Pages

Pages - Menu

Friday, December 26, 2014

လက်ဖက်ရည်ဆိုင်တွင် အရက်သောက်နေသည့် သင်္ကန်းဝတ်ကို ဖမ်းဆီးလူဝတ်လဲ

RangonNewsDaily:: December . 26 .2014
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် (၅) ရပ်ကွက်အတွင်းလက်ဖက်ရည်ဆိုင်တွင် သင်္ကန်းဝတ်တစ်ဦး အရက်သောက်နေသည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ သင်္ကန်းဝတ်ကို သွားရောက်ဖမ်းဆီးမေးမြန်းရာ တွင် ကျောင်းတိုက်မရှိ၊ သာသ နာဝင်အမှတ်မရှိသူ ဖြစ်နေသောကြောင့် သာသနာညှိုးနွမ်းစေသည့် ပုဒ်မ ၂၉၅ (က)အရ အရေးယူထားကြောင်း မြို့နယ် သာသနာရေးမှူး ဦးမိုးသူကပြောသည်။

‘‘သူထိုင်နေတာက လက် ဖက်ရည်ဆိုင်မှာ။ ထိုင်ပြီးအရက် သောက်နေတာ။ အဲဒီဆိုင်က ဖုန်း ဆက်တိုင်တော့ ရပ်ကွက်အုပ်ချုပ် ရေးမှူးနဲ့ မြို့နယ်သာသနာရေး အဖွဲ့တွေ သွားပြီးခေါ်လာတာ။ အခုထိအမူးမပြေသေးလို့ဘာမှ တော့ စစ်လို့မရသေးဘူး’’ဟု အမှု လိုက်ရဲအရာရှိကပြောသည်။

ဖမ်းဆီးထားသော သင်္ကန်း ၀တ်ကို ကမာရွတ်မြို့မရဲစခန်း တွင် လူဝတ်လဲထားပြီး၎င်း၏မိဘ များထံ အကြောင်းကြားသော် လည်း သက်ဆိုင်သူများကတာဝန် ယူနိုင်ခြင်းမရှိဟု ပြောကြား ကြောင်း သတင်းရရှိသည်။
::
သင်္ကန်းဝတ်ဖြင့် အရက်မူး ပြီး လိုက်လံအလှူခံသည့် ရဟန်း များကို သက်ဆိုင်ရာအဖွဲ့များကလိုက်လံဖမ်းဆီးနေပြီး တာဝန်ယူ မည့်သူ(သို့မဟုတ်) သက်ဆိုင်ရာ ကျောင်းတိုက်မှ အာမခံပေးပါက ခံဝန်ကတိထိုးပြီး ပြန်လွှတ်ပေး ကြောင်း မြို့နယ်သာသနာရေးမှူး တစ်ဦးကဆိုသည်။

‘‘ဘုန်းကြီးဝတ်နဲ့ အလှူခံ တာတွေတော့ သိပ်မရှိပေမယ့် မူး ပြီး ပိုက်ဆံတောင်းတာတွေ တော့ရှိနေသေးတယ်။ မိန်းကလေးတွေ ဆီက အများဆုံး။ လုပ်သင်္ကန်းနဲ့ ဆိုတော့ လူတွေကလည်း ကြည့် နေတာပေါ့။ ဒါမျိုးတွေများများ ဖမ်းပေးမှကောင်းမယ်’’ဟု လ သာမြို့နယ်၌ နေထိုင်သူ မအေးအေး သန်းကပြောသည်။
::
ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဘာသာရေးအကြောင်း ပြကာ တောင်းရမ်းစားသောက် သူများကို လိုက်လံဖမ်းဆီးနေပြီး တရားစွဲဆိုခြင်းမပြုလုပ်ဘဲ ပညာ ပေး ပြန်လွှတ်ပေးပြီးနောက် ကမာရွတ်မြို့နယ်အတွင်း ပထမ ဆုံးတရားစွဲတင်ပို့သောအမှုဖြစ် ကြောင်း ကမာရွတ်မြို့နယ်မှူး ရဲမှူး ဦးဇော်ဝင်းကဆိုသည်။
::
ဘာသာရေးအကြောင်းပြ ကာ တောင်းရမ်းစားသောက်သူ များနှင့် သံဃာအတုအယောင် များကို ယခုလ ၃ ရက်မှစကာ စီမံချက်နှင့် ဖမ်းဆီးနေသော် လည်း အများစုကို ပညာပေးကာ ပြန်လွှတ်ခဲ့သည်။ ယခုအမှုသည် ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ်အရေး ယူမှုဖြစ်ပြီး ပဲခူးမြို့၌လည်း ဇန်န၀ါရီအတွင်း သံဃာတု ၁၀ ဦးဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိသည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment