Pages

Pages - Menu

Friday, December 26, 2014

သရုပ်ဆောင်မင်းအုပ်စိုးထိုးကြိတ်ရာမှ လက်လွန်၍ မဂ္ဂဇင်းအယ်ဒီတာတစ်ဦး သေဆုံး


RangonNewsDaily:: December . 26 .2014
သရုပ်ဆောင် မင်းအုပ်စိုးသည် သရပါမဂ္ဂဇင်းမှ အယ်ဒီတာ မတေးနုရင် (ခ) မနုနုရင်ကို ထိုးကြိတ်ရာမှ လက်လွန်သေဆုံးသွားသည့်အတွက် ၎င်းအား ဖမ်းဆီး၍ လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ဒုရဲမှူး သိန်းဝင်းက 7Day သို့ အတည်ပြုပြောကြားသည်။

တစ်သောင်းတန်အတုများ နည်းပညာမြှင့် ထွက်လာ၍အတုနှင့်အစစ်ခွဲခြားရန် ခက်ခဲလာ


RangonNewsDaily:: December . 26 .2014
ပြည်တွင်းတွင် ပျံ့နှံ့နေ သော ကျပ်တစ်သောင်းတန်ငွေ စက္ကူအတုအချို့သည် နည်းပညာမြင့်
မားသဖြင့် ပြည်သူများ သိထားရန် အခက်အခဲများ ရှိနေကြောင်း ပုဂ္ဂလိကဘဏ်များမှ ပညာရှင်များ
ကပြောကြားသည်။

အခွန်တံဆိပ်ခေါင်းမကပ်သောဆိုင်များကို အရေးယူတော့မည်

RangonNewsDaily:: December . 26 .2014
အခွန်တံဆိပ်ခေါင်း မ ကပ်သော စားသောက်ဆိုင်များ ကိုပထမအဆင့် ဒဏ်ငွေရိုက် အရေးယူသွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေအလွဲသုံးစားမှုဖြင့် တရားစွဲဆို သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။တံဆိပ်ခေါင်းခွန် မကပ် သည့် စားသောက်ဆိုင်များအား ၁၀၀ ရာခိုင်နှုန်း ဒဏ်ငွေတပ်ခြင်း ကို ဒီဇင်ဘာ ၁၅ ရက် စတင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်သန့်လွင်က ပြောသည်။

ကားတင်သွင်းရန် ဆိပ်ကမ်းအရောက်တန်ဖိုး မသတ်မှတ်ဘဲ အထောက်အထားကိုသာ စစ်ဆေးခွင့်ပြုမည်ဟုဆို


RangonNewsDaily:: December . 26 .2014
ကားတင်သွင်းရာတွင် အသုံးပြုသည့် ဆိပ်ကမ်းအရောက် စီအိုင်အက်ဖ်တန်ဖိုးကို အစိုးရက သတ်မှတ်ပေးတော့မည်မဟုတ် ဘဲ တင်သွင်းမည့်သူ၏ ကားဝယ် ယူလာသည့် ဘောက်ချာ (သို့ မဟုတ်) အထောက်အထားကို သာ စစ်ဆေးပြီး တင်သွင်းခွင့်ပြု မည်ဟု မော်တော်ယာဉ်တင်သွင်း ခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ က ဒီဇင်ဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

တောင်သမန်အင်းက ဦးပိန်တံတား


လေးစားစရာ ဓာတ်ပုံပညာ တောင်သမန်အင်းက ဦးပိန်တံတားကို ဓာတ်ပုံပညာတွေနဲ့ ရိုက်ပြသွားတာ............

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၆၂/၇)နှင့် (၂၆၃/ဝ)ကြား၌ Caldina အဖြူရောင် ယာဉ်ယာဉ်ဝဲဘက်ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သဖြင့် သေဆုံး/ဒဏ်ရာရ


RangonNewsDaily:: December . 26 .2014
၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၆၂/၇)နှင့် (၂၆၃/ဝ)ကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေး အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

လက်ဖက်ရည်ဆိုင်တွင် အရက်သောက်နေသည့် သင်္ကန်းဝတ်ကို ဖမ်းဆီးလူဝတ်လဲ

RangonNewsDaily:: December . 26 .2014
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် (၅) ရပ်ကွက်အတွင်းလက်ဖက်ရည်ဆိုင်တွင် သင်္ကန်းဝတ်တစ်ဦး အရက်သောက်နေသည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဖခင်ဖြစ်သူက ဟန်းဆက်မဝယ်ပေးသဖြင့် လူငယ်တစ်ဦး အဆိပ်သောက် သေဆုံး

RangonNewsDaily:: December . 26 .2014
ကွမ်းခြံကုန်းမြို့နယ် ဆင်တိုးကျေးရွာတွင် ဒီဇင်ဘာလ ၂၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က အသက် ၂၀ အရွယ်ရှိ လူငယ်တစ်ဦးမှာ ဖခင်ဖြစ်သူက ဟန်းဆက် မဝယ်ပေးသောကြောင့် အဆိပ်သောက် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တွင် ကျပ်လေးဘီလီယံကုန်ကျမည့် လူကူးခုံးကျော်တံတား ခြောက်စင်း ထပ်ဆောက်မည်


RangonNewsDaily:: December . 26 .2014
ရန်ကုန်တိုင်းတွင် လာမည့်နှစ်အတွင်း လူကူးခုံးကျော်တံတား ခြောက်စင်းကို ကျပ်လေးဘီလီယံ အကုန်အကျခံ၍ ထပ်မံတိုးချဲ့ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ထံမှ သိရသည်။

လက်ပံတောင်းတောင် ပဋိပက္ခဖြစ်စဉ်၌ အင်အားသုံးဖြေရှင်းနေမှုနှင့် မိကျောင်းကန်သပိတ်စခန်း အား ဖြိုခွင်းမှုတို့အား ရှုတ်ချကြောင်း ဗကသမှ ဗိုလ်တစ်ထောင်ဘုရားအနီး ဆန္ဒပြ ဆုတောင်း ပွဲပြုလုပ်


RangonNewsDaily:: December . 26 .2014
လက်ပံတောင်းတောင် ပဋိပက္ခဖြစ်စဉ်၌ အင်အားသုံးဖြေရှင်းနေမှုနှင့် မိကျောင်းကန်သပိတ်စခန်းအား ဖြိုခွင်းမှုတို့အား ရှုတ်ချကြောင်း ဗကသမှ ကျောင်းသူကျောင်းသားများမှ ဗိုလ်တစ်ထောင်ဘုရားအနီး ဒုတိယနေ့အဖြစ် ဆန္ဒပြ ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင် ပဋိပက္ခဖြစ်စဉ်၌ အင်အားသုံးဖြေရှင်းနေသည့် အစိုးရနှင့် တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့၏ လုပ်ရပ်ကို ရှုတ်ချကြောင်း တစ်ကိုယ်တော်ဆန္ဒပြ


RangonNewsDaily:: December . 26 .2014
လက်ပံတောင်းတောင် ပဋိပက္ခဖြစ်စဉ်၌ အင်အားသုံးဖြေရှင်းနေသည့် အစိုးရနှင့် တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့၏ လုပ်ရပ်ကို ရှုတ်ချကြောင်း လသာမြို့နယ် လမ်း ၂၀ ရှိ တရုတ်ဘုံကျောင်းရှေ့နှင့် ဘုံကျောင်းအနီးတို့တွင် တစ်ကိုယ်တော်ဆန္ဒပြခဲ့ကြောင်း သိရသည်။