Pages

Pages - Menu

Friday, March 6, 2015

ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များကို ဆွဲဆောင်မှုရှိသည့် သဘာဝအခြေခံ ဖုန်ဂန်ရာဇီတောင်ပေါ် ခရီးစဉ်


RangonNewsDaily:: March . 6 .2015
ရေခဲများ ဖုံးလွှမ်းနေသော တောင်တန်းဒေသ ဖြစ်သည့် မြန်မာနိုင်ငံ မြောက်ဖျား ပူတာအို ဒေသရှိ ဖုန်ဂန်ရာဇီ တောင်ပေါ် ခရီးစဉ်သည် ကမ္ဘာလှည့် ခရီးသွား ဧည့်သည် များကို ဆွဲဆောင်မှု ရှိသည့် ခရီးစဉ် တစ်ခု ဖြစ်လာနိုင်ပြီး အဆိုပါ တောင်တန်း ဒေသများ ကို ခြေလျင် တောင်တက် ခရီးသွား ဧည့်သည် များက စိတ်ဝင်စားလျက် ရှိကြောင်း ဟိုတယ် နှင့် ခရီးသွား လာရေး လုပ်ငန်းဝန်ကြီး ဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းသည် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များကို ယဉ်ကျေးမှု ခရီးစဉ်များ၊ အပန်းဖြေ ခရီးစဉ်များ၊ ဘုရားဖူး ခရီးစဉ်များ၊ မြစ်တွင်းသွား အပျော်စီး သင်္ဘော ခရီးစဉ်များ၊ မီးပုံးပျံခရီးစဉ် များဖြင့် အဓိက ဆွဲဆောင်လျက် ရှိပြီး လက်ရှိတွင် သဘာဝကို အခြေခံသည့် ခရီးစဉ်များဖြင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များကို ပိုမိုဆွဲဆောင် နိုင်ရန် စီစဉ် ဆောင်ရွက် နေခြင်း ဖြစ်သည်။
.
ကချင်ပြည်နယ်၏ မြောက်ဘက် အကျဆုံး မြို့တစ်မြို့ ဖြစ်သော ပူတာအိုမြို့မှ မိုင် ၁၈ဝ အကွာတွင် ခါကာ ဘိုရာဇီတောင်၊ ဖုန်ဂန်ရာဇီ တောင်များ ရှိသည်။ ဖုန်ဂန်ရာဇီ ဘေးမဲ့တောကို သဘာဝ အခြေခံ ခရီးသွား လုပ်ငန်းစခန်း အဖြစ် သတ်မှတ်ထားပြီး ပူတာအိုမှ လေယာဉ်ဖြင့် သွားရောက်နိုင်ကာ နွေရာသီတွင် မော်တော်ယာဉ်ဖြင့် သွားရောက် နိုင်ကြောင်း သိရသည်။
.
ဖုန်ဂန်ရာဇီ တောင်သည် ရေခဲများ အစဉ်ဖုံးလွှမ်း နေသော တောင်ဖြစ်ကာ အပူချိန် သုညဒီဂရီ ဆဲလ်စီးရပ်စ် အောက်တွင် အမြဲရှိနေသည်။ ယင်း ဒေသတွင် ပြည်ပခရီးသွား များကို ညှို့ငင်ဖမ်းစား နိုင်စွမ်းရှိသော
ရေခဲတောင်များ တည်ရှိခြင်း၊ တိုင်းရင်းသား လူမျိုးတို့၏ ရိုးရာဓလေ့ ထုံးစံများနှင့် လူနေမှု ဘဝပုံစံ တို့ကို လေ့လာနိုင်ခြင်း၊ မပျက်မယွင်း တည်ရှိနေသော သဘာဝအလှ များကို ခံစားနိုင်ခြင်း၊ သစ်ပင်များနှင့် တိရ စ္ဆာန် မျိုးစိတ်များကို လေ့လာနိုင်ခြင်း တို့ကြောင့် သဘာဝ အခြေခံ ခရီးသွားဒေသ အဖြစ် အလားအလာ ကောင်းလာနိုင်သည့် ဒေသဖြစ်၍ ခရီးသွား ဧည့်သည်များ စိတ်ဝင်စား လာကြကြောင်း သိရသည်။
.
ထိုသို့ သဘာဝအခြေခံ ခရီးသွားဒေသ အဖြစ် အလားအလာ ကောင်းလာ နိုင်သည့် ပူတာအိုဒေသ ဖုန်ဂန်ရာဇီ တောင်ပေါ်သို့ ပြီးခဲ့သည့်လများက Myanmar City Star Travels and Tours ခရီးသွား ကုမ္ပဏီ၏ စီစဉ်မှုဖြင့် National Geographic အဖွဲ့မှ သွားရောက်ခဲ့ပြီး ခရီးစဉ် ဗီဒီယိုမှတ်တမ်း ကို National Geographic မှ ပြန်လည် ထုတ်လွှင့်သွား မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သိရသည်။
.
လက်ရှိတွင် ပူတာအို ဒေသ၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ နှစ်လုံး၊ အခန်းပေါင်း ၂၄ ခန်းသာ ရှိသော်လည်း ကမ္ဘာလှည့် ခရီးသွားဧည့်သည် အများဆုံး လာရောက်သည့် အာဆီယံ ဒေသတွင်း နိုင်ငံများအနက် ရေခဲများ ဖုံးလွှမ်းလျက် ရှိသည့် တောင်တန်း များသည် မြန်မာနိုင်ငံ မြောက်ဖျားပိုင်း တွင်သာ တည်ရှိသည့် အတွက် သဘာဝ အခြေခံ စွန့်စားမှု ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန် အလားအလာ ကောင်းနေကြောင်း သိရသည်။ 
.
Themyawady , 
KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment