Pages

Pages - Menu

Friday, August 15, 2014

ဖုန်းခေါ်ဆိုခ တစ်မိနစ် (၂၅) ကျပ်နှုန်းသာ ကောက်ခံမည်

RangonNewsDaily:: August . 15 .2014
Telenor မှ မည်သည့် ဖုန်းကိုမဆို ခေါ်ဆိုခတစ်မိနစ်လျှင် (၂၅)ကျပ်နှုန်း ဖြင့်သာ ကောက်ခံ သွားမည် ဖြစ်ကြောင်း Telenor Myanmar မှ သိရသည်။ လက်ရှိ မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းခေါ်ဆိုခ တစ်မိနစ် (၅၀) ကျပ်နှုန်းနှင့်
Ooredoo မှ တစ်မိနစ် (၃၅)နှုန်းဖြင့် ကောက်ခံလျက် ရှိသည်။

ဥရောပ ဘောလုံးလောက အပြောင်းအရွှေ့ သတင်း


RangonNewsDaily:: August . 15 .2014
ခရစ္စတယ်လ်ပဲလေ့စ် မန်နေဂျာ တိုနီပူးလစ်သည် ပရီးမီးယားလိဂ် ရာသီသစ် မစတင်မီ တစ်ရက်အလိုတွင် ရာထူးမှ ရုတ်တရက် နုတ်ထွက်သွားသည်။

EU သံအမတ်ကြီး ပဲခူးတိုင်းဒေသကြီးမှ ရေဘေးဒုက္ခသည်များနှင့်တွေ့ဆုံ


RangonNewsDaily:: August . 15 .2014
မြန်မာ နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံအမတ်ကြီး ရိုလန်ခိုဘီရာသည် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်ရှိ ကမာကလဲကျေးရွာမှ ကမာကလဲ ရွာ ဦးဘုန်းတော်ကြီးကျောင်းသို့ ဩဂုတ် ၁၃ ရက်တွင် သွားရောက် ကာရေဘေးဒုက္ခသည် ၃၀၀ နီးပါး နှင့်တွေ့ဆုံခဲ့သည်ဟု သိရသည်။

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေး အလှူငွေများ အလွဲသုံးစားလုပ်သည်ဟုဆိုကာ အဖွဲ့ခေါင်းဆောင် အပါအဝင် သုံးဦးကို အမှုဖွင့်

RangonNewsDaily:: August . 15 .2014
ဧရာဝတီ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သော ခရီးစဉ်တစ်လျှောက်တွင် အများပြည်သူ လှူဒါန်းခဲ့သော အလှူငွေများအနက် ကျပ်သိန်းနှစ်ရာကျော်ကို အလွဲသုံးစား ပြုခဲ့သည်ဟုဆိုကာ လမ်းလျှောက်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ကိုရဲထွဋ်ခေါင် အပါအဝင် သုံးဦးကို သြဂုတ်လ ၁၁ ရက်နေ့က ကျောက်တံတား မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အင်းစိန်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင် ဒေါ်သက်သက်မာက ပြောကြားသည်။

ကျောင်းသား/ကျောင်းသူ (၅၃) ဦး တင်ဆောင်လာသည့် စက်လှေ(၁)စင်း နစ်မြုပ်

RangonNewsDaily:: August . 15 .2014
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် စကားကြီးကျေးရွာ အုပ်စုတွင် သြဂုတ်လ (၁၂) ရက်နေ့နံနက် (၈) နာရီက ကုန်းချောင်း အ.ထ.က ခွဲမှ ကျောင်းသား/ကျောင်းသူ (၅၃)ဦးအား တင်ဆောင်လာသည့် စက်လှေတစ်စီး နစ်မြုပ်ခဲ့ကြောင်း သိရသည်။

ပုဒ်မ ၁၄၄ ရုပ်သိမ်းလိုက်သော်လည်း ဖမ်းဆီးထားသူများအား တည်ဆဲဥပဒေအရဆက်လက်အရေးယူမည်

RangonNewsDaily:: August . 15 .2014
ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးတွင် ထုတ်ပြန်ထားသည့်ပုဒ်မ ၁၄၄ အား ပြန်လည်ရုပ်သိမ်းလိုက်သော်လည်း ဖမ်းဆီးထားသူများအား တည်ဆဲဥပဒေ အရ ဆက်လက်အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးမှ ဒုရဲမှူးဇော်မင်းဦးကပြောသည်။

Bi မွန်းတည့်နေဂျာနယ်အမှု မြို့နယ်တရားရုံး အာမခံမပေး၍ ခရိုင်သို့ တက်မည်


RangonNewsDaily:: August . 15 .2014
Bi မွန်းတည့်နေဂျာနယ် ငွေစိုက်ထုတ်သူနှင့် သတင်းသမားများအမှုကို ပန်းဘဲတန်းမြို့နယ်တရားရုံးက သြဂုတ် ၁၄ရက်တွင် အာမခံမပေး၍ ခရိုင်တရားရုံးသို့ ဆက်လက် အာမခံတင်မည်ဟု ရှေ့နေ ဦးကျော်ဝင်းက ပြောသည်။ 

ပဟေဠိဆန်တဲ့ MH 370 ပျောက်ဆုံးမှု နောက်ဆက်တွဲ ပဟေဠိဆန်မှု

မလေးရှားလေကြောင်းလိုင်းက လေယာဉ်တချို့- ဓာတ်ပုံ- The Straits Times
RangonNewsDaily:: August . 15 .2014
ကမ္ဘာလောကကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေက နောက်ထပ် ထူးဆန်းတာတွေ ထပ်ဖြစ်လေ့ ရှိတတ်တယ် ဆိုတဲ့ စကားက မှန်သလိုဖြစ်နေပါပြီ။ 

မိုးမိတ်မှာ TNLA နဲ့ အစိုးရစစ်တပ် တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း ရှေ့တန်း စစ်မြေပြင်မှာ လှုပ်ရှားနေကြတဲ့ TNLA တပ်ဖွဲ့ဝင်များ 
RangonNewsDaily:: August . 15 .2014
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်၊ ရေပုံးကျေးရွာနဲ့ မိုးလုံကျေးရွာအကြားမှာ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၃၆၇) နဲ့ အစိုးရ စစ်တပ် တပ်မ (၇၇) လက်အောက်ခံတပ်ရင်းတို့ ဒီကနေ့မနက်ပိုင်းက ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ 

MPT ဖုန်းများ၏ အင်တာနက် စတင်အသုံး ပြုမှုဝန်ဆောင်ခ ကိုအခမဲ့ပေးနိုင်ရန် စီစဉ်နေ


RangonNewsDaily:: August . 15 .2014
အင်တာနက်စတင် အသုံးပြုမှု ၀န်ဆောင်ခကို ကျပ်တစ်သောင်း ပေးရသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)က ချထားပေးသည့် ဖုန်းများတွင် အခြားအော်ပရေတာများ နည်းတူဝန်ဆောင်ခ အခမဲ့ဖြစ်စေရန် အတွက် စီစဉ်နေသည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်းဌာနမှ လက်ထောက်အင် ဂျင်နီယာ ဦးကိုကိုအောင်က မဇ္ဈိမကို ပြောသည်။

မာရီကိုးလ် လို့အမည်ပြောင်းလိုက်တဲ့ မာရီနာ


RangonNewsDaily:: August . 15 .2014
နာဂတိုင်းရင်းသူ မော်ဒယ်၊ သရုပ်ဆောင် မာရီနာက မာရီကိုးလ် ဆိုတဲ့ အနုပညာအမည်ကို တရားဝင်ပြောင်းလဲလိုက်ြပီဖြစ်ပါတယ်။ ..နာမည်ပြောင်းဖြစ်တာက မာရီနာဆိုတာ တခြားအမည်နဲ့မှားတတ်တာရယ်၊ နောက်ဆုံးစကားလုံးကို မကြိုက်တာရယ် ကြောင့်ပါ။