Pages

Pages - Menu

Wednesday, January 7, 2015

ဒုတိယသမ္မတ၏ လားရှိုးနေအိမ် ရှေ့မျက်နှာစာ ဖျက်ဆီးခံရ


RangonNewsDaily:: January . 7 .2015
နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ရှမ်းပြည်နယ် လားရှိုးမြို့တွင်ရှိသည့် နေအိမ် ရှေ့မျက်နှာစာတွင် ချိတ်ဆွဲထားသော ဆေးခန်း ဆိုင်းဘုတ်များကို ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ထုရိုက်ဖျက်ဆီးခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း လားရှိုးမြို့နယ် မြို့နယ်မှူး ရဲမှူးတင်ဖေဝင်းက ပြောကြားသည်။
လားရှိုးမြို့ ရပ်ကွက် (၇) သုခလမ်းရှိ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ နေအိမ်တွင် ဖွင့်လှစ်ထားသည့် ‘ယူလီခ’ ဆေးခန်း မျက်နှာစာတွင် ချိတ်ဆွဲထားသော ဆရာဝန်များ၏ ဆိုင်းဘုတ်သုံးခု ဖျက်ဆီးခံရကြောင်း ၎င်းကဆိုသည်။

ဆိုင်းဘုတ်များကို ရိုက်ချိုးဖျက်ဆီးသူမှာ မူးယစ်ဆေးစွဲနေသူ အသက် ၃၇ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး လားရှိုးဆေးရုံကြီး မူးယစ်ဆေးစွဲရောဂါ ကုသဆောင်တွင် မှတ်ပုံတင်ထားသော လူနာတစ်ဦး ဖြစ်ကြောင်းနှင့် ဆေးရုံမှ တိုက်ကျွေးသော မက်သဒုံး ဆေးဝါးကို သောက်သုံးနေရသည့် စိတ်ရောဂါ ဝေဒနာသည် တစ်ဦးဖြစ်ကြောင်း ရဲမှူးတင်ဖေဝင်းက ရှင်းပြသည်။

“မူးယစ်ဆေးဝါး ဖြတ်နေတဲ့ လူနာဆိုတော့ စိတ်က ပုံမှန်စိတ်မရှိသေးဘူး။ စိတ်ကစဥ့်ကလျား ဖြစ်နေတဲ့ ဝေဒနာသည်ပါ” ဟု ၎င်းက ပြောဆိုသည်။

ဒေါက်တာ စိုင်းမောက်ခမ်းသည် ဘဝတစ်ခုခုတွင် ၎င်း၏ ဖခင်တော်စပ်ခဲ့သည်ဟု မြင်အပ်မမြင်အပ်သည့် ပုဂ္ဂိုလ်များက ပြောဆို၍ သိရသဖြင့် ယင်းကိစ္စကို ဒေါက်တာ စိုင်းမောက်ခမ်း သိရှိစေလို၍ ယခုကဲ့သို့ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း နေအိမ်ကို ဖျက်ဆီးခဲ့သူက မီဒီယာများကို ပြောဆိုသည်။

“ဒုတိယသမ္မတကြီးက သူ့ကို သိသွားအောင်၊ အသိအမှတ်ပြု ခံချင်လို့ လုပ်တာပါလို့လည်း ပြောနေပါတယ်” ဟု ကာယကံရှင်က ထွက်ဆိုခဲ့ကြောင်း ရဲမှူး တင်ဖေဝင်းက ရှင်းပြသည်။

နေအိမ်မျက်နှာစာ ဖျက်ဆီးခဲ့သူမှာ မူးယစ်ဆေးဝါး ဖြတ်နေသော တရားဝင် မှတ်ပုံတင်ထားသည့် စိတ်ဝေဒနာရှင် ဖြစ်သဖြင့် ဒေါက်တာ စိုင်းမောက်ခမ်းအနေနှင့် အမှုဖွင့် တိုင်ကြားမည် မဟုတ်ကြောင်း ဒုတိယသမ္မတနှင့် ဆွေမျိုး တော်စပ်သူများထံမှ သိရှိရသည်။

(နေမျိုးနွယ်)
The Voice , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment