Pages

Pages - Menu

Sunday, March 22, 2015

Fifty Shades Of Grey ဇာတ်ကားအပေါ် ဝေဖန်မှုတွေကို တုံ့ပြန်လိုက်တဲ့ မင်းသမီး ဒါကိုတာ


RangonNewsDaily:: March . 22 .2015
Fifty Shades Of Grey ဇာတ်ကားမှာ မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဒါကိုတာဂျွန်ဆင်က ဒီဇာတ်ကားအပေါ် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ပြီး ချစ်ခြင်းမေတ္တာ ပါသယောင်
အောင်ပွဲခံရိုက်ကူးထားတယ်လို့ စွပ်စွဲမှုတွေဟာ ပညာမဲ့ဝေဖန်မှုတွေသာ ဖြစ်တယ်လို့ တုံ့ပြန် ပြောကြားခဲ့ ပါတယ်။

ပြီးခဲ့တဲ့လက စတင်ဖြန့်ချိခဲ့တဲ့ ဒီဇာတ်ကားကို အမေရိကန်နဲ့ ယူကေတို့မှာ အမျိုးသမီးအပေါ် နှိမ့်ချစော်ကားတဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ
ပြုလုပ်နေကြပါတယ်။ို ဆန့်ကျင်ကန့်ကွက်သူတွေက ဒီဇာတ်ကားကို ကြည့်ဖို့ ရုပ်ရှင်လက်မှတ်တွေ ၀ယ်ယူမယ့်အစား လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အမျိုးသမီးတွေအတွက် တည်ထောင်ထားတဲ့ ဂေဟာတွေကို
ငွေကြေးလှူ ဒါန်းဖို့ တိုက်တွန်းနေကြပါတယ်။

ဒီဇာတ်ကားမှာ ခရစ္စတီယန်အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား ဂျင်မီဒိုရန်က အန်နာအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး ဒါကိုတာကို ခပ်ကြမ်းကြမ်းပုံစံနဲ့ ချစ်ရည်လူးတဲ့ အခန်းတွေ ပါဝင်ပါတယ်။ ဖေဖော်ဝါရီလ
၁၄ ရက် (ချစ်သူများနေ့)မှာ ဖြန့်ချိခဲ့တဲ့ ဒီကားရဲ့ မိတ်ဆက်အခမ်းအနားကို လန်ဒန်မြို့က လက်စတာရင်ပြင်မှာ ကျင်းပခဲ့ပြီး ပွဲရဲ့ပြင်ပမှာ ယောင်္ကျားနဲ့မိန်းမအချို့က ခရစ္စတီယန်ဂရေးဟာ မုဒိမ်းကောင်
ဖြစ်တယ်ဆိုတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ကန့်ကွက်ကြောင်း ပြသခဲ့ကြပါတယ်။

“ ကျွန်မအမြင်အရ အန်နာဟာ သူမရဲ့လိင်ပိုင်းဆိုင်ရာ အခြေအနေကို ကိုယ်ပိုင်အခြေအနေမှာ ရှာဖွေတာပဲ ဖြစ်ပါတယ်။ BDSM လို့ ခေါ်တဲ့ ခပ်ကြမ်းကြမ်း လိင်သဘာဝ အလေ့အကျင့်တွေကို ကျွန်မ ကောင်းကောင်း
နားလည်ထားတယ် ထင်ပါတယ်။ ဒီလို အလေ့အကျင့်တွေမှာတောင် ပါဝင်သူတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်က အရေးကြီးပါတယ်။ ခရစ္စတီယန်က အန်နာကို စော်ကားကျူးလွန်တာ မဟုတ်သလို အန်နာကလည်း
သားကောင် မဟုတ်ပါဘူး။ အန်နာဟာ စိတ်ဓါတ်ပိုင်းခိုင်မာပြီး သူမရဲ့ လိင်သဘာဝကို သူ သဘောကျတဲ့သူနဲ့ အတူ ရှာဖွေခြင်းပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ ရုပ်ရှင်ပဲ ဆိုတာ ရှင်တို့ သိမယ် ထင်ပါတယ်” လို့
ဒါကိုတာက တုံ့ပြန်ခဲ့ပါတယ်။

ခပ်ကြမ်းကြမ်း ပြကွက်တွေ ပါဝင်နေတဲ့ ဒီဇာတ်ကားဟာ အမျိုးသမီးဝါဒီတွေ အတွက်လည်း စက်ဆုပ်ရွံ့ရှာစရာ ကိစ္စတစ်ခုလို ဖြစ်နေပါတယ်။

Ref - Dailymail , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment