Pages

Pages - Menu

Sunday, June 1, 2014

ဂန္ထဝင်ဘောလုံးသမားပီလီ၏သား ငွေကြေးခဝါချမှုဖြင့် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံရ


RangonNewsDaily: June . 1 .2014
ဆော်ပိုလို- ဘရာဇီးနိုင်ငံသား ဘောလုံးအကျော်အမော် ပီလီ၏သားဖြစ်သူ အီဒင်ဟိုသည် မူးယစ်ဆေးဝါးရောင်းဝယ်မှုမှရသောငွေများကို ငွေကြေးခဝါချမှုဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံလိုက်ရသည်။
အီဒင်ဟိုသည် ပီလီ၏အသင်းဟောင်း ဆန်းတို့စ်တွင် ၁၉၉၀ ပြည့်နှစ်များက ဂိုးသမားအဖြစ် ကစားခဲ့ဖူးသည့် ဘောလုံးသမားဟောင်းဖြစ်သည်။ ၎င်းသည် ဆန်းတို့စ်မြို့ရှိ နာမည်ဆိုးဖြင့်ကျော်ကြားသော မူးယစ်ဆေးရောင်းဝယ်သူတစ်ဦးနှင့် အဆက်အသွယ်ရှိပြီး မူးယစ်ဆေးရောင်းဝယ်မှုကြောင့် ၂၀၀၅ ခုနှစ်တွင် ပထမဆုံးအဖမ်းခံရပြီး ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

အီဒင်ဟိုက မူးယစ်ဆေးစွဲနေသည်ဟုဝန်ခံခဲ့သော်လည်း မူးယစ်ဆေးရောင်းဝယ်သည်ဆိုသော စွဲချက်ကိုငြင်းပယ်ခဲ့သည်။ ၎င်းကို ဆော်ပိုလိုပြည်နယ် ပီရာယီးယားဂရန်ဒီမြို့အနီးရှိ တရားရုံးတစ်ရုံးက ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ နာမည်ရင်း အဒ်ဆင်ချိုလ်ဘီဒိုနာစီမန်တို (ခေါ်) အီဒင်ဟို (၄၃)နှစ်သည် ဆန်ုးတို့စ်အသင်းတွင် ဂိုးနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ဘရာဇီးလက်ရွေးစင်အသင်းနှင့်အတူ ပီလီသည် ၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၇၀ ခုနှစ်များတွင် ကမ္ဘာ့ဖလားများရရှိခဲ့ပြီး ၎င်းမျိုးဆက်၏ အကြီးကျယ်ဆုံး ဘောလုံးသမားတစ်ဦးဖြစ်ကာ ၁၉၇၄ ခုနှစ်တွင် ဘောလုံးလောကမှ အနားယူခဲ့သည်။

BBC , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment