Pages

Pages - Menu

Sunday, June 14, 2015

ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ ဖဆပလတိုက်ခန်းများကို ဖျက်သိမ်းပြီး အဆင့်မြင့်အိမ်ရာဆောက်မည်

RangonNewsDaily:: June . 14 .2015
ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ ဖဆပလ တိုက်ခန်းများကို ဖျက်သိမ်း၍ အ ဆင့်မြင့်အိမ်ရာ စီမံကိန်းတစ်ခုအ ဖြစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၂ ရက်တွင်ပြုလုပ် သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ စောလှထွန်း၏ မေးမြန်းမှုကိုတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီး ဦးကျော်စိုးကဖြေကြားခဲ့ခြင်းဖြစ် သည်။
‘‘ဆောက်လုပ်ရေးဝန်ကြီး ဌာနက ဂျပန်နိုင်ငံ နိုမိုရာကုမ္ပဏီ နဲ့တွဲဖက်ပြီး Master Plan ရေးဆွဲ လျက်ရှိပါတယ်။ ဒါကို ရေးဆွဲပြီး စီးမှုနဲ့အတူ ဂျပန်နိုင်ငံမှ ရင်းနှီး မြှုပ်နှံမှုကို ပြည်ထောင်စုအစိုးရက ခွင့်ပြုမှသာ အိမ်ရာနေသူတွေကို စီမံကိန်းအကြောင်းချပြရှင်းလင်း သွားမှာဖြစ်ပါတယ်’’ဟု ဦးကျော် စိုးကပြောသည်။

ဖဆပလရပ်ကွက်ရှိ အဆိုပါ ကန်တော်လေးအိမ်ရာစီမံကိန်း မှာ ၁၃ ဒသမ ၉ ဧကကျယ်ဝန်းပြီး လေးထပ်တိုက် ၃၂ လုံးတွင် အိမ် ခန်း ၈၄၈ ခန်းရှိသည့် ပြည်သူအ ငှားချအိမ်ရာစီမံကိန်းဖြစ်ကာ ၁၉၅၄ တွင် စတင်ဆောက်လုပ်ခဲ့ သည်။
‘‘ဒီနေရာဟာ ရန်ကုန်မြို့ လယ် အချက်အချာကျတဲ့ နေရာ မှာရှိတဲ့အတွက် ခေတ်မီအဆောက် အအုံအဖြစ် ဆောက်လုပ်ရင် လူ တွေပိုနေနိုင်မယ်။ စီးတီးပလန်နဲ့ လည်း ညီညွတ်တယ်။ အခုလက် ရှိအနေအထားကတော့ သက် တမ်းကြာလာတာနဲ့အမျှ အ ဆောက်အအုံခိုင်ခံ့မှုလည်း အား နည်းပြီး ဟောင်းမြည့်လာပြီဖြစ်ပါ တယ်’’ဟု ၀န်ကြီးကဆိုသည်။
ယင်းအိမ်ရာစီမံကိန်းကို အ ကောင်အထည်ဖော်ဆောင်ရွက် ပါက လက်ရှိအခန်း ၈၄၈ တွင်နေ ထိုင်သူများကို အခန်းများပြန် လည်ပေးအပ်မည်ဖြစ်ကာ တိုက် ခန်းများကိုလည်း အငှားချထား သည့်စနစ်ကိုသာ အသုံးပြုမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘သူတို့ပြောနေတာတွေက တော့ အပေါ်ယံကြည့်ရင် အားရ စရာကြီးပဲ။ အသံထွက်နေတာ လည်း (၂)နှစ်လောက်ရှိနေပြီလေ။ အစိုးရသက်တမ်းကလည်း မကြာ တော့ဘူး။ MoU ဆိုတာကလည်း အချိန်မရွေးဖျက်လို့ရတယ်။ တော်ကြာ ပြောင်းကြပြောင်းကြ ဆို ပြောင်းပြီးဖျက်ပြီးမှ ပြန်မရမှာ တော့စိုးရိမ်တယ်’’ဟုဖဆပလရပ် ကွက် တိုက်(၁၂) တွင်နေထိုင် သည့် ဦးစန်းအောင်ကပြောသည်။
‘‘ဒီကိစ္စကိုလုပ်တဲ့အခါမှာ ပွင့်လင်းမြင်သာစွာလုပ်ဖို့တော့ အရေးကြီးတယ်။ အခုက ပြန်ရ မယ့်အခန်းက အကျယ်ဘယ် လောက်မှန်းမသိဘူး။အိပ်ခန်းနှစ် ခန်းပါတယ်ဆိုတာပဲသိတယ်။ ပြောင်းရွှေ့စရိတ်ပေးမယ်ပြော တယ်။ ဘယ်လောက်ပေးမလဲမ သိဘူး။ ဒါတွေကိုပွင့်လင်းမြင်သာ စွာချပြဖို့လိုတယ်။ ပွင့်လင်းမြင် သာမှုရှိရင် အားလုံးကလက်ခံကြ မှာပါ’’ဟု အဆိုပါရပ်ကွက်အ တွင်းနေထိုင်သူ ဦးကျော်သူက ပြောသည်။

ဇွန်လ ၁၂ ရက် ညနေ ၆ နာရီတွင် ဖဆပလရပ်ကွက် ဓမ္မာရုံ၌လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစောလှထွန်းက စီမံကိန်းနှင့်ပတ်သက်၍ ရပ်ကွက်နေပြည်သူများ အား သွားရောက်ရှင်းပြသည်။
‘‘ကျွန်မအနေနဲ့ကတော့ ဒီ ထက်ကောင်းတဲ့အခန်းရမယ်ဆို ရင်တော့ လိုချင်တာပေါ့။ လွှတ် တော်ကိုယ်စားလှယ်ကြီးပြောသ လို အဆင့်မြင့်မြင့်တော့နေချင် တာပေါ့။ ဒါပေမဲ့ သူတို့ပြောတဲ့ အထဲမှာ ပြောင်းရွှေ့စရိတ်ပဲပါ မယ်ဆိုတော့ ဆောက်နေတဲ့ကာ လအတွင်းမှာ ကျွန်မတို့နေဖို့နေ ထိုင်စရိတ်ကရော ဘယ်လိုလုပ် ပေးမှာလဲပေါ့။ အဲဒါတွေ တိတိကျကျသိချင်တယ်’’ဟု တိုက်အမှတ်၆၁ တွင် နေထိုင်သူတစ်ဦးကပြော ကြားသည်။
7Day , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment