Pages

Pages - Menu

Friday, August 15, 2014

ပုဒ်မ ၁၄၄ ရုပ်သိမ်းလိုက်သော်လည်း ဖမ်းဆီးထားသူများအား တည်ဆဲဥပဒေအရဆက်လက်အရေးယူမည်

RangonNewsDaily:: August . 15 .2014
ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးတွင် ထုတ်ပြန်ထားသည့်ပုဒ်မ ၁၄၄ အား ပြန်လည်ရုပ်သိမ်းလိုက်သော်လည်း ဖမ်းဆီးထားသူများအား တည်ဆဲဥပဒေ အရ ဆက်လက်အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးမှ ဒုရဲမှူးဇော်မင်းဦးကပြောသည်။
ယင်းပုဒ်မ ၁၄၄ အား သြဂုတ် ၁၁ ရက်တွင် ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်ကာ ဇူလိုင် ၃ ရက်မှ သြဂုတ် ၁၁ ရက်အထိ ရက်ပေါင်း ၃၉ ရက်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

''ပုဒ်မ ၁၄၄ ရုပ်သိမ်းလိုက်တာ မှန်ပါတယ်။ ဒါပေမဲ့ ဖမ်းမိထားတဲ့သူတွေ ကိုတော့ တည်ဆဲဥပဒေအရ ဆက်လက် အရေးယူမှာပါ''ဟု ယင်းကပြောသည်။


လက်ရှိအချိန်တွင် မန္တလေးပဋိ ပက္ခနှင့်ပတ်သက်၍ မေ့ပျောက်စပြု နေပြီဖြစ်ကာ တည်ငြိမ်မှုများစွာနှင့် အေးချမ်းသာယာနေပြီဖြစ်ကြောင်း သိရသည်။


''ပုဒ်မ ၁၄၄ ရုပ်လိုက်တဲ့အတွက် ကျွန်တော်တို့ ပျော်ပါတယ်။ လူတိုင်း ကလဲ နိုင်ငံကိုအကျည်းတန်စေတဲ့ ဒီ အဖြစ်အပျက်ကြီးကို မေ့ပစ်ချင်ကြမှာ ပါ''ဟု ဒေသခံတစ်ဦးဖြစ်သူဦးထွန်း သိန်းကပြောသည်။


ဖမ်းဆီးရမိသည့်သူများမှာ ဖမ်း ဆီးရမိပြီး မကြာမီကတည်းက တရား ရုံးသို့ တရားလိုလွှတ်ကာအရေးယူထား ပြီး ယခုအချိန်တွင်ရဲတပ်ဖွဲ့၌ ဖမ်းဆီး ရမိထားသည့်သူတစ်ဦးတစ်ယောက် မျှမရှိကြောင်း သိရသည်။


ဇူလိုင် ၃ ရက်မှ သြဂုတ် ၁၁ ရက် ကအထိ ဖမ်းဆီးရမိသူပေါင်း ၁၄ဝ၂ ဦးရှိကာ ထောင်ဒဏ်ခုနစ်ရက်နှင့် ၁ဝ၅၈ ဦး၊ ၁၅ ရက်ထောင်ဒဏ်နှင့် ၈ဝ ဦး၊ တစ်လထောင်ဒဏ်နှင့် တစ်ဦး၊ သုံးလထောင်ဒဏ်နှင့်သုံးဦး၊ ဒဏ်ငွေ ကျပ် ၂ဝဝ နှင့် ၁၁ ဦးတို့အား အရေး ယူထားကာခံဝန်နှင့် ၁၉၃ ဦးအား ပြန် လည်လွှတ်ပေးခဲ့ကာ တရားခံပြေးလေး ဦးရှိကြောင်းလည်း ထပ်မံသိရသည်။

ရန်ကုန်တိုင်းမ် , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment