Pages

Pages - Menu

Monday, April 27, 2015

သာစည်တွင် ကျောက်မီးသွေးတွင်းပြိုကျ၊ တစ်ဦးသေ

RangonNewsDaily:: April . 27 .2015
မိတ္ထီလာခရိုင် သာစည်မြို့နယ် ယင်းမာပင်ရဲစခန်းအပိုင် ကြက်စခန်းကျေးရွာ အရှေ့ဘက် သုံးမိုင်အကွာရှိ ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုတွင် ဧပြီလ ၂၅ ရက်နေ့က ကျောက်မီးသွေးတွင်း ပြိုကျသောကြောင့် လုပ်သားတစ်ဦး သေဆုံးသွားကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။
ဧပြီလ ၂၅ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က ကြက်စခန်းကျေးရွာ အရှေ့ဘက် သုံးမိုင်အကွာ ဘော်စိုင်းကုန်းတောထဲရှိ ‘သုခပံသု’ ကျောက်မီးသွေးနှင့် သတ္တုတူးဖော်ရေး ကုမ္ပဏီ၏ လုပ်ကွက်အမှတ်(၄) ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း၊ သာစည်မြို့နယ် အလယ်ရွာကျေးရွာမှ ကျောက်မီးသွေးတွင်းတူး လုပ်သားများဖြစ်သည့် ဦးရန်နိုင်ဦး (၂၃ နှစ်)၊ အစ်ကိုဖြစ်သူ ဦးသန်းစိုးဦး (၃၂ နှစ်)၊ ယောက်ဖဖြစ်သူ ဦးကြည်တိုး (၄၀ နှစ်) နှင့် အဖော်ဖြစ်သူ ဦးတိုးဝင်း (၄၀ နှစ်)တို့ ကျောက်မီးသွေး တူးဖော်နေစဉ် ကျင်းပြိုကျ၍ ဦးရန်နိုင်ဦးသည် ယင်းနေရာတွင်ပင် သေဆုံးခဲ့ကြောင်း၊ ၎င်း၏အလောင်းကို ယင်းမာပင်ဆေးရုံသို့ ပို့ဆောင်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ် စစ်ဆေးလျက်ရှိကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းမှတ်တမ်းများအရ သိရသည်။
::
ဇန်နဝါရီလ ၇ ရက်နေ့ ညနေပိုင်းကလည်း အဆိုပါ ကျောက်မီးသွေးတွင်း လုပ်ကွက်များတွင် ကျင်းပြိုကျသောကြောင့် ညောင်ပင်သာကျေးရွာမှ ဒေသခံနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ဖူးသည်။


The Voice ::--
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment