Pages

Pages - Menu

Wednesday, January 7, 2015

''အနုပညာသက်တမ်းနှစ်(၂ဝ)ကျော်အတွင်းမှာ အကယ်ဒမီဆုကိုရရှိခဲ့တာ ပရိသတ်တွေကြောင့်ပါ'' အကယ်ဒမီမင်းဦး


RangonNewsDaily:: January . 7 .2015
အနုပညာလမ်းကြောင်းဟာ ဝေဖန်မှု၊ တိုက်ခိုက်မှုတွေ အများကြီးရှိခဲ့တယ်။ ဇာတ်ကောင်စရိုက်မျိုးစုံကို ပရိသတ်တွေ ကြိုက်ကြိုက် မကြိုက်ကြိုက် ပီပြင်စွာသရုပ်ဖော်ခဲ့ကြောင်းကို အကယ်ဒမီမင်းဦးက ယခုလိုပြောပြခဲ့ပါတယ်။
ဘယ်လိုကားရိုက်တာမျိုးကိုမဆို မငြင်းဘဲပရိသတ်အတွက် ရိုက်ကူးမယ့်သူ အရမ်းကိုပျော်ပါတယ်။ ဒီ အသက်အရွယ် ဒီအချိန်အထိကို အနုပညာလောကမှာ အစ်ကိုတို့ ရှင်သန်ခွင့်ရအောင် ဘယ်လိုပဲဖြစ်ဖြစ်၊ မုန်းတဲ့ဇာတ်ကောင်ပဲဖြစ်ဖြစ်၊ ချစ်စရာကောင်းတဲ့ဇာတ်ကောင်ပဲဖြစ်ဖြစ် သနားစရာကောင်းတဲ့ ဇာတ်ကားပဲဖြစ်ဖြစ် ပုံစံမျိုးစုံကို လှုပ်ရှားခွင့်ရအောင် အမြဲတမ်း အားပေးနေတဲ့ ဒီပရိသတ်ကြီးကြောင့် နောက်ဆုံးဒီဆုကို အစ်ကိုရခဲ့တယ်။ အဲဒီတော့ ပရိသတ်ကြီးကို တကယ် လဲကျေးဇူးအများကြီးတင်ပါတယ်။ 

အကယ်ဒမီဆုရရှိလိုက်တဲ့ နင်စေရင် ရုပ်ရှင်ဇာတ်ကားကြီးထဲက အခက် အခဲတချို့ ကြီးကြီးကျယ်ကျယ်တော့ မပြင်ဆင်လိုက်ပါဘူး။ ခုနက ပြောသလိုပဲ ဒါရိုက်တာခိုင်းတဲ့ အတိုင်း ကြိုးစားပြီးလုပ်ခဲ့တာက လွဲလို့ အစ်ကိုကိုယ်တိုင် ထူးထူး ခြားခြား ဖြစ်ရမယ်ဆိုတဲ့ ဟာမျိုး မရှိခဲ့ဘူး။ဒါရိုက်တာခိုင်းတဲ့အတိုင်း ညွှန်ကြားထားတဲ့ အတိုင်းပဲလုပ်ခဲ့ တာပါ။ ရှေ့ဆက်သွားမယ့် အနုပညာ လမ်းကြောင်း အနုပညာနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကို ဆက်လုပ်သွားဦးမှာပါ။

ဗီဒီယိုတွေရိုက်ရဦးမှာ။ကြော်ငြာတွေရော၊ သီချင်း လာရင်သီချင်းတွေ ရိုက်ရဦးမယ်။ ဒီအလုပ်တွေကို ဆက်တိုက်လုပ်သွားမယ်။ အနုပညာအပေါ်ထားရှိတဲ့ ခံယူ ချက် သက်တမ်း နှစ်(၂ဝ)ကျော် အတွင်းမှာဝေဖန်မှုတွေရော၊ကောင်းတာတွေ၊ဆိုးတာတွေ ရှိနေဦးမယ်။အစ်ကိုတို့လုပ်လိုက်တဲ့ အလုပ်တွေဟာ ဘယ်တော့မှ အလကား ဖြစ်မသွားဘူးဆိုရင် အစ်ကိုတို့ ကြိုးစားပါတယ်။အစ်ကို့ဘက်က အကောင်းဆုံး ကြိုးစားရင် တစ်ချိန်ကျရင် အစ်ကိုတို့ကို ပရိသတ်တွေချစ်လာမယ်။အစ်ကိုတို့ကို လက်ခံလာမယ်။ အဲဒီလို အနေအထား မျိုးနဲ့ အစ်ကိုတို့ ရပ်တည်နေတယ်။

အမြဲ တမ်း အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။အဲဒီလိုကြိုးစားရင်း ပရိသတ်တွေ တဖြည်းဖြည်းနဲ့ အများကြီး လက်ခံမယ်။ ၂ဝ၁၃ခုနှစ် အကယ်ဒမီပေးပွဲအပေါ် ဝေဖန်မှု ခါတိုင်းနှစ်တွေကလည်း အကယ်ဒမီစိစစ်ရေးအဖွဲ့တွေလည်းရှိခဲ့ပါတယ်။ဒီနှစ်ကတော့အဆင့်ဆင့်ပေါ့။ တစ်ဦးတစ်ယောက် တည်းရွေးချယ်ပြီးပေးတာမျိုးမဟုတ်ဘူး။အဆင့်ဆင့်အထပ်ထပ်ရွေးချယ်ပြီးကြည့်ပြီးအဲဒီထဲကမှ အကောင်းဆုံးကို ရွေးချယ် ပြီးမှ ဆုရခဲ့တာပါ။ 

ဒီနှစ်လုပ်တဲ့ အကယ် ဒမီကို အပြောင်းအလဲ တစ်ခုအနေနဲ့ ကျေနပ်ပါတယ်။ ပရိသတ်အတွက် စကားလက်ဆောင် ရုပ်ရှင်လောကကြီး တိုးတက် ကောင်းမွန်ဖို့၊ ပရိသတ်တွေအတွက် အစ်ကို့ကို အားပေးရကျိုးနပ်အောင် အကောင်းဆုံး ကြိုးစားမယ်။ဘယ်လို နေရာမျိုး ဘယ်လိုကဏ္ဍမျိုးမှာမဆို ပါဝင်ကူညီဖို့ အသင့်ပါ။

The Union Daily , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment