Pages

Pages - Menu

Thursday, October 30, 2014

UPWC နှင့် SSPP/SSA နေပြည်တော်တွင် တွေ့ဆုံရန်စီစဉ်

RangonNewsDaily:: October . 30 .2014
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ် ငန်းကော်မတီ(UPWC)တို့သည် မကြာမီ နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
‘‘နှစ်ရက်၊ သုံးရက်အတွင်း နေပြည်တော်မှာ တွေ့ဖို့ စီစဉ် ထားတယ်။ နယ်မြေတည်ငြိမ်ရေး ဖွံ့ဖြိုးရေးကိစ္စအပါအ၀င်အချက် လေးချက် ဆွေးနွေးဖို့ ရှိပါတယ်’’ဟု SSPP/SSA အထွေထွေအ တွင်းရေးမှူး ဦးစ၀်ခွန်ဆိုင်းက ပြောသည်။

နိုင်ငံတော်သမ္မတက အငြင်းပွားနေသော တာဖာဆောင်ဒေသ တွင်း မည်သူမျှမနေရန် ညွှန်ကြား ခဲ့သော်လည်း ယခုအချိန်ထိ တပ် မတော်က ယင်းနေရာမှ ဆုတ်ခွာ ခြင်းမရှိသေးကြောင်း ဦးစစ်ခွန် ဆိုင်းက ဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မ တီနှင့် SSPP/SSA တို့သည် အောက်တိုဘာ ၁၈ ရက်တွင် လားရှိုးမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ ပြီး လုပ်ငန်းကော်မတီမှ အချက် လေးချက် တင်ပြခဲ့သည်။

ပထမအချက်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးရေးအတွက် ဖွံ့ဖြိုးတိုး တက်ရေးပူးပေါင်း ညှိနှိုင်းဖော် ဆောင်ရေးအဖွဲ့ ဖွဲ့စည်းရန်၊ ဆက်ဆံရေးရုံးများကို ယခုထက် ပိုမိုအဆင့်မြင့်မားရန်၊ နှစ်ဖက် တပ်ပိုင်းဆိုင်ရာ ကိစ္စများအား အနီးကပ်တွေ့ဆုံညှိနှိုင်းဖြေရှင်း ရန်နှင့် နယ်မြေအတွင်းရှိနေသော ပြည်သူလူထုများ တည်ငြိမ်အေး ချမ်းစွာ နေထိုင်နိုင်ရေး နှစ်ဖက် တပ်များ ပူးပေါင်းရန်တို့ ဖြစ် သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်နှင့် မြန်မာ အစိုးရတို့ကြား အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလလယ်မှစ၍ တာဖာဆောင်ဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့ ပြီး ယင်းနေရာမှ SSPP/SSA မှ စခန်းများ ရွှေ့ပြောင်းပေးခဲ့ရ သည်

7Day , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment