ကိုပါကြီးအသတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရန် မန္တလေးမြို့တွင် အောက်တိုဘာ ၂၇ ရက်က ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ - မောင်တာ)
RangonNewsDaily:: October . 30 .2014အလွတ်တန်းသတင်း ထောက် ကိုပါကြီးကို စစ်တပ်မှ သတ်ဖြတ်မှုအတွက် အမှုမှန် ဖော်ထုတ်ပေးရန်နှင့် တာဝန်ရှိသူများကို အရေးယူပေးရန် မန္တလေးမြို့တွင်ဆန္ဒထုတ်ဖော်သူများထဲမှ လူ ၂၀ ဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးအောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။