Pages

Pages - Menu

Thursday, January 15, 2015

ရန်ကုန်တွင် The Interview ဇာတ်ကား ရောင်းခွင့်မပြုဘဲ လိုက်လံသိမ်းဆည်းနေ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဆင်ဆာမဲ့ခွေအားလုံးကို ဖမ်းဆီး ၊ The Interview ခွေကို သိမ်းဆည်းရန် ညွှန်ကြားထားခြင်းမရှိဟုဆိုပြန်


RangonNewsDaily:: January . 15 .2015
မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအန်ကို သရော် ထားသော ဟာသရုပ်ရှင်ဇာတ် ကား The Interview ဇာတ်လမ်းအခွေများကို ရန်ကုန်မြို့တွင် ရောင်းချခွင့်မပြုဘဲ လိုက်လံသိမ်းဆည်းဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ရှိ နိုင်ငံခြား ဇာတ် ကားများ ရောင်းချသော လမ်းဘေးဈေးသည်များထံတွင် The Interview ဇာတ်ကားအခွေများ ရောင်းချခြင်းရှိ၊ မရှိ သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက လိုက်လံစစ်ဆေး ရှာဖွေမှုများ ပြုလုပ်နေကြောင်း နိုင်ငံခြားဇာတ်ကားများ ရောင်းချ သော အခွေဆိုင်များက ပြော သည်။

The Interview ဇာတ်ကား ခွေ ရှာဖွေမှုများ ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့များထံ မေးမြန်းရာ The Interview ဇာတ်လမ်းကို ပိတ်ပင်ထားခြင်းမရှိဘဲ တရားမ၀င် ဆင်ဆာမဲ့အခွေများ ဖမ်းဆီးနေခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။

‘‘ကျွန်တော်တို့က အဲဒီခွေကို ဖမ်းဆီးဖို့ ညွှန်ကြားထားတာ မရှိ ပါဘူး။ ဆင်ဆာမဲ့အခွေတွေကို ဖမ်းတာပါ။ ပြည်တွင်းထုတ်လုပ် သူတွေက ငွေအရင်းအနှီးအများ ကြီးနဲ့ ပင်ပင်ပန်းပန်းလုပ်ထား တာကို ခိုးကူးခွေတွေထွက်လို့ လာရောက်တိုင်ကြားတာနဲ့ပတ် သက်ပြီး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ဖမ်းဆီးနေတာပါ။ အဲဒါပဲ ဖမ်းဆီး တာတွေရှိပါတယ်။ အဲဒီဒီခွေကို လိက်ဖမ်းနေတယ်လို့ ပြောဆိုပြီး မေးနေကြပါတယ်။ မဟုတ်ပါဘူး’’ ဟု ရန်ကုန်တိုင်းနယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင် ၀င်းက 7Day အား ပြောသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကား ကို မြောက်ကိုရီးယားအစိုးရက မြန်မာနိုင်ငံတွင် ပြသရောင်းချခြင်းမပြုရန် ကန့်ကွက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရက အရောင်းဆိုင်များထံမှ ဖမ်းဆီးသိမ်း ဆည်းမှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

‘‘မြောက်ကိုရီးယားက လာ ပြီး တောင်းဆိုပြောကြားတာ လည်းမရှိပါဘူး။ အခု ဖမ်းဆီး သိမ်းဆည်းမှုလုပ်တာကလည်း လုပ်ရိုးလုပ်စဉ်ပါ။ ဆင်ဆာမဲ့အ ခွေအားလုံးကို ဖမ်းတာပါ။ အဲဒီ ထဲမှာရောပါသွားတာမျိုးလည်း ဖြစ်မှာပါ’’ ဟု ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမြတ်ကျော်ကျော်က ပြောသည်။

‘‘ပိတ်ထားတာလည်း မရှိ ဘူး။ လိုက်ဖမ်းတာလည်း မရှိဘူး။ ဒီအခွေကို ရှာဖွေသိမ်းဆည်းရ မယ်လို့ ညွှန်ကြားထားခြင်းမရှိပါ ဘူး’’ ဟု ရန်ကုန်တိုင်းအနောက် ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ၀င်းကြည်က ပြောသည်။

သို့သော်လည်း လက်တွေ့ တွင် ဇန်န၀ါရီ ၁၃ ရက် ညနေ ပိုင်း၌ ကမာရွတ်မြို့နယ် လှည်း တန်းရှိ လမ်းဘေးများတွင် နိုင်ငံ ခြားဇာတ်လမ်း ရောင်းချနေသော ဆိုင်များထံ ရဲအရာရှိများက The Interview ဇာတ်လမ်းခွေများ ရောင်းချခြင်းရှိ၊ မရှိ လာရောက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ သည်ဟုဆိုသည်။

The Interview ဇာတ်ကား ရောင်းချမှုကြောင့် လသာမြို့နယ် ရှိ နိုင်ငံခြားဇာတ်ကားခွေများ ရောင်းချသော M2M ဆိုင်ကို ဇန် န၀ါရီ ၁၂ ရက်တွင် ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးသိမ်းဆည်းခဲ့ ကြောင်း သတင်းရရှိသည်။

‘‘The Interveiw ဇာတ်ကား ရှိလားလို့ လာမေးတာတွေရှိ တယ်။ တချို့နေရာတွေမှာ ဖမ်း ဆီးတာတွေရှိတယ်လို့ ကြားနေ တယ်။ အခုလောလောဆယ် အဲဒီ ဇာတ်ကားကို မရောင်းရဲဘူး။ ဒါ ပေမဲ့ အဲဒီကားကို ကြည့်ချင်တဲ့သူ တွေ အရမ်းများနေတယ်’’ ဟု လှည်းတန်းတွင် နိုင်ငံခြားဇာတ် ကားများ ရောင်းချသူတစ်ဦးက ပြောသည်။

The Interview ဇာတ်ကား ကို ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပ ဏီက အမေရိကန် ဒေါ်လာ ၄၄ သန်းခန့် အကုန်အကျခံရိုက်ကူး ထားပြီး သတင်းထောက်နှစ်ဦးက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် အင်တာဗျူးပြီး နောက် ကင်ဂျုံအန်ကို လုပ်ကြံရန် ကြိုးပမ်းသည့် ဟာသရုပ်ရှင်ဇာတ် လမ်းဖြစ်သည်။

The Interview ရုပ်ရှင်ကြော်ငြာကို တွေ့ရစဉ်

7Day Daily , 
KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment