Pages

Pages - Menu

Wednesday, January 14, 2015

တောင်တွင်းကြီးတွင် ခရီးသွား အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်မှုခံရ ကျူးလွန်သူများထဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ပါဝင်နေကြောင်းသိရ

RangonNewsDaily:: January . 14 .2015
မကွေးတိုင်း ဒေသကြီး မကွေးခရိုင် တောင်တွင်းကြီး မြို့နယ် မြို့မရဲစခန်း၏ အနောက်ဘက် ၃ ဖာလုံခန့်အကွာ အုန်းတော(၁)ရပ်ကွက် တောင်တွင်းကြီး ဘူတာအနီးတွင် ရထားစီး ခရီးဆက်ရန် ရောက်ရှိ နေသော ဇနီးမောင်နှံ နှစ်ဦးအား လူ ၃ ဦးမှ ဧည့်စာရင်း စစ်မည်ပြောပြီး အမျိုးသမီး ဖြစ်သူအား ဆိုင်ကယ်ဖြင့် အတင်း အဓမ္မခေါ်ယူ တင်ဆောင်သွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ကြောင်း နယ်မြေအတွင်းမှ စုံစမ်း ထောက်လှမ်း သတင်းရရှိသည်။
မှုခင်းဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက် ည ၈း၀၀ အချိန်ခန့် အုန်းတော ၁ ရပ်ကွက် တောင်တွင်းကြီးဘူတာ အနီး ဘူတာနယ်မြေ အတွင်းတွင် ခင်ပွန်းဖြစ်သူ ကို....... ၂၃ နှစ်၊ (ဘ) ဦး......... အင်းနွယ်ကုန်းကျေးရွာ မကွေးမြို့နေသူနှင့် ၄င်း၏ဇနီးဖြစ်သူ မ......... ၂၁ နှစ်၊ (ဘ) ဦး.......... ညောင်ဝန်းကျေးရွာ၊ တောင်တွင်းကြီးမြို့နေသူ တို့ဇနီးမောင်နှံသည် ခင်ပွန်းဖြစ်သူ၏ မိဘဆွေမျိုးများ ရှိသော မကွေးမြို့သို့ သွားရန် ညောင်ဝန်းကျေးရွာမှ ထွက်ခွာလာရာ တောင်
တွင်းကြီး ဘူတာသို့ ရောက်ရှိလာပြီး တောင်တွင်းကြီး ဘူတာအရှေ့ဘက် ဆိုင်ကယ်အပ် အဆောက်အဦးရှေ့တွင် ညအိပ်ရန် အိပ်ရာခင်းနေစဉ် လူ ၃ ဦး ရောက်ရှိလာပြီး ဧည့်စာရင်း စစ်ဆေးမည်ပြောကြောင်း ထို့နောက် မှတ်ပုံတင်တောင်းရာ ၄င်းတို့ဇနီးမောင်နှံမှ မရှိကြောင်းပြောသဖြင့် အမည်မသိ လူ ၃ ဦးမှ လက်မှတ်ပြုလုပ်ပေးမည် ပြောပြီး ခင်ပွန်းဖြစ်သူ ကို..........အား ဘူတာတွင် ထားခဲ့ပြီး ဇနီးဖြစ်သူ မ......... အား ဆိုင်ကယ်ပေါ်သို့တင်၍ ခေါ်ဆောင်သွားကာ ဘူတာ၏ အနောက်ဘက် တောစပ်တွင် သားမယားအဖြစ် ၂ ကြိမ်ပြုကျင့်ပြီး ဘူတာအနီးတွင် ထားပေးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မ........... မှ ၄င်းအား အလိုမတူဘဲ သားမယားအဖြစ် အဓမ္မ နှစ်ကြိမ်ပြုကျင့်သူ အရပ်ပု ခန္ဓာကိုယ်ပိန်ပိန် ဆံပင်အလယ်ခွဲ ထားသူနှင့် အတူပါဝင်သူ ၃ ဦးအား ဥပဒေအရ အရေးယူ ပေးပါရန် နစ်နာသူ မ............. ကတရားလို ပြုလုပ်တိုင်တန်း ခဲ့သည်ဆို၏။
::
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တောင်တွင်းကြီးမြို့မ ရဲစခန်းက (ပ)၁၄/၂၀၁၅ ပြစ်မှုပုဒ်မ ၃၇၆/၁၁၄ အရအမှုဖွင့်အရေးယူထားပြီး အမှုစစ် ရဲအုပ်ဝင်းဌေးက ပြစ်မှုကျူးလွန်သူ များအား စုံစမ်းလျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ပြစ်မှု ကျူးလွန်သူများ ထဲတွင် လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦး ပါဝင်ပတ်သက်နေသောကြောင့် အထက်ရဲဌာန အကြီးအကဲများမှ လာရောက်စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း နယ်မြေခံအချို့နှင့် အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦးထံမှ စုံစမ်းသိရှိရသည်။
::
ဟင်္သာ(တောင်တွင်းကြီး)၊ အကြီးတန်းသတင်းထောက်၊ တောင်တွင်းကြီးမြို့

THIT HTOO LWIN ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment