Pages

Pages - Menu

Friday, February 6, 2015

မြန်မာလုပ်သားများကို ဘတ်ငွေသန်းချီလိမ်သော ထိုင်းသားအဖ ယနေ့ရုံးတင်မည်

RangonNewsDaily:: February . 6 .2015
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများထံမှ ဘတ်ငွေသန်း ချီလိမ်လည်ခဲ့သည့် ကုမ္ပဏီပိုင်ရှင်ထိုင်းလူမျိုး သားအဖကို ယနေ့ (ဖေဖော်ဝါရီ ၆ ရက်)တွင် ပထမ အကြိမ်ရုံးတင်စစ်ဆေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ဖွင့်ခဲ့သည့် SUNJAOPING ကုမ္ပဏီပိုင်ရှင် သားအဖကို ထိုင်း တရားရုံးက စစ်ဆေးမည်ဖြစ်ပြီး ၎င်းတို့က မြန်မာအလုပ်သမား နှစ်ထောင်ကျော်ထံမှ ထိုင်းဘတ် ငွေသန်း ၃၀ နီးပါး လိမ်လည်ခဲ့ သည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေး ခံရခြင်းဖြစ်သည်။ ၎င်းတို့နှင့်အတူ ကုမ္ပဏီဝန်ထမ်း မြန်မာအလုပ်သ မား ၁၂ ဦးပါ စစ်ဆေးခံရမည်ဖြစ်သည်။

အဆိုပါကုမ္ပဏီက အစုရှယ် ရာတစ်စုလျှင် ဘတ်တစ်သောင်း ဖြင့် ရောင်းချပြီး လစဉ်အတိုးပေး မည်ဟူသော မက်လုံးဖြင့် မြန်မာ အလုပ်သမား နှစ်ထောင်ကျော် ကို ရှယ်ယာများစွာ ရောင်းချလိမ် လည်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်း ရောက် မြန်မာနိုင်ငံသားများအဖွဲ့ (Myanmar Association in Thailand) မှ သတင်းနှင့် ပြန် ကြားရေးတာဝန်ခံ ကိုစောမောင် ကပြောသည်။

မြန်မာအလုပ်သမားများ ငွေကြေးလိမ်လည်ခံရခြင်းနှင့် ပတ်သက်၍ ကိုစောမောင်က ‘‘ဒီမှာ ရောက်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ဒီဖြစ်စဉ်ကို သင်ခန်း စာယူပြီး မိမိရသင့်ရထိုက်တဲ့ လုပ်အားခလေးနဲ့ ကြီးပွားတိုးတက် အောင် လုပ်စေချင်တယ်။ ဖြတ် လမ်းတွေ အလွယ်လမ်းတွေလိုက် မယ်ဆို မိမိချွေးနှဲစာလေးတွေ လည်း ဆုံးရှုံး၊ စိတ်တွေလည်း ဆင်းရဲရတယ်ဆိုတာ သင်ခန်းစာ ယူကြဖို့နဲ့ ကိုယ်နိုင်ငံမဟုတ်တဲ့ အတွက် အစစအရာရာသတိထား ကြဖို့ လိုပါတယ်’’ဟု သတိပေး သည်။

ကုမ္ပဏီပိုင်ရှင်သားအဖနှင့် ၀န်ထမ်းများကို ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းကာ ၂၀၁၄ အောက်တိုဘာ ၂၄ ရက်နှင့် ၂၀၁၅ဇန်ဝါရီ ၆ ရက်တို့တွင် နှစ်ကြိမ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း MAT အဖွဲ့မှ သတင်းရရှိသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment