Pages

Pages - Menu

Thursday, September 18, 2014

MPT ဆင်းကတ်လက်ဆောင် ပေးသော်လည်း ဟန်းဆက် ဈေးနှုန်းအပေါ် ငွေကျပ် နှစ်သောင်း တင်ကာ ရောင်းချခြင်းများ ရှိနေ


RangonNewsDaily:: September . 17 .2014
မန္တလေးမြို့ရှိ ဖုန်း အရောင်းဆိုင်ကြီး တချို့တွင် ဟန်းဆက် တစ်လုံး ဝယ်ယူသူ တိုင်းအား ငွေကျပ် ၁၅ဝဝ တန် MPT ဆင်းကတ် တစ်ကတ် ပေးသည် ဆိုသော်လည်း ဟန်းဆက် ဈေးနှုန်းများကို ရှိရမည့် ဈေးထက် ပိုမို တင်ထားခြင်းများ ရှိနေသောကြောင့် အရောင်းဆိုင်ကြီး များနှင့် ဝယ်ယူသူများ ကြားတွင် အဆင်မပြေ မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။
လက်ရှိတွင် ငွေကျပ် ၁၅ဝဝ တန် MPT ဆင်းကတ်များကို အရောင်းဆိုင် များတွင် လွတ်လပ်စွာဖြင့် ရောင်းချ ပေးနေသည် ဆိုသော်လည်း ခွဲတမ်း အရသာ ဝယ်ယူသူ များထံသို့ ရောင်းချ ပေးနေရခြင်း ဖြစ်သောကြောင့် ဈေးကွက်တွင် ဝယ်လိုအား နှင့် ရောင်းလိုအား မျှတမှု မရှိသဖြင့် အရောင်းဆိုင် အများစုမှာ ဆင်းကတ် သီးသန့်ကို ရောင်းချ ပေးခြင်းမျိုး မရှိတော့ဘဲ ဟန်းဆက် များဖြင့် တွဲဖက် ရောင်းချ လာကြခြင်း ဖြစ်ကြောင်း မန္တလေးမြို့၊ ၃၅ လမ်းပေါ်ရှိ ဖုန်း အရောင်းဆိုင် တစ်ဆိုင်မှ ပိုင်ရှင် တစ်ဦးက ပြောပြသည်။

ဈေးကွက်တွင် MPT ဆင်းကတ်များ ရှားပါးမှုကြောင့် အရောင်းဆိုင်များ အနေဖြင့် ဟန်းဆက် ဝယ်ယူသူ များကိုသာ ဆင်းကတ် လက်ဆောင် ပေးခြင်း ဖြစ်သော်လည်း ဟန်းဆက် ဈေးနှုန်းတွင် ဆင်းကတ်ဖိုး ကို မှောင်ခိုဈေး အတိုင်း တင်ကာ ရောင်းချ ပေးခြင်းသည် ဝယ်ယူသူများ အပေါ် လှည့်စား ခြင်းသာ ဖြစ်ကြောင်း၊ 
::
ဖုန်း အရောင်းဆိုင် များတွင် ဆင်းကတ် ရှားပါးနေ သလောက် အွန်လိုင်း အသုံးပြု၍ ဖုန်းအရောင်း အဝယ် ပြုလုပ် နေသည့် Facebook group များတွင် MPT ဆင်းကတ်များကို တစ်ကတ်လျှင် ငွေကျပ် နှစ်သောင်း အနည်းဆုံးဖြင့် ပေါများစွာ ရောင်းချ နေသည်မှာ မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း ဖုန်းအသုံးပြု သူများက ပြောကြသည်။

''မနေ့က ဆိုင်တစ်ဆိုင် မှာ သွားပြီး MPT ဆင်းကတ် ဝယ်တော့ ဟန်းဆက်တစ်လုံး ဝယ်မှ လက်ဆောင် တစ်ကတ် ပေးမယ်လို့ ပြောတယ်။ ဒါနဲ့ ဟန်းဆက် ဈေးနှုန်းကို ကြည့်တဲ့ အခါမှာ အမှန်တကယ် ဖြစ်ရမယ့် ဈေးနှုန်းထက် ငွေကျပ် နှစ်သောင်း ပိုယူထား တာကို တွေ့ရပါတယ်။ 
::
အဲဒီကိစ္စကို ပြောတော့မှ ဝန်ထမ်း တစ်ယောက်က ဆင်းကတ် လက်ဆောင် မယူဘူး ဆိုရင်တော့ ဟန်းဆက်ကို ပုံမှန်ဈေး အတိုင်းပဲ ရောင်းပေးမယ် လို့ ပြောပါတယ် ... '' ဟု မန္တလေးမြို့မှ ကုမ္ပဏီ ဝန်ထမ်း တစ်ဦးက ပြောပြသည်။

Yadanarpondaily ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment