![]() |
Saturday :- 7 : February :- 2015
သူ့နာမည်က Liao Chien-Tsung။ ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားကြီးပြင်းလာတယ်။ Taiwan Airforce မှာ ပါဝင်နိုင်ဖို့ အသေအလဲကြိုးစားခဲ့ရတယ်။ သူကတော့ မနေ့က ပျက်ကျသွားတဲ့ TransAsia လေကြောင်းရဲ့ လေယာဉ်မှူးပါ။
အသက် ၄၂ နှစ်ရှိပီဖြစ်တဲ့ သူနဲ့ တွဲဖက်လေယာဉ်မှူးဟာ လေယာဉ်ပျံစက်ချို့ယွင်းတာနဲ့ Mayday ဆိုပီး လေကြောင်းထိန်းချုပ်ရေးဌာနကို သတင်းပို့ခဲ့တယ်။ လေယာဉ်ကို လေဆိပ်ဆီ ဦးတည်မောင်းပေမယ့် မရတော့တဲ့ အခြေအနေမှာ သူဖြစ်နိုင်ချေအရှိဆုံးလမ်းကို သတိရှိစွာ ရွေးချယ်လိုက်တယ်။ အောက်မြေပြင်မှာ ရှိနေတဲ့ ထောင်ပေါင်းများစွာသော လူ့အသက်တွေကို ကာကွယ်ဖို့ မိုးမျှော်တိုက်တွေ အတားအဆီးတွေကြားက ရသလောက် ကွေ့ဝိုက်ပျံသန်းပီး ကီလန်မြစ်ဆီ ဦးတည်လိုက်တယ်။
နောက်ဆုံး မြစ်ထဲကျခါနီးတောင် တံတားပေါ်က ကားတွေထိမှာစိုးလို့ လေယာဉ်စတီယာကို လှည့်ပီး တံတားကို အဖျားခပ်ရုံပဲခတ်ပီး မြစ်ထဲထိုးချလိုက်တယ်။ အဲစတီယာတိုင်လှည့်လိုက်ခြင်းဟာ သူ့ဘဝရဲ့ နောက်ဆုံး လုပ်ဆောင်ချက်ပါ။ လေယာဉ်ပေါ်ပါ ခရီးသည်နဲ့အမှုထမ်း ၅၈ ယောက် မြေပေါ်က မရည်တွက်နိုင်တဲ့ အသက်တွေအတွက် သူ့နောက်ဆုံးလုပ်ဆောင်ချက်ပါ။ ခုတော့ သူနဲ့တွဲဖက်လေယာဉ်မှူးရဲ့ ရုပ်အလောင်းကို မြစ်ထဲကဆယ်ယူခဲ့ကြပီ။
တခဏအတွင်းပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ ကယ်တင်ဖို့ကြိုးစားရင်း ကွယ်လွန်ပီးတဲ့နောက် သူဟာ ထိုင်ဝမ်သူရဲကောင်းအဖြစ် ကင်ပွန်းတပ်ခံခဲ့ရ။ သတင်းစာတွေက 'ထိုင်ဝမ်ကိုကယ်တင်ခဲ့သူ' လို့ချီးကျူးပီး သမ္မတက သူ့ရုပ်အလောင်းကို ဂါရဝပြုခဲ့တယ်။ ဆင်းရဲသားဘဝက ကိုယ့် ဒူးကိုယ့်ချွန်ကြိုးစားခဲ့တဲ့ ကောင်းမြတ်တဲ့ လူတယောက်ရဲ့ဘဝတခုက မြင့်မြတ်သောလုပ်ဆောင်ခြင်းနဲ့ ပြီးဆုံးပါပီ။ ကျနော်တို့ ခင်ဗျားကို သတိရနေမှာပါ။ Rest in Peace. ငြိမ်းချမ်းစွာ အနားယူပါ။
KOLATT(PBDN)
RangonNewsDaily






No comments:
Post a Comment