Pages

Pages - Menu

Wednesday, January 14, 2015

အဲအေးရှား လေယာဉ်ပျက်မှ လေယာဉ်မှူးအခန်း အသံဖမ်း ကိရိယာ ဆယ်ယူရရှိ


RangonNewsDaily:: January . 14 .2015
ပျက်ကျခဲ့သည့် အဲအေးရှား ခရီးသည်တင် လေယာဉ်၏ လေယာဉ်မှူး အခန်းအတွင်းမှ အသံများကို မှတ်တမ်းတင် ဖမ်းယူထားသော ကိရိယာကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
လေယာဉ်ပျက် ရှာဖွေ ဆယ်ယူရေး ဆောင်ရွက်နေသည့် အဖွဲ့များသည် ခရီးစဉ်အမှတ် QZ8501 လေယာဉ်မှ အသံသွင်း ကိရိယာကို တွေ့ရှိခဲ့ပြီဟု အင်ဒိုနီးရှား အာဏာပိုင်များက ဆိုသည်။ လေယာဉ်၏ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Boxကို တွေ့ရှိပြီး နောက်တစ်နေ့ ဇန်နဝါရီ (၁၃)ရက်တွင် အသံသွင်း ကိရိယာကို ထပ်မံ ဆယ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

Airbus A320-200 အမျိုးအစား လေယာဉ်သည် လူ(၁၆၂)ဦးကို တင်ဆောင်ပျံသန်းရင်း ဒီဇင်ဘာ (၂၈)ရက်က ဂျာဗားပင်လယ်ထဲတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ရှာဖွေရေး အဖွဲ့များက လေယာဉ်တွင် လိုက်ပါလာသူ တစ်ဦးတစ်ယောက်မျှ အသက်ရှင်ရန် မျှော်လင့်ချက် မရှိဟု ယူဆထားသည်။
::
လေယာဉ်၏ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာရော၊ လေယာဉ်မှူး အခန်းထဲမှ အသံဖမ်း ကိရိယာကိုပါ ဆယ်ယူ ရရှိခြင်းက လေယာဉ်ပျက်ကျရမှုကို စုံစမ်းစစ်ဆေးရာ၌ များစွာ အထောက်အကူ ရရှိစေမည် ဖြစ်သည်။
::
ရှာဖွေဆယ်ယူရေး အဖွဲ့များသည် ရုပ်အလောင်း (၄၈)ခုကို ပြန်လည် ရရှိထားပြီး ဖြစ်သော်လည်း ကျန်အလောင်း အများစုသည် လေယာဉ်ကိုယ်ထည်ထဲတွင် ပိတ်မိနေဆဲဟု ခန့်မှန်းထားသည်။ ပင်လယ်အောက်တွင် နစ်မြုပ်နေသည့် လေယာဉ်ပျက်၏ ပင်မ ကိုယ်ထည်မှာမူ ယခုအချိန်ထိ ရှာမတွေ့သေးချေ။

BBC ::--KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment