Pages

Pages - Menu

Friday, April 24, 2015

ချစ်သူနှင့် လမ်းခွဲရ၍ တံတားပေါ်မှခုန်ချသူ အသက်မသေဘဲ အမှုဖွင့်ခံရ

RangonNewsDaily:: April . 24 .2015
ချစ်သူနှင့် လမ်းခွဲခံရ၍ပြည်မြို့၊ န၀ဒေးတံတားကြီးပေါ် မှ ခုန်ချကာ သေကြောင်းကြံစည်ခဲ့ သော အမျိုးသားတစ်ဦး အသက် မသေသဖြင့် ပန်းတောင်းမြို့နယ် ရဲစခန်းက ၎င်းကို သေကြောင်းကြံ စည်မှုဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့နေ အသက်(၂၆) နှစ်ရှိ အမျိုးသားသည် ဧပြီ ၂၂ ရက် ညနေက န၀ဒေး တံတား ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန် ချကာ သေကြောင်းကြံစည်ခဲ့ သော်လည်း မြစ်အတွင်း ငါးဖမ်း နေသူအချို့က ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။
၎င်းတွင် မျက်လုံးများ ဖူး ရောင် သွေးထွက်ဒဏ်ရာ၊ ၀ဲ လက်ပြင်ညိုမည်းဒဏ်ရာများဖြင့် ပြည်ဆေးရုံကြီးတွင် အတွင်းလူ နာအဖြစ် တက်ရောက်ကုသနေ ကြောင်း သတင်းရရှိသည်။
::
‘‘သေကြောင်းကြံသူက ရန် ကုန်ကနေ မိန်းမ ခိုးလာတာ။ ပြည်မြို့က တည်းခိုခန်းတစ်ခုမှာ တစ်ညတည်းခိုပြီးပြီ။ နောက်ရက် မှာ မိန်းကလေးရဲ့ မိဘတွေက လာရောက်ပြီး မိန်းကလေးကိုပြန် ခေါ်သွားလို့ စိတ်ညစ်ပြီးအရက် သောက်တယ်။ တံတားအလယ် ရောက်တော့ ဖိနပ်ချွတ်၊ မုန့်ထုပ် ကလေးတွေကို စီစီရီရီထားပြီးမှ ခုန်ချခဲ့တာ’’ ဟု န၀ဒေးတံတား ရဲ ကင်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။
::
မိမိကိုယ်ကိုယ် သေစေရန်ကြံ ရွယ်၍ န၀ဒေးတံတားပေါ်မှ ခုန်ချ ခဲ့သူအား ပန်းတောင်းမြို့နယ် ရဲ စခန်းမှ (ပ)၆၆/၂၀၁၅ပြစ်မှုပုဒ်မ ၃၀၉ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

7Day ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment