Pages
▼
Pages - Menu
▼
Tuesday, December 23, 2014
မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြသူ ၁၄ ဦး အာမခံရရှိ.
RangonNewsDaily:: December . 23 .2014
ရန်ကုန် မြို့တော်ခန်းမရှေ့ အပေါက်ဝကို ပိတ်ဆို့ဆန္ဒပြနေတဲ့ မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြသူ ၁၄ ဦးကို ကျောက်တံတားမြို့နယ် အနောက်ပိုင်းခရိုင်တရားရုံးမှာ တရားမဝင် လူစုဝေးမှု ပုဒ်မ ၁၄၃၊ မတရားတားဆီးကန့်ကွက်မှု ပုဒ်မ ၃၄၁ တို့အပြင် တရားမဝင်စီတန်းလှည့်လည်ခြင်း
ဆိုင်ရာ ပုဒ်မ ၁၈ နှစ်မှုနဲ့ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။
ဆိုင်ရာ ပုဒ်မ ၁၈ နှစ်မှုနဲ့ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။
မိသားစုတစ်စုလျှင် ကားတစ်စီးထက်ပိုမိုပိုင်သူများကို ပိုင် ဆိုင်မှုအခွန် (Property Tax) ကောက်ခံတော့မည်
RangonNewsDaily:: December . 23 .2014
မိသားစုတစ်စုလျှင် ကားတစ်စီးထက်ပိုမိုပိုင်သူများကို ပိုင် ဆိုင်မှုအခွန် (Property Tax) ကောက်ခံတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြေငလျှင်သတင်း ---- စစ်ကိုင်းတိုင်းဒေသကြီးဖောင်းပြင်မြို့အနီး ဗဟိုပြု၍ အင်အား ၅ ဒသမ ၂ ရှိ ငလျင်လှုပ်
RangonNewsDaily:: December . 23 .2014
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့အနီးတွင် ဒီဇင်ဘာ ၂၁ ရက်က ပြင်းအားရစ်ခ်ျတာ စကေး ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိခဲ့သော်လည်း အနီးဝန်းကျင်မြို့များတွင် လှုပ်ရှားမှုရှိခဲ့ကြောင်း သတင်းရရှိသည်။
မြို့တော်ခန်းမ ထွက်ပေါက်ရှိ မိကျောင်းကန် သပိတ်စခန်းကို ဖြိုခွဲ၊ ၁၄ ဦး ဖမ်းဆီးခံရ
RangonNewsDaily:: December . 23 .2014
ရန်ကုန်မြို့လယ်က မြို့တော်ခန်းမ ထွက်ပေါက်ကို ပိတ်ဆို့ဆန္ဒပြနေကြတဲ့ မိကျောင်းကန် သပိတ်စခန်းကို အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့၊ တပ်စည်ပင်နဲ့ အရပ်သား အင်အား ၁၀၀ နီးပါးက ဒီနေ့ မနက် ခြောက်နာရီ ဝန်းကျင်မှာ ဝင်ရောက်ဖြိုခွဲခဲ့ပြီး ဆန္ဒပြသူ ၁၄ ဦး ဖမ်းဆီးခံရတယ်လို့ မိကျောင်းကန် သပိတ်စခန်းမှာ ဆန္ဒပြနေတဲ့ ဒေါ်စောစန္ဒာက ပြောပါတယ်။
၂၀၁၃ ခုနှစ် အတွက်အကယ်ဒမီဆုရှင်များ ရွေးချယ်ပြီးပြီ
RangonNewsDaily:: December . 23 .2014
၂၀၁၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ရရှိသည့် သူများကို ဒီဇင်ဘာ ၁၈ ရက်က အပြီးသတ် စိစစ်ရွေးချယ် ခဲ့သည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။
ကရင်လူမျိုးများ နိုင်ငံအတွင်း အခြေချခဲ့သည်မှာ နှစ်ပေါင်း ၂၇၀၀ ကျော်ပြီဟုဆို
RangonNewsDaily:: December . 23 .2014
မြန်မာနိုင်ငံအတွင်း ကရင်လူမျိုးများရောက်ရှိ အခြေချသည်မှာ နှစ်ပေါင်း ၂၇၀၀ ကျော်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်သော ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ဟောပြောပွဲ အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဖဒိုစောထွန်းအောင်မြင့်က ပြောကြားသည်။
လှိုင်သာယာရှိ ကျူးများဖယ်ရှားစဉ် လူသုံးရာခန့်ငှားရမ်း အသုံးပြုခဲ့ဟု ကုမ္ပဏီ တာဝန်ရှိသူပြော
RangonNewsDaily:: December . 22 .2014
လှိုင်သာယာမြို့နယ် အ တွင်း ၀ါဝါ၀င်းကုမ္ပဏီပိုင်မြေနေ ရာနှင့် မြစိမ်းရောင်အိမ်ရာစီမံ ကိန်းမြေနေရာများရှိ ကျူးကျော်တဲ နှစ်ထောင်ကျော်ကို ဖယ်ရှားရန် လူ သုံးရာခန့်ငှားရမ်းခဲ့ကြောင်း ယင်းကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ ဒေါ်မိုးမိုးမြင့်ကပြောသည်။