Pages

Pages - Menu

Sunday, January 4, 2015

မန္တလေးရှိ တော်ဝင်နှင်းဆီ ပုဂ္ဂလိကဆေးရုံတွင် ကျွမ်းကျင်လက်မှတ်မရှိဘဲ ဆေးကုသနေပြီး ညစ်ညမ်းပုံများဖြင့် ကြော်ငြာနေ၍ ဗီဇာသက်တမ်းကုန်နေသည့် တရုတ်နိုင်ငံသားခြောက်ဦးနှင့် ဆေးရုံပိုင်ရှင်အား အမှုဖွင့်


RangonNewsDaily:: January . 4 .2015
မန္တလေးရှိ တော်ဝင်နှင်းဆီ ပုဂ္ဂလိကဆေးရုံတွင် ကျွမ်းကျင်လက်မှတ်မရှိဘဲ ဆေးကုသခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ညစ်ညမ်းစာများ၊ ညစ်ညမ်းပုံများအသုံးပြ ကြော်ငြာနေခြင်း
တို့ကြောင့် ဆေးရုံပိုင်ရှင်နှင့် ဗီဇာသက်တမ်းကုန်ဆုံးနေသည့် တရုတ်နိုင်ငံသား ခြောက်ဦးကို ချမ်းအေးသာစံမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
ညစ်ညမ်းစာနှင့် ညစ်ညမ်းပုံများ ဖြန့်ဝေမှုကြောင့် တော်ဝင်နှင်းဆီဆေး ရုံပိုင်ရှင် ဒေါ်နန်းလှစိန် (အုပ်ချုပ်မှုဒါရိုက်တာ)နှင့် ဆေးရုံသုံးလွှာတွင် ဖွင့်လှစ်ထားသော Health News အထူးကုဌာနမှ လုပ်ငန်းရှင် Mr. Cia Guosen၊ တာဝန်ခံမန်နေဂျာ Mr.Lin Jianguo တို့အား ပြစ်မှုပုဒ်မ ၂၉၂(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ထို့အပြင် အဆိုပါဌာနတွင် အလုပ်လုပ်ကိုင်နေသော တရုတ်နိုင်ငံသားများဖြစ်သည့် လုပ်ငန်းရှင် Mr.Cia Guosen၊ တာဝန်ခံမန်နေဂျာ Mr.Lin Jianguo တို့အပါအဝင် ဆရာဝန်၊ သူနာပြုခြောက်ဦးကို တည်းခိုသည့်နေရာတွင် ရောက်ရှိနေထိုင်ကြောင်း သက်ဆိုင်ရာ မြို့နယ် လဝကရုံးသို့ အကြောင်းကြားခဲ့ခြင်းမရှိသဖြင့် လဝကအက်ဥပဒေ ပုဒ်မ ၅(၁) အရလည်းကောင်း၊ နေအိမ်တွင် နေထိုင်ခွင့် ခွင့်ပြုမိန့်မရရှိဘဲ နေထိုင်ခြင်းတို့ကြောင့် လဝကအက်ဥပဒေ ပုဒ်မ ၁၃(၁) အရလည်းကောင်း အမှုဖွင့်ထားကြောင်း သိရှိရသည်။
::
“ဆေးရုံမှာဖွင့်ထားတဲ့ Health News အထူးကုဌာနကို ဝင်ရောက်စစ်ဆေးတဲ့အခါ အမျိုးသမီးအင်္ဂါ ပြုပြင်ပြောင်းလဲဖို့နဲ့ ပတ်သက်တဲ့ ကြော်ငြာတွေမှာ ညစ်ညမ်းတဲ့စာတွေ၊ ညစ်ညမ်းတဲ့ပုံတွေကို အသုံးပြုနေတယ်။ ပြီးတော့ သူတို့မှာလည်း ကျွမ်းကျင်လက်မှတ် မရှိဘူး။ နောက် သူတို့တွေရဲ့ ဗီဇာသက်တမ်းဟာလည်း ၂ဝ၁၄ ခုနှစ် နိုဝင်ဘာကတည်းက သက်တမ်းကုန်နေတာတွေကို စစ်ဆေးတွေ့ရှိရလို့ အမှုဖွင့်ထားတာပါ” ဟု မန္တလေးခရိုင် ဒုရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံသားများမှာ စီးပွားရေးလုပ်ငန်းဗီဇာ Visa EV(B) ဖြင့် လာရောက်နေ
ထိုင်ခဲ့ခြင်းဖြစ်ပြီး ဗီဇာသက်တမ်းကုန်ဆုံးပြီးနောက် ခရီးသွားကုမ္ပဏီသုံးခုနှင့် ပူးပေါင်းလေ့လာရန် ရောက်ရှိလာသူများဟု လိမ်လည်ကာ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနသို့ နေထိုင်ခွင့်သက်
တမ်းတိုးရန် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါတရုတ်နိုင်ငံသားများမှာ ထွက်ပြေး
တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
::
အဆိုပါကိစ္စကို တော်ဝင်နှင်းဆီဆေးရုံသို့ သွားရောက်မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခွင့် မရရှိခဲ့ပေ။

Photo :: မန္တလေးရှိ တော်ဝင်နှင်းဆီ ပုဂ္ဂလိကဆေးရုံကို တွေ့ရစဉ်

EMG ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment