Pages

Pages - Menu

Thursday, September 18, 2014

ထိုင်းနိုင်ငံမှ သင်္ချာပုံနှိပ်စာအုပ်၏မျက်နှာဖုံးတွင် နာမည်ကြီး အပြာမယ်တစ်ဦး ၏ပုံ မှားယွင်းဖော်ပြ


RangonNewsDaily:: September . 18 .2014
ထိုင်းနိုင်ငံထုတ် သင်္ချာသင်ရိုးစာအုပ်၏မျက်နှာဖုံးတွင်ပါရှိသည့် ဆရာမတစ်ဦး၏ ပုံသည် အမှန်စင်စစ်အားဖြင့် နာမည်ကြီး အပြာမယ်တစ်ဦးဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည့်အတွက် ပညာရေးဝန်ကြီးဌာန အတွက် အရှက်ရဖွယ်ဖြစ် ခဲ့ကြောင်း သိရသည်။
သင်္ချာစာအုပ်၏ မျက်နှာဖုံးတွင် ပါရှိသူမှာ အမှန်စင်စစ် ဆရာမတစ်ဦးမဟုတ်ဘဲ XXX အဆင့်ရှိ ဂျပန် အပြာဇာတ်လမ်းသရုပ်ဆောင် နာမည်ကြီး အပြာမယ် Mana Aoki ဖြစ်နေသည်ကို မျက်စိလျင်သည့် ကျောင်းသားတစ်ဦးက စတင်သတိပြုမိခဲ့ သည်ဟု ဆိုသည်။

စာအုပ်ပုံနှိပ်ထုတ်ဝေသူကလည်း Costume Play Working Girl အမည်ရှိ ရုပ်ရှင်မှ ဓာတ်ပုံတစ်ပုံကို screenshot ၍ ယူထားခြင်းဖြစ်ကြောင်း နောက်ပိုင်း တွင် ၀န်ခံခဲ့သည်။


အဆိုပါဓာတ်ပုံပါဝင်ကြောင်း သတိမပြုမိခင်က စာအုပ်ပေါင်း ၃၀၀၀ ခန့်ကို တက္ကသိုလ် ၁၀ ခုသို့ ပေးပို့ထားပြီးဖြစ်သည်။ ယခုအခါတွင် အဆိုပါစာအုပ်များ ကို သက်ဆိုင်ရာက ပြန်လည်သိမ်းဆည်းလျက်ရှိပြီး မျက်နှာဖုံးအသစ်ဖြင့် ပြန်လည် ပုံနှိပ်ထုတ်ဝေလျက်ရှိသည်ဟု သိရသည်။


Ref: Daily News America ,News Watch , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment