Pages

Pages - Menu

Saturday, May 9, 2015

ကျောင်းအသုံးစရိတ်များကို ကျောင်းအုပ်ကိုယ်တိုင် တောင်းခံရန် စတင်ခွင့်ပြု

RangonNewsDaily:: May . 9 .2015
ပညာရေးဝန်ကြီးဌာန လက်အောက် အခြေခံပညာကျောင်းများ၏ ကျောင်းဖွံ့ဖြိုးရေး အသုံးစရိတ်ကို ယခင်က ခွဲတမ်းစနစ်ဖြင့် ခွဲဝေပေးထားခဲ့ရာမှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစပြီး တစ်နှစ်စာ ကျောင်းအသုံးစရိတ် စာရင်းကို ကျောင်းအုပ်ကိုယ်တိုင် တင်ပြတောင်းခံသော စနစ်သို့ စမ်းသပ် ပြောင်းလဲလိုက်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
ယင်းစနစ်ပုံစံကို ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ကနဦး စမ်းသပ်လုပ်ဆောင်ခြင်း ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် အကောင်အထည်ဖော်ရန် လျာထားကြောင်း အဆိုပါဦးစီးဌာန တာဝန် ရှိသူတစ်ဦးက ထပ်လောင်း ရှင်းပြသည်။
ကျောင်းထောက်ပံ့ကြေး အစီအစဉ် အတွက် ပြည်ထောင်စုအသုံးစရိတ် မှ ၆၉ ရာခိုင်နှုန်း ချထားပေးပြီး ကမ္ဘာ့ဘဏ်နှင့် သြစတြေးလျအစိုးရ ထံမှ ၃၁ ရာခိုင်နှုန်း သုံးစွဲမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။


“ဝန်ကြီးဌာနက ပေးတဲ့ အစီအစဉ်ထက် ပိုကောင်းတဲ့ထောက်ပံ့မှုကို ပေးဖို့ရှိတယ်” ဟု အခြေခံပညာ ဦးစီးဌာန အရာထမ်းတစ်ဦးက ဆိုသည်။

ယခင်က ကျောင်းဖွံ့ဖြိုးရေးအစီ အစဉ်အရ ပညာသင်နှစ်တစ်ခုလျှင် ကျောင်းသား တစ်ရာအောက် စာသင်ကျောင်းကို ကျပ်လေးသိန်း၊ ကျောင်းသား တစ်ရာနှင့်အထက် ကျောင်းများကို ကျပ်ငါးသိန်းနှင့် ကျောင်းသားလေးရာ နှင့်အထက် စာသင်ကျောင်းများကို ကျပ်ရှစ်သိန်း ပံ့ပိုးပေးကြောင်း ပညာရေး အသိုင်းအဝိုင်းမှ သိရှိရသည်။

“ပြောင်းမယ်လို့ ကြားထားတာတော့ ရှိတယ်။ Order (အမိန့်) တော့ မထွက်သေးဘူး” ဟု ရေစကြိုမြို့နယ်မှ မူလတန်းလွန် ကျောင်းအုပ်တစ်ဦးက ပြောကြားသည်။

အခြေခံပညာကျောင်းများ၏ ကျောင်းပတ်ဝန်းကျင် ဖွံ့ဖြိုးရေးအတွက် သာမန် အသုံးစရိတ်နှင့် အသေးသုံးစရိတ် တို့ကို ပညာရေးဝန်ကြီးဌာနက နှစ်စဉ် ထောက်ပံ့ပေးခဲ့ပြီး ယခုနှစ်တွင် အသေးသုံးစရိတ်ကို ဆက်လက်ပံ့ပိုး မည်မဟုတ်ကြောင်း အမည်မဖော်လိုသူ ကျောင်း အုပ်ဆရာတစ်ဦးက ပြောဆိုသည်။ 

နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်းတိုင်း အတွက် ပညာရေးဝန်ကြီးဌာနက အသေးသုံးစရိတ် အဖြစ် ကျပ်နှစ်သိန်းစီကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အထိ နှစ်စဉ် ထောက်ပံ့ပေးခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

The Voice , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment