Pages
▼
Pages - Menu
▼
Sunday, June 1, 2014
သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ခွေးတစ်အုပ် ကိုက်ချီ
RangonNewsDaily: June . 1 .2014
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ မြလေးလမ်းတွင် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ခွေးတစ်အုပ်က ဝိုင်းကိုက်ကာ စားရန်အတွက် ချီသွားခဲ့ကြောင်း ကလေး၏ မိသားစုများထံမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် ယင်းလမ်း မူလတန်းကျောင်းဘေးရှိ နေအိမ်တစ်အိမ်မှ သုံးနှစ်အရွယ် ကလေးတစ်ဦးနှင့် ငါးနှစ်အရွယ် ကလေးတစ်ဦးသည် လမ်းပေါ်ထွက်ကာ မိုးရေချိုးနေစဉ် အဆိုပါ ကျောင်းဝင်းအတွင်းမှ ခွေး လေး၊ ငါးကောင်ခန့် ပြေးထွက်လာကာ သုံးနှစ်အရွယ် ကလေးတစ်ဦးကို ကိုက်ချီသွားကြောင်း ကလေး၏ မိခင်ဖြစ်သူက ပြောကြားသည်။

ဆန္ဒပြပွဲများကို တားဆီးရန် ထိုင်းနိုင်ငံတွင် စစ်သားများနှင့် ရဲများချထား
ဘန်ကောက်မြို့ ဈေးဝယ်စင်တာတစ်ခုဝင်ပေါက်မှ ကန့်ကွက်ဆန္ဒပြသူများကို ဖယ်ရှားလိုက်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေသည်ကို ဇွန် ၁ ရက်က တွေ့ရစဉ် (REUTERS/Damir Sagolj)
-AFP
RangonNewsDaily: June . 1 .2014
ဘန်ကောက် - စစ်တပ်ကို အာခံကာ ဆန္ဒပြမည်ဟု ခြိမ်းခြောက်ထားသော အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြသူများကို တားဆီးရန် အာဏာပိုင်များက ကြိုးစားကာ ဇွန်လ ၁ ရက်တွင် ဘန်ကောက်မြို့တစ်ဝန်း ရဲတပ်ဖွဲ့များနှင့် စစ်သားအင်အား ၆၀၀၀ ခန့်ချထားသည်ဟု ထိုင်းအရာရှိတစ်ဦးက ပြောသည်။
ဆော်ဒီမှ ထုတ်ဖော်ပြသခဲ့သည့် မဟာဗျူဟာမြောက်လက်နက်တပ်ဖွဲ့များ
RangonNewsDaily: May . 31 .2014
Saudi Arabian နိုင်ငံအနေဖြင့် Tehran၊ Baghdad၊ Islamabad နှင့် Washington တို့အတွက် ရည်ရွယ်၍ မဟာဗျူ
ဟာမြောက်ဒုံးပျံများကို ထုတ်ဖော်ပြသခဲ့ပါသည်။ အဆိုပါဒုံးပျံများသည် တရုတ်နိုင်ငံမှ ထုတ်လုပ်သော ဒုံးပျံများဖြစ်ပြီး Dong Feng (DF-3) ဟုခေါ်ကာ အရည်လောင်စာသုံးအမျိုးအစားများလည်း ဖြစ်ပါသည်။