Pages

Pages - Menu

Monday, April 27, 2015

တေးသံရှင်လင်းနစ် နေအိမ် ကျပ် ၄၈ သိန်းဖိုး ဖောက်ထွင်းခံရ

RangonNewsDaily:: April . 27 .2015
“ဒီဇင်ဘာည”၊ “နေညိုရင်” စသော နာမည်ရတေးသီချင်းများဖြင့် ပရိသတ် လက်ခံအားပေးမှု ရရှိထားသည့် တေးသံရှင် လင်းနစ်နေထိုင်ရာ ရန်ကုန်မြို့တော် သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက် ရိပ်သာလမ်းရှိ နေအိမ်တိုက်ခန်းတွင် ဧပြီလ ၂၄ ရက်နေ့ ညနက်ပိုင်းက ကျပ် ၄၈ သိန်းဖိုးခန့် ဖောက်ထွင်းခံခဲ့ရကြောင်း တေးသံရှင်လင်းနစ်က ပြောကြားသည်။
၎င်းနေထိုင်ရာ ပထမထပ် တိုက်ခန်းရှိ ဗီဒိုထဲတွင် သိမ်းဆည်းထားသည့် ကျပ် ၄၈ သိန်းခန့် ဖောက်ထွင်းခိုးယူခံရမှုကို ဧပြီလ ၂၅ ရက် နံနက် ၈ နာရီခန့်က အိပ်ရာမှနိုးစဉ်တွင် စတင် သိရှိခဲ့ကြောင်း၊ ကျပ် ၄၈ သိန်းခန့် ပျောက်ဆုံးမှုကို သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက လာရောက် စစ်ဆေးခဲ့ကြောင်း ၎င်းက ပြောကြားသည်။
::
“ပစ္စည်းတွေတော့ မပါဘူး။ ငွေကတော့ အကုန်ကို ခိုးသွားတာဗျာ။ စားပွဲပေါ် တင်ထားတဲ့ အကြွေနှစ်ရာတောင် ချန်မထားခဲ့ဘူး။ အခုတောင် သူငယ်ချင်း အကြွေးလာဆပ်လို့ သုံးစရာရှိနေတာ” ဟု တေးသံရှင်လင်းနစ်က ရှင်းပြသည်။
::
အလားတူ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓာတ်ပုံဆရာ ဦးကျော်စွာလှကြည်၏ နေအိမ်တွင် ဧပြီလ ၂၄ ရက်နေ့ ညပိုင်းက ကွန်ပျူတာ လက်တော့တစ်လုံး၊ ဖုန်း သုံးလုံး၊ လက်ဝတ်ရတနာအချို့ ဖောက်ထွင်း ခံခဲ့ရသည်။
::
သင်္ဃန်းကျွန်းမြို့နယ်တွင် တစ်ရက်အတွင်း နေအိမ်ထဲမှ ပစ္စည်းများ ဖောက်ထွင်းခံရမှုနှစ်ခု ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၄ နာရီ ခန့်အထိ အမှု ဖွင့်လှစ်ထားခြင်း မရှိကြောင်း သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။


The Voice ::--
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment