Pages

Pages - Menu

Friday, December 26, 2014

တစ်သောင်းတန်အတုများ နည်းပညာမြှင့် ထွက်လာ၍အတုနှင့်အစစ်ခွဲခြားရန် ခက်ခဲလာ


RangonNewsDaily:: December . 26 .2014
ပြည်တွင်းတွင် ပျံ့နှံ့နေ သော ကျပ်တစ်သောင်းတန်ငွေ စက္ကူအတုအချို့သည် နည်းပညာမြင့်
မားသဖြင့် ပြည်သူများ သိထားရန် အခက်အခဲများ ရှိနေကြောင်း ပုဂ္ဂလိကဘဏ်များမှ ပညာရှင်များ
ကပြောကြားသည်။
‘‘စက်တွေနဲ့ စစ်ရုံနဲ့မပေါ်လို့ ၀န်ထမ်းတွေက အကြိမ်ကြိမ်စစ် ဆေးရတာတွေရှိတယ်’’ဟု မြန်မာ့ရှေ့ဆောင်ဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်စိုးမင်းက ပြောသည်။

ပြည်တွင်းတွင် ကျပ်တစ် သောင်းတန်ငွေစက္ကူအတုများ မ ကြာခဏတွေ့နေရပြီး ဘဏ်များ ၌ တွေ့ရှိပါကသုံးမရအောင် ဖျက်ဆီးပစ်သည့်အတွက် ငွေကြေး ဆုံးရှုံးမှုများလည်းရှိနေသည်။ ကျပ်တစ်သောင်းတန်ငွေစက္ကူတု များနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ ဖမ်းဆီးရရှိမှုသည် ယခု နှစ်တွင်အနည်းဆုံးလေးကြိမ်ထက်မနည်းရှိနေသည်ဟုဆိုသည်။
::
ထို့အပြင် ကျပ်တစ်သောင်း တန်ငွေစက္ကူအတုကျပ်သိန်းတစ် ထောင်နီးပါးကို ကျပ်သိန်းသုံး ဆယ်နှင့်အရောင်းအ၀ယ်ရှိနေ သည်ဟုသိရသည်။

ငွေစက္ကူအတုများသည် နိုင်ငံတိုင်းတွင်ရှိသော်လည်း တာ ၀န်ရှိသော အဖွဲ့အစည်းများက စနစ်တကျစစ်ဆေးဆောင်ရွက် ပေးရန်လိုအပ်ကြောင်း ကမ္ဘောဇ ဘဏ်အကြီးတန်းအကြံပေးဦး သန်းလွင်ကပြောသည်။ ငွေစက္ကူ အသစ်များထုတ်လုပ်ရာတွင် လည်း အရောင်ကို လေးငါးမျိုး ထည့်သွင်းရန်လိုကြောင်း၎င်းက အကြံပြုသည်။
::
‘‘အတုနဲ့အစစ်ကတော့ လိုက်တမ်းပြေးတမ်းကစားနေသ လိုပဲ’’ဟု ဦးသန်းလွင်ကပြောကြားသည်။
ငွေစက္ကူအတုတိုက်ဖျက် ရေးသည် အစိုးရနှင့်သက်ဆိုင်ရာ အဖွဲ့အစည်းများသာမက သုံးစွဲသူ ပြည်သူများလည်းပါဝင်ရန်လို အပ်ကြောင်း ဘဏ်လုပ်ငန်းရှင် များကအကြံပြုသည်။

ကျပ်တစ်သောင်းတန်ကဲ့သို့ တန်ဖိုးကြီးငွေစက္ကူအတုနှင့် အ စစ်ကို ခွဲခြားရန်အလွယ်ကူဆုံးအ ချက်မှာ အဖြူကွက်တွင်ပါဝင် သောရေစာနှင့်ငွေမင်ကြိုးတို့သည် အတုပြုရန်မလွယ်ကူသဖြင့် ၎င်းတို့ကို သေချာကြည့်ရှု လေ့လာ သင့်ကြောင်း ဦးသန်းလွင်ကပြော သည်။
::
ကျပ်တစ်သောင်းတန်ငွေ စက္ကူကို ၂၀၁၂ဇွန်လတွင်စတင် ထုတ်ဝေပြီး နောက်တစ်နှစ်ကျော် အကြာ၌ အတုများထွက်ပေါ် လာခြင်းဖြစ်သည်။ ယခင်က ငါး ထောင်ကျပ်တန်အတုများသာ ထွက်ပေါ်ခဲ့သော်လည်း ပုံစံပြောင်းလဲပြီးနောက်တွင် ကျပ် တစ်သောင်းတန်များကို ပိုမိုအတု ထုတ်လာခြင်းဖြစ်သည်။

ကျပ်တစ်သောင်းတန်ငွေ စက္ကူအတုထုတ်လုပ်မှုနှင့် ပတ် သက်၍ မြန်မာနိုင်ငံဗဟိုဘဏ်က ယနေ့အထိ ကြေညာချက်များ မ ထုတ်ပြန်သေးသော်လည်း ကျပ်ငါးထောင်တန်ကိုအတုနှင့်အစစ် ခွဲခြားရန် လမ်းညွှန်ချက်များကို နိုင်ငံပိုင်သတင်းစာများ၌ ကြေ ညာပေးခဲ့သည်။
::
နိုင်ငံတစ်ခုတွင် အသုံးပြုနေ သော ငွေကြေးကိုအတုများပေါ များစွာ ပြုလုပ်ခြင်းဖြင့် တန်ဖိုးကျ ဆင်းအောင်ပြုလုပ်နိုင်ကြောင်းစီး ပွားရေးပညာရှင်အချို့က ပြော ကြားပြီး လူအများယုံကြည်မှုကင်း မဲ့ကာ နိုင်ငံခြားငွေကြေးများအ ပေါ် ပိုမိုယုံကြည်လာရန်ရည်ရွယ် ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ် သည်ဟု ၎င်းတို့ကပြောသည်။
::
ကျပ်တစ်သောင်းတန်အတုဖြစ်၍ ဘဏ်မှထက်ဝက်ဖြဲပေးလိုက်သော စက္ကူပိုင်းကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

7Day Daily ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment