Pages

Pages - Menu

Thursday, January 15, 2015

လက်ပံတောင်းတောင် ပဋိပက္ခအတွင်း ပါဝင်ခဲ့သည့် တာဝန်ရှိသူနှင့် ရဲတပ်ဖွဲ့ဝင်များကို အေ၇းယူရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း

RangonNewsDaily:: January . 15 .2015
လက်ပံတောင်းတောင် ပဋိပက္ခဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ လုံခြုံရေး စီမံချက်ကို အကောင်အထည်ဖော်ရန် အားနည်းခဲ့သည့် ကွပ်ကဲမှုအဖွဲ့မှ တာဝန်ရှိသူများနှင့် ညွှန်ကြားချက် လိုက်နာဆောင်ရွက်မှု မရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်တို့ကို ဖော်ထုတ်အရေးယူရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းလိုက်သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခ အတွင်း လူသေဆုံးမှုနှင့် ဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်ခဲ့ကာ ၂၀၁၅ ဇန်န၀ါရီ ၁၄ ရက်တွင် မြန်မာ နိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ထုတ်ပြန်ရာ၌တာဝန်ရှိသူများကို အရေးယူရန် ဆိုသည့်အချက်သာ အကြံပြု လိုက်ခြင်း ဖြစ်သည်။

‘‘ကျွန်တော်တို့က သမ္မတ ရုံးကို တင်သွင်းလိုက်တာပါ။ သမ္မတရုံးကနေ သက်ဆိုင်တဲ့ ၀န် ကြီးဌာနတွေကို ညွှန်ကြားမှာပါ။ ပြည်ထဲရေးကိုလည်း ဆက်ညွှန် ကြားမယ် ထင်ပါတယ်။ ကျွန်တော်တို့က အစီရင်ခံစာမှာ အကြံပြုတိုက်တွန်းတာပဲ လုပ်ခွင့်ရှိတာပါ’’ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူးဦးစစ်မြိုင်က ပြောသည်။

အချက်(၃၃) ချက်ပါသည့်အစီရင်ခံစာတွင် ဆားလင်းကြီးရဲစခန်း၌ ဖွင့်လှစ်ထားသည့် သေမှုသေခင်း အမှတ်စဉ်(၄/ ၂၀၁၄)အား ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သင့်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ခြံစည်းရိုးတိုးချဲ့ကာရံစဉ် ဆောင်ရွက်ရမည့် လုံခြုံရေး စီမံချက်ကို စနစ်တကျအကောင် အထည်ဖော်ရန် အားနည်းခဲ့သည့်ကွပ်ကဲမှု အဖွဲ့မှ တာဝန်ရှိသူများကို ဖော်ထုတ်၍ ထိုက်သင့်သလို အရေးယူရန်၊ လုံခြုံရေးစီမံချက်ပါ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိ သည့် ရဲတပ်ဖွဲ့ဝင်တို့ကို ဖော် ထုတ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည် ကမ်းထိန်းသိမ်းရေး ဥပဒေနှင့်အ ညီ ထိရောက်စွာအရေးယူရန်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် စပ်လျဉ်းသောလုပ် ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အဘက်ဘက်မှ အပြန်အလှန်သုံး သပ်၍ ထိခိုက်နစ်နာဆုံးရှုံးမှုများ ထပ်မံမဖြစ်ပေါ်အောင် အကောင် အထည်ဖော်ရန် ဆိုသည့်အချက် လေးချက်ကို ကော်မရှင်က တိုက် တွန်းထားကြောင်း တွေ့ရသည်။

ဒီဇင်ဘာ ၂၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီး မြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုးကာရံ ရေး လုပ်ငန်းဆောင်ရွက်စဉ် ကန့် ကွက်ဆန္ဒပြခဲ့ကြသည့် ဒေသခံ ရွာသူ၊ ရွာသားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အဓိကရုဏ်းဖြစ် ပွားခဲ့ပြီး မိုးကြိုးပြင်(အလယ်) ရွာသူ ဒေါ်ခင်ဝင်း ဦးခေါင်းတွင်သေနတ်ထိမှန်၍ သေဆုံးခဲ့ပြီး လူအ ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment