Pages

Pages - Menu

Sunday, March 22, 2015

‘သင်္ကြန် ရင်ခုန်သံ’မှာ စုံတွဲပါဝင်ထားတဲ့ အနဂ္ဂနဲ့သံသာဝင်း


RangonNewsDaily:: March . 22 .2015
ဧပြီ ၁ ရက်တွင် စတင် ဖြန့်ချိမည့် ‘သင်္ကြန်ရင်ခုန်သံ’ တေးစီးရီး၌ ဇနီးဖြစ်သူ သံသာဝင်းနှင့်တွဲ၍ သီချင်းတစ်ပုဒ်ပါဝင် သီဆိုထားကြောင်း အနဂ္ဂကပြော သည်။

‘‘သင်္ကြန်လျှောက်လည်တဲ့ အကြောင်း၊ သင်္ကြန်ကပျော်စရာ ဘယ်လိုကောင်းလဲဆိုတာတွေ အကုန်လုံးတစ်ပုဒ်တည်းမှာ ခြုံငုံ မိအောင်တော့ရေးထားတယ်။ သီချင်းလေးက ဟစ်ဟော့ပ်သီချင်းပုံစံလေးပါပဲ’’ဟု ၎င်းကပြောသည်။

ယင်းသီချင်း၏ မယ်လိုဒီကို သံသာဝင်းက ကိုယ်တိုင်ရေးစပ် ထားခြင်းဖြစ်ပြီး ရက်ပ်ပိုင်းကို ၎င်း ကရေးသား၍ သီဆိုထားခြင်းဖြစ် သည်ဟု အနဂ္ဂကပြောသည်။

‘‘သီချင်းနာမည်က သင်္ကြန် ရောက်ပြီ။ ဒီသီချင်းက ကျွန်တော် ရော သံသာဝင်းရောနှစ်ယောက် စလုံးလည်းသဘောကျတယ်။ နောက်ပြီး ဒီသီချင်းက နှစ်ယောက်စလုံးကိုယ်ပိုင်သံစဉ်ကိုပဲပေါင်း ထားတာ။ မှီငြမ်းထားတာမပါဘူး’’ ဟု ၎င်းတို့သီဆိုဖြစ်သည့်သီချင်း အကြောင်းကို ပြောသည်။

သင်္ကြန်နှင့်ပတ်သက်၍ သံသာဝင်းနှင့်အတူ သီချင်းသုံး ပုဒ်ဖန်တီးထားဖြစ်သော်လည်း သင်္ကြန်ရောက်ပြီ သီချင်းတစ်ပုဒ် သာထွက်ရှိဦးမည်ဖြစ်ပြီး အခြား နှစ်ပုဒ်ကိုမူ သိမ်းထားကြောင်း ၎င်းကပြောသည်။

7 Day , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment