Pages

Pages - Menu

Friday, August 15, 2014

ကျောင်းသား/ကျောင်းသူ (၅၃) ဦး တင်ဆောင်လာသည့် စက်လှေ(၁)စင်း နစ်မြုပ်

RangonNewsDaily:: August . 15 .2014
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် စကားကြီးကျေးရွာ အုပ်စုတွင် သြဂုတ်လ (၁၂) ရက်နေ့နံနက် (၈) နာရီက ကုန်းချောင်း အ.ထ.က ခွဲမှ ကျောင်းသား/ကျောင်းသူ (၅၃)ဦးအား တင်ဆောင်လာသည့် စက်လှေတစ်စီး နစ်မြုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စက်လှေနစ်မြုပ်မှုကြောင့် ကျောင်းသား /ကျောင်းသူများ အသက်အန္တရာယ် ဆုံးရှုံးမှုမရှိခဲ့ သော်လည်း အသက် (၁၂) နှစ် အရွယ် ကျောင်းသားတစ်ဦး ရေနစ်မွန်းမှုကြောင့် အဖျောက်ပြည့်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံခဲ့ရသည်။

အဆိုပါ စက်လှေမှာ ငနီကျေးရွာနှင့် သရောလှကျေးရွာ အကြားရှိ ရေထဲတွင် နစ်မြုပ်ကျန်နေသော တံတားငုတ်တိုင်အား တိုက်မိကာ တိမ်းမှောက်သွားခြင်း ဖြစ်ကြာင်း ဒေသခံများက ပြောသည်။ အဲနေရာက ချောင်းလေး ကလည်း ကျဉ်းတယ်။ ပထမငနီကျေးရွာ တံတားဟောင်းက ရေထဲမှာနစ်ကျန်နေတဲ့ အငုပ်ကို တိုက်မိပြီး မှောက်သွားတာ။ 


ကလေးတွေ ကတော့ ဒေသခံတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အချိန်မီ ကယ်နိုင်လို့ ဘာမှမဖြစ်ကြဘူး ဟု ငနီကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

 ကျောင်းသား စက်လှေနစ်မြုပ်မှုနှင့် ပတ်သက်၍ ယာဉ်မောင်း ဦးဇော်မင်းထွန်းအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၀ (ပ) ၁၇/ ၂၀၁၄ ဖြင့်အမှုဖွင့် ဆောင်ရွက်ထားကြောင်း ဓနုဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Messenger , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment