Pages

Pages - Menu

Tuesday, December 23, 2014

လှိုင်သာယာရှိ ကျူးများဖယ်ရှားစဉ် လူသုံးရာခန့်ငှားရမ်း အသုံးပြုခဲ့ဟု ကုမ္ပဏီ တာဝန်ရှိသူပြော

RangonNewsDaily:: December . 22 .2014
လှိုင်သာယာမြို့နယ် အ တွင်း ၀ါဝါ၀င်းကုမ္ပဏီပိုင်မြေနေ ရာနှင့် မြစိမ်းရောင်အိမ်ရာစီမံ ကိန်းမြေနေရာများရှိ ကျူးကျော်တဲ နှစ်ထောင်ကျော်ကို ဖယ်ရှားရန် လူ သုံးရာခန့်ငှားရမ်းခဲ့ကြောင်း ယင်းကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ ဒေါ်မိုးမိုးမြင့်ကပြောသည်။
ဒီဇင်ဘာ ၁၅ရက်ညနှင့် ၁၆ ရက်ညတို့တွင် ကျူးကျော်တဲများ ဖယ်ရှားရာ၌ မီးရှို့မှုဖြစ်စဉ်များ ဖြစ်ပွားသည်ထိ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာလဆန်း က ကျူးကျော်သမားများဝင်ရောက်နေရာယူ တဲထိုးသော မြေဧက ၁၆၀သည် ၀ါဝါ၀င်း ကုမ္ပဏီပိုင်ဖြစ်ပြီး ယင်းမြေနေရာများကို မြေကွက်အကွက်လေးရာရိုက်၍ ပြန်လည်ရောင်းချရာလက်ရှိ လူဦးရေသုံးရာက ၀ယ်ယူထားကြောင်းသတင်းရရှိသည်။

‘‘ကျူးကျော်တဲတွေကို ဖယ် ရှားဖို့ ကော်မတီဖွဲ့စည်းခဲ့တယ်။ လူသုံးရာကို ငှားရမ်းပြီးတဲတွေကို ဖယ်ရှားခိုင်းတာပါ။ လူမသတ်ရ ဘူး။ လူမရိုက်ရဘူးလို့မှာထားပြီး ခိုင်းတာပါ။ တဲထဲမှာလူရှိရင် တောင် ထိန်းထိန်းသိမ်းသိမ်းလုပ် ဖို့မှာထားတာပါ။ ခေါ်ထားတဲ့သူ တွေက ဘယ်ကသူတွေမှန်းမသိ ဘူး။ ဆိုက်ကားသမားတွေပါ တယ်။ ဘယ်ကသူတွေမှန်း ကျွန်မတို့ မသိဘူး’’ဟု ဒေါ်မိုးမိုးမြင့်ကပြောသည်။
::
ရုန်းရင်းဆန်ခတ် ဖြစ်ပွား သည့် ညတွင် တဲလေးလုံးနှင့်ဆိုင် ကယ်တစ်စီးမီးရှို့မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ကျူးကျော်သမားများဘက်မှ အနည်းဆုံးခြောက်ဦးထက်မနည်းဒဏ်ရာရရှိမှုသည် ၎င်းတို့ခေါ်ယူထားသော လူသုံးရာ၏ လက်ချက် မဟုတ်ကြောင်း ဒေါ်မိုးမိုးမြင့်က ငြင်းဆိုသော်လည်း ကျူးကျော်သမားများအား 7Day Daily က သွားရောက်မေးမြန်းရာ ၀ါဝါ၀င်းကုမ္ပဏီကခေါ်ထားသောသူများ လုပ်သွားခြင်းဖြစ်ကြောင်း ပြောကြားသည်။

‘‘၀ါဝါ၀င်းက ခေါ်ထားတဲ့ လူမိုက်တွေပါ။ လက်ထဲမှာ ဓား တွေလည်းပါတယ်။ တဲတွေ မီးရှို့ တာလည်း သူတို့ပဲလုပ်သွားတာ ပါ။ လူတွေလည်း လေးခွနဲ့အပစ်ခံ ရလို့ ဒဏ်ရာရပါတယ်’’ဟု ၀ါဝါ ၀င်းကုမ္ပဏီပိုင်မြေပေါ်တွင် ကျူး ကျော်တဲဝင်ဆောက်သူ ဒေါ်မြင့်ခိုင်က ပြောသည်။

ဒဏ်ရာမရစေဘဲ ဖယ်ရှား ရန် ကျူးကျော်များကို တစ်ရက်ကြိုတင်အကြောင်းကြားခဲ့ကြောင်း ဒေါ်မိုးမိုးမြင့်က ဆိုသည်။
::
လှိုင်သာယာမြို့နယ်၊ ၀ါဝါ ၀င်းကုမ္ပဏီပိုင်မြေနေရာနှင့် မြ စိမ်းရောင်အိမ်ရာစီမံကိန်းမြေနေ ရာများတွင် ကျူးကျော်ထားသည့် ၁၅ ပေပတ်လည် မြေတစ်ကွက် လျှင် ကျပ်တစ်သိန်းမှ သုံးသိန်းထိ ပေါက်ဈေး ရှိနေပြီး ပြန်လည် လက်လွှဲရောင်းချခြင်းများဖြစ်ပွား ခဲ့သည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment