Pages

Pages - Menu

Sunday, January 4, 2015

MECTEL ဆင်းမ်ကတ် များအတွက် နှစ်ကူးလက်ဆောင် အပိုထပ်ဆောင်း ပေးမည်

RangonNewsDaily:: January . 3 .2015
MECTEL က ၎င်းတို့၏ ဆင်းမ်ကတ် အသုံးပြုသူများအ တွက် နှစ်သစ်ကူးအထူးအစီအစဉ် အဖြစ် ဇန်န၀ါရီအတွင်း ဖုန်းဘီလ် ကျပ်တစ်သောင်း ဖြည့်သွင်းပါက အပိုကြေးငွေကျပ် ခုနစ်ထောင် ဖြည့်သွင်းပေးသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

ဖုန်းဘီလ်ဘောနပ်စ် ဖြည့် သွင်းပေးခြင်းနှင့်အတူ အခြေခံ လူတန်းစားများအတွက် တန်ဖိုး နည်း ငွေဖြည့်ကတ်များအဖြစ် ကျပ်သုံးထောင်တန် ငွေဖြည့် ကတ်များကိုလည်း ဈေးကွက်ထဲ တွင် စတင်၍ ရောင်းချပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘ဖုန်းဘီလ် ဘောနပ်စ်က တော့ နှစ်သစ်ကူး အထူးအထိမ်း အမှတ်အနေနဲ့ ပေးတာပါ။ သုံး ထောင်တန် ငွေဖြည့်ကတ်က တော့ အခြေခံလူတန်းစားတွေအ တွက် အဆင်ပြေစေဖို့ MEC ရဲ့ ပထမဆုံး တန်ဖိုးနည်း ငွေဖြည့် ကတ်အနေနဲ့ စပြီး ရောင်းချပေး သွားမှာပါ’’ ဟု မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MECTEL) တာဝန်ခံတစ်ဦးက ပြောသည်။

MECTEL မှ ငွေဖြည့်ကတ် အလိုက် ပေးသွားမည့် ဘောနပ်စ် ငွေများမှာ ၁၀,၀၀၀ ကျပ် ဖြည့် သွင်းပါက ဘောနပ်စ်ငွေ ၇,၀၀၀ ကျပ်၊ ၅,၀၀၀ ကျပ် ဖြည့်သွင်းပါ က ဘောနပ်စ်ငွေ ၂,၅၀၀ ကျပ်၊ ၃,၀၀၀ ကျပ် ဖြည့်သွင်းပါက ဘောနပ်စ်ငွေ ၉၀၀ ကျပ် အသီး သီး ရရှိမည်ဖြစ်ပြီး ဇန်န၀ါရီလ အတွင်း ဖြည့်သွင်းသည့် ငွေဖြည့် ကတ်အားလုံး အကျုံးဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေး MPT နှင့် တွဲဖက်ကာ ဆက်သွယ်ရေး ၀န်ဆောင်မှုများ ပေးနေသည့် MECTEL သည် ယခင်က ငွေကျပ် တစ်သောင်းဖြည့်ပါက အပိုငွေကျပ်သုံးထောင်အထိသာ ပေးခဲ့ပြီး ယခုနှစ်သစ်ကူး အစီအစဉ်တွင် တစ်သောင်းကျပ်ဖြည့်ပါက(၇၀ ရာခိုင်နှုန်း)ခုနစ်ထောင်ကျပ်အထိ ဘောနပ်စ်ငွေ ပေးသွားမည်ဖြစ် သောကြောင့် အပိုငွေ အများဆုံးပေးသည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း အသုံးပြုသူများထံ မှ သိရသည်

7Day Daily, KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment