Pages

Pages - Menu

Friday, March 6, 2015

အမေရိကန် လုံခြုံရေး ဓာတ်ခွဲခန်းမှ လူသေစေနိုင်သည့် ဘက်တီးရီးယားများ အပြင်သို့ပျံ့နှံ့


RangonNewsDaily:: March . 6 .2015
အမေရိကန်နိုင်ငံ လူစီယား နားပြည်နယ်တွင် သုတေသန လုပ်ငန်းများ လုပ်ဆောင်သည့် အဆင့်မြင့် လုံခြုံရေး ဓာတ်ခွဲခန်း တစ်ခုမှ အန္တရာယ် ကြီးပြီး လူကို ပင်သေစေနိုင်လောက်သော ဘက်တီးရီး ယားပိုးများ အပြင် သို့ပျံ့နှံ့ရောက် ရှိသွားခြင်းကြောင့် တာဝန်ရှိ သူများက မည်သည့် အတွက်ကြောင့် ယင်းသို့ လွတ်မြောက် သွားရခြင်းဖြစ်ကြောင်းကို စုံစမ်းလျက် ရှိနေကြောင်း ယူအက်စ်အေ တူဒေးသတင်း တွင်ဖော်ပြ ထားသည်။
Tulane National Primate Research Center ဓာတ်ခွဲ ခန်းတွင် လုံခြုံရေး ကျိုးပေါက် သဖြင့်ယင်းသို့ ဘက်တီးရီးယား များပျံ့နှံ့ သွား၍ အန္တရာယ် ရှိနေသည့် အခြေအနေ ရှိနေသော်လည်း လူများကို အန္တရာယ်ဖြစ်စေ မည်တော့ မဟုတ်ကြောင်း တာဝန်ရှိ သူများက အဆိုပါ သတင်းစာ သို့ပြောသည်။

အပြင် သို့ရောက် ရှိသွားသည့် ဘက်တီးရီး ယားပိုးမှာ Burkholderai pseudomallei ဘက်တီးရီးယားဖြစ်သည်။ ယင်းပိုးကို အရှေ့တောင် အာရှနှင့် သြစတြေး လျမြောက်ပိုင်း တို့တွင် ဦးစွာတွေ့ ရခြင်းဖြစ်သည်။ မသန့်ရှင်း သည့်မြေနှင့်ရေ တို့မှ တစ်ဆင့် လူနှင့် တိရစ္ဆာန် များသို့ ကူးစက်နိုင် သည့် ပိုးဖြစ်ပြီး ဇီဝ စနစ်ကို ခြိမ်းခြောက်နိုင်သော ပိုးများဖြစ်သည်။

အဆိုပါ ပိုးများ ဓာတ်ခွဲခန်းမှ အပြင်သို့ရောက်ရှိသွားခြင်းသည် နိုဝင်ဘာလ သို့မဟုတ် ထိုထက်ပိုစောသည့် အချိန် ကဖြစ်နိုင်သည်။ ဓာတ်ခွဲခန်းတွင် ယင်းပိုးကို ကုသ သည့်ဆေးဖော်ဆောင်နေခြင်းဖြစ် ပြီးယခုကဲ့သို့ အပြင် သို့ရောက်ရှိ သွားခြင်းဖြစ်သည်။

သုတေသနစခန်းရှိ အပြင်စည်း တွင်မွေးမြူ ထားသောမျောက်လေးကောင် တွင် ပိုးကူးစက်၍ နာမကျန်းဖြစ် ပြီးနှစ်ကောင်သေ ဆုံးခဲ့သော်လည်း စခန်းအပြင် စည်း ကိုကျော်လွန်၍ ပိုးကူးစက်ပျံ့နှံ့သည့် လက္ခဏာ မတွေ့ ရကြောင်း တာဝန်ရှိ သူများ ကပြောသည်။

ထိုပြင်စခန်းသို့လာရောက် လည်ပတ်ခဲ့ သည့်ပြည်နယ် စစ်ဆေးရေး မှူးတစ်ဦးက ပိုးကူးစက်သည့် လက္ခဏာဖြင့် နာမကျန်းဖြစ်ကြောင်း၊ သို့သော်၎င်းက စခန်း သို့ရောက်ရှိပြီး မှရောဂါဖြစ်ခြင်း သို့မဟုတ် ၎င်း၏ နိုင်ငံရပ်ခြား ခရီးစဉ်များမှ ကူးစက်ခဲ့၍ရောဂါဖြစ် ပွားခြင်းဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သတင်း တွင်ဖော်ပြသည်။

Ref: AFP , 
Mizzima , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment