Pages

Pages - Menu

Thursday, September 18, 2014

ချစ်တယ်ပြောအုံး

RangonNewsDaily:: September . 18 .2014

စိတ်ဆိုးတဲ့အခါ
နင် ငါ အသုံးအနှုန်းတွေနဲ့

ရန်ဖြစ်ကျတဲ့အခါ
ဘယ်သူအရင်စခေါ်မလဲ
အတွေးလေးတွေနဲ့

ဥရောပရုပ်ရှင်ပွဲတော် ရန်ကုန်တွင် ကျင်းပမည်

RangonNewsDaily:: September . 18 .2014
ဥရောပ(၇)နိုင်ငံမှ ရုပ်ရှင်များပါဝင်ပြသမည့် (၂၃)ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော် (The European Film Festival) ကို ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံတွင် စက်တင်ဘာ(၂၅)ရက်မှ အောက်တိုဘာ(၅)ရက်အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်သည်။

ကမ္ဘာ့ ဂန္တ၀င် ပန်းချီကားများ အရောင်မှိန် ဆေးပြယ်ကာ ပျက်စီးမည့် အန္တရာယ်ကြုံနေ


RangonNewsDaily:: September . 18 .2014
ဗင်းဆင့်ဗန်ဂိုး၏ “နေကြာပန်း ပန်းချီကားထဲက တောက်ပ ပျံ့လွင့်သော အ၀ါလွင်လွင်ရောင်များ တောက်ပနှုန်း ကျလာနေပြီး အဲဗတ်မန့်ခ်ျ၏ “အော်သံ ပန်းချီကားကို အသက်သွင်း ပေးနေသည့် လှိုင်းတွန့် တံလျှပ်များသည် လည်း မှိန်ဖျော့ဖျော့ ဆင်စွယ်ရောင်သို့ ကူးပြောင်း နေပြီဟု ပညာရှင်များ က သတိပေး ပြောကြားသည်။

ထိုင်းနိုင်ငံမှ သင်္ချာပုံနှိပ်စာအုပ်၏မျက်နှာဖုံးတွင် နာမည်ကြီး အပြာမယ်တစ်ဦး ၏ပုံ မှားယွင်းဖော်ပြ


RangonNewsDaily:: September . 18 .2014
ထိုင်းနိုင်ငံထုတ် သင်္ချာသင်ရိုးစာအုပ်၏မျက်နှာဖုံးတွင်ပါရှိသည့် ဆရာမတစ်ဦး၏ ပုံသည် အမှန်စင်စစ်အားဖြင့် နာမည်ကြီး အပြာမယ်တစ်ဦးဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည့်အတွက် ပညာရေးဝန်ကြီးဌာန အတွက် အရှက်ရဖွယ်ဖြစ် ခဲ့ကြောင်း သိရသည်။

ရတနာပုံတယ်လီပို့နှင့်ပူးပေါင်းရန် ထိုင်းအခြေစိုက်ကုမ္ပဏီဆွေးနွေး

RangonNewsDaily:: September . 18 .2014
ထိုင်းနိုင်ငံအခြေစိုက် အင်အားကြီးမီဒီယာလုပ်ငန်းစုတစ်ခုဖြစ်သော True Corporation သည် မြန်မာနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သော ရတနာပုံတယ်လီပို့နှင့်ပူးပေါင်းရန် ဆွေးနွေးမှုများပြုလုပ် နေကြောင်း ရိုက်တာသတင်းဌာနက ယနေ့ဖော်ပြသည်။

""Sexy ပါ တီ မြန် မာ ပြ ည်""


RangonNewsDaily:: September . 18 .2014
ယနေ့ခေတ် လူငယ်တွေကြားမှာ ပါတီတက်ခြင်းက ရေပန်းစားမှုတွေ ရှိလာပါတယ်။ ပါတီတွေဟာ ပျော်ပျော်ပါးပါး ကခုန်ဖို့နဲ့ လူငယ်တွေ၊ လူကြီးတွေ လွတ်လပ်စွာ အပန်းဖြေနိုင်ဖို့ ဖန်တီးပေးထားတဲ့ အနောက်တိုင်းယဉ်ကျေးမှု တစ်ခုဆိုရင်လည်းမမှားပါဘူး။

လ၀က်အတွင်း eVisa နှင့် လည်ပတ်သူပေါင်း ၄၀၀ ကျော်ရှိ

RangonNewsDaily:: September . 18 .2014
e Visa နဲ့ မြန်မာပြည်ဝင်ရောက်ဖို့ ခွင့်ပြုခဲ့တဲ့ လ၀က်အတွင်း မြန်မာပြည်ကို အဲ့ဒီဗီဇာနဲ့ လာရောက်လည်ပတ်သူပေါင်း ၄၀၀ ကျော် ရှိသွားပြီလို့ ရန်ကုန်လေဆိပ် လူဝင်မှု ကြီးကြပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သီဟက ဒီဗွီဘီကို ပြောပါတယ်။

Panasonic က ဈေးနှုန်းမြင့်မားသည့် Android အသုံးပြု စမက်ကင်မရာ CM1 ကို မိတ်ဆက်


RangonNewsDaily:: September . 18 .2014
Panasonic ကုမ္ပဏီအနေနဲ့ သူရဲ့ ပထမဆုံး Android OS အသုံပြုသည့် စမက်ကင်မရာဖြစ်သည့် Lumix Smart Camera CM1 ကို မိတ်ဆက်ခဲ့ပါတယ်။

မြ၀တီ၌ နှစ်ရက်ဆက်တိုက် ချိန်ကိုက်မိုင်းတွေ့ပြီးနောက် စစ်တပ်နှင့် လုံခြုံရေးတိုးမြှင့်

RangonNewsDaily:: September . 18 .2014
မြ၀တီမြို့တွင် လူစည် ကားရာနေရာများ၌ နှစ်ရက်ဆက် တိုက် ချိန်ကိုက်မိုင်းထောင်ထား သည်ကိုတွေ့ရပြီးနောက် စစ်တပ် နှင့်ရဲတပ်ဖွဲ့ကလုံခြုံရေးတိုးမြှင့် လိုက်သလို ဖမ်းဆီးထားသည့်ပါ ကစ္စတန်နိုင်ငံသားနှစ်ဦးကို အမိန့် ချသည့်နေ့ရက်နှင့်လည်းတိုက် ဆိုင်နေသောကြောင့် စိုးရိမ်ထိတ် လန့်နေကြရကြောင်းဒေသခံများ ကပြောကြားသည်။

သရုပ်ဆောင်ရဲတိုက်ကို စက်တင်ဘာ ၁၈ရက်တွင် စီရင်ချက်ချမည်


RangonNewsDaily:: September . 18 .2014
ပဲခူးတိုင်း တောင်ငူထောင်တွင် ထောင်ဒဏ်ကျခံနေရသည့် သရုပ်ဆောင် ရဲတိုက်ကို သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ဖြင့် ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် စက်တင်ဘာ ၁၆ရက် နေ့လည်က ရုံးချိန်း ချိန်းဆိုခဲ့သည်။
ယနေ့အပြီးသတ် စီရင်ချက်ချရန် ချိန်းဆိုထားသော်လည်း စက်တင်ဘာ ၁၈ရက်မှသာ စီရင်ချက်ချရန် တရားရုံးက ပြန်လည် ချိန်းဆိုလိုက်သည်ဟု သရုပ်ဆောင်ရဲတိုက်၏ ရှေ့နေက ပြောသည်။

MPT ဆင်းကတ်များ အင်တာနက် သုံးစွဲခွင့်အတွက် ငွေထပ်ပေးနေရ မှုကို ပယ်ဖျက်ရန် မဆွေးနွေးရသေး

RangonNewsDaily:: September . 17 .2014
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချပေး နေသော ဆင်းကတ်များတွင် အင်တာနက် သုံးစွဲခွင့်ရရှိစေရန် ကျပ်တစ်သောင်းနှုန်း ထပ်မံ ပေးသွင်း နေရခြင်းကို ပယ်ဖျက်နိုင်ရန် ဆွေးနွေး ဆောင်ရွက်မှု မရှိသေးကြောင်း ဒုတိယ အကြိမ်မြောက် Myanmar Connect (၂၀၁၄) မှ သတင်း ရရှိ သည်။ 

ဗိုလ်ချုပ်နေခဲ့သည့် ပဲခူးအဆောင် အပါအ၀င် အခြားအဆောင်များကိုပြင်၍ နေခွင့်ပြုမည်


RangonNewsDaily:: September . 17 .2014
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနေခဲ့သည့် ပဲခူးဆောင် အပါအဝင် ရန်ကုန်တက္ကသိုလ်ဝင်းအ တွင်းရှိ အဆောင်များကို အကြီးစားပြုပြင်ပြီး အဆောင်များအဖြစ် ဖွင့်လှစ်ထားရှိသွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူက မဇ်္ဈိမကို ပြောသည်။

ဇနီးကို သတိလစ်အောင် ရိုက်နှက်မှုဖြင့် အမှုရင်ဆိုင်နေသူ ဇနီးသက်သေထွက်စဉ် ဓားဖြင့်ထိုး

RangonNewsDaily:: September . 17 .2014
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် တရားရုံးတွင် ဇနီးကို သတိလစ်အောင် ရိုက်နှက်မှုဖြင့် အမှုရင်ဆိုင်နေသူ အမျိုးသားတစ်ဦးသည် စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီက တရားခွင်တွင် သက်သေထွက်ဆိုနေသည့် ဇနီးဖြစ်သူကို အသင့်ပါလာသည့် ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

လူသေဆုံးမှုမြင့်တက်နေတဲ့ ရွှေ့ပြောင်းလုပ်သားများ သင်္ဘောတိမ်းမှောက်မှု

RangonNewsDaily:: September . 17 .2014
ဆီးရီးယား၊ အီဂျစ်နိုင်ငံတွေက ရွှေ့ပြောင်းနေထိုင်သူတွေလိုက်ပါလာတဲ့ သင်္ဘော မြေထဲပင်လယ်အတွင်းမှာ နစ်မြုပ်ခဲ့တာကြောင့် သေဆုံးသူ
အရေအတွက်ဟာ ၅၀၀ နီးပါးအထိရှိလာနိုင်တယ်လို့ သိရပါတယ်။

တိုင်ဖုန်းမုန်တိုင်း မြန်မာနိုင်ငံအရှေ့ပိုင်းသို့ မုန်တိုင်းငယ်အဖြစ်ရောက်ရှိလာနိုင်

RangonNewsDaily:: September . 17 .2014
တိုင်ဖုန်းမုန်တိုင်းသည် ယမန် နေ့ညပိုင်းကစ၍ ဟိုင်နန်ကျွန်းကို စတင်ဖြတ်သန်းကာ ကုန်းတွင်း ပိုင်းရောက်ရှိသည့်တိုင် အားလျော့ သွားခြင်းမရှိဘဲ အနောက်မြောက် ဘက်ကို ဆက်လက်ခရီးနှင်ရာမှာ ယခုလ ၁၈ ရက် နံနက် ၃ နာရီ ခန့်မှစတင်ကာ မြန်မာနိုင်ငံအရှေ့ ပိုင်းဒေသသို့ မုန်တိုင်းငယ်အဆင့် ဖြင့် ရောက်ရှိလာနိုင်သည်ဟု မိုး လေဝသပညာရှင်ဒေါက်တာထွန်း လွင်က ခန့်မှန်းထားသည်။

လာမည့် ၃၆နာရီအတွင်း Kalmaegi မုန်တိုင်းအရှိန်ကြောင့်တိုင်းဒေသကြီးနှင့် ပြည်နယ်လေး ခုတွင် မိုးကြီးနိုင်ဟု ဒေါက်တာထွန်းလွင်သတိပေး

RangonNewsDaily:: September . 17 .2014
လာ မည့် ၃၆နာရီအတွင်း Kalmaegi မုန်တိုင်းအရှိန်ကြောင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်လေးခုတွင် မိုးကြီး နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောကြားသည်။

MPT၏ ညပိုင်းဖုန်းခေါ်ဆိုမှု လျော့ချရာတွင် အခြားအော်ပရေတာသို့ ခေါ်ဆိုမှု မပါဝင်

RangonNewsDaily:: September . 17 .2014
ရန်ကုန် ၊ မဇ္ဈိမ။ ။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ၏ ဖုန်းခေါ်ဆိုမှုတွင် ည ၁၁နာရီမှ နံနက် ၇နာရီအတွင်း ခေါ်ဆိုသည့် နှုန်းများကို ထက်ဝက် လျော့ချထားသော်လည်း ယင်းသို့ ကောက်ခံမှုမှာ MPT ဆင်းမ်ကတ် အချင်းချင်း ခေါ်ဆိုမှုသာ ဖြစ်ပြီး အခြားအော်ပရေတာများသို့ ခေါ်ဆိုမှု မပါဝင်ဟု MPT က တရားဝင် ထုတ်ပြန်ထားသည်။

ကားကြုံစီး မိန်းမလျာငါးဦး ဟံသာဝတီအဝိုင်း အနီးတွင် ငွေကျပ်ကိုးသိန်း ခိုးယူထွက်ပြေး

RangonNewsDaily:: September . 17 .2014
ကမာရွတ်မြို့နယ်၊ ဟံသာဝတီ အဝိုင်းအနီးတွင် စက်တင်ဘာလ ၁၄ ရက် ည ၉ နာရီခွဲခန့်က ကယ်ဒီနာဗင် အမျိုးအစား ကိုယ်ပိုင်ယာဉ်ပေါ် လမ်းကြုံလိုက်လာသော မိန်းမလျာငါးဦးက ယာဉ်ခေါင်းခန်း၌ သိမ်းဆည်းထားသည့် ငွေကျပ် ကိုးသိန်းကို ခိုးယူထွက်ပြေးခဲ့ကြောင်း ကမာရွတ် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

MPT ဆင်းကတ်လက်ဆောင် ပေးသော်လည်း ဟန်းဆက် ဈေးနှုန်းအပေါ် ငွေကျပ် နှစ်သောင်း တင်ကာ ရောင်းချခြင်းများ ရှိနေ


RangonNewsDaily:: September . 17 .2014
မန္တလေးမြို့ရှိ ဖုန်း အရောင်းဆိုင်ကြီး တချို့တွင် ဟန်းဆက် တစ်လုံး ဝယ်ယူသူ တိုင်းအား ငွေကျပ် ၁၅ဝဝ တန် MPT ဆင်းကတ် တစ်ကတ် ပေးသည် ဆိုသော်လည်း ဟန်းဆက် ဈေးနှုန်းများကို ရှိရမည့် ဈေးထက် ပိုမို တင်ထားခြင်းများ ရှိနေသောကြောင့် အရောင်းဆိုင်ကြီး များနှင့် ဝယ်ယူသူများ ကြားတွင် အဆင်မပြေ မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

“မန်းပဋိပက္ခပက်သတ်သူထဲက လ၀ကအက်ဥပဒေနဲ့တရားစွဲခံရသူနှစ်ဦးကို အလုပ်ကြမ်းနဲ့ထောင် ဒဏ်နှစ်နှစ်ကျခံဖို့်အမိန့်ချမှတ်”

RangonNewsDaily:: September . 17 .2014
မန္တလေးပဋိပက္ခစတင်ခဲ့တဲ့အကြောင်းအရင်းနဲ့ပတ်သတ်ပြီးတရားစွဲဆိုထားတဲ့အမှုတွေထဲကလ၀ကအက်ဥပဒေနဲ့တရားစွဲခံထားရသူနှစ်ဦးကိုပျဉ်းမနားမြို့နယ်တရားရုံးကအလုပ်ကြမ်းနဲ့ထောင်
ဒဏ်နှစ်နှစ်ချမှတ်ချမှတ်လိုက်ပါတယ်။