်ဂျန်က ဒုတိယဂိုးကို ခေါင်းတိုက်သွင်းပေးခဲ့သည်။

ဒုတိယပိုင်းတွင်လည်း ထိုင်းကပင် ဆက်လက်ဖိကစားပြီး ၅၁ မိနစ်တွင် ကွင်းလယ်လူ ရန်ဂရတ်က တတိယဂိုး၊ ဝီရာဝပ်နိုဒန်က ၅၇ မိနစ်တွင် စတုတ္ထဂိုးနှင့် ဆုန်ကရာဆင်က ပွဲပြီးခါနီး ၈၉ မိနစ်တွင် ပဉ္စမပွဲသိမ်းဂိုး သွင်းယူခဲ့သည်။
မြန်မာနှင့်ထိုင်းမှာ ၁၉၉၃ နှင့် ၂၀၀၇ တို့တွင် တွေ့ခဲ့ဖူးသည်။

မြန်မာ့ဘောလုံး ရွှေခေတ်နောက်ဆုံး ချန်ပီယံဖြစ်ခဲ့သည့် ပွဲမှာဆီးဂိမ်းဟု အမည်မပြောင်းရသေးဘဲ အရှေ့တောင်အာရှကျွန်းဆွယ်ပြိုင်ပွဲဟု ကျင်းပနေစဉ် ၁၉၇၃ တွင် စင်ကာပူဆီးဂိမ်း ဘောလုံးပြိုင်ပွဲမှာပင် ဖြစ်ခဲ့သည်။
ဆီမီးဖိုင်နယ်တွင် ထိုင်းကို ရှုံးခဲ့သည့် အင်ဒိုနှင့် မြန်မာကို ရှုံးခဲ့သည့် ဗီယက်နမ်တို့မှာ တတိယလုပွဲအဖြစ် နေ့လယ် ၁၂ နာရီခွဲတွင် ကစားရမည်ဖြစ်ပြီး ထိုင်းနှင့်မြန်မာတို့ ဗိုလ်လုပွဲမှာ ည ၇ နာရီတွင် ကစားရမည်ဖြစ်သည်။
BangkokPost , 7 Day daily , 
KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment