Pages

Pages - Menu

Sunday, June 1, 2014

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းများအတွက် စစ်တပ်လုံခြုံရေး ဖြည့်တင်းပေးမည်


RangonNewsDaily: June . 1 .2014
ဘရာဇီးလ်တွင် အစိုးရ၏ မူဝါဒများနှင့် ကမ္ဘာ့ဖလားတို့ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပေါ်နေသလို ဘရာဇီးလ် လက်ရွေးစင် အသင်းအတွက် ရည်ရွယ်ထားသော ဘတ်စ်ကားကိုပင် အကြမ်းဖက် တိုက်ခိုက်မှုများ ကြုံခဲ့ရသည် ။
ဘရာဇီးလ် နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၌ သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ လက်ရွေးစင် အသင်းများအတွက် ဘရာဇီးလ် စစ်တပ်က လုံခြုံရေး အားဖြည့် စောင့်ကြပ်ပေးသွားမည်ဟု သိရှိရသည်။

ဘရာဇီးလ်တွင် အစိုးရ၏ မူဝါဒများနှင့် ကမ္ဘာ့ဖလားတို့ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပေါ်နေသလို ဘရာဇီးလ် လက်ရွေးစင် အသင်းအတွက် ရည်ရွယ်ထားသော ဘတ်စ်ကားကိုပင် အကြမ်းဖက် တိုက်ခိုက်မှုများ ကြုံခဲ့ရသည်။ ယင်းအခြေအနေများကြောင့် ဘရာဇီးလ်ရောက် လက်ရွေးစင် အသင်းတိုင်း၏ လုံခြုံရေးကို ပိုမိုကြပ်မတ်နိုင်ရန် စစ်တပ်က တာဝန်ယူသွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

သမ္မတ ဒယ်လ်မာရူးဆက်ဖ်က ပြိုင်ပွဲဝင် အသင်းများကို စစ်တပ်က လုံခြုံရေး စောင့်ရှောက်ပေးမည့် အစီအစဉ်ကို သဘောတူလိုက်ပြီဟု ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ဆိုသည်။ ဘရာဇီးလ် စစ်တပ်သည် ပြိုင်ပွဲဝင် အသင်းတစ်သင်းချင်းစီ တည်းခိုသည့်ဟိုတယ်၊ အခြေစိုက်သည့် လေ့ကျင့်ရေးကွင်းများတွင် လုံခြုံရေးအင်အား ဖြည့်တင်းသွားမည် ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း ဆန္ဒပြသူများသည် ဘရာဇီးလ် အသင်းသားများကို သွားရောက်ကြိုဆိုသည့် ဘတ်စ်ကားကို ပိတ်ဆို့ထားသည့် အခြေအနေကြောင့် ပြဿနာ တက်ခဲ့သေးသည်။

“လက်နက်ကိုင် တပ်ဖွဲ့တွေကို လုံခြုံရေး ကဏ္ဍမှာ ထည့်အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပြီးသားပါ။ ခုတော့ အသင်းတိုင်းက ဘရာဇီးလ် ရောက်လာတော့မယ်။ ဒါကြောင့်လည်း တရားဝင် ကြေညာခဲ့တာပါ”ဟု ကာကွယ်ရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားသွားသည်။


ရီယိုဒီဂျနေရိုး မြို့တော်အပြင်ဘက်ရှိ တီရီဆိုပိုလစ်တွင် အခြေစိုက်သည့် ဘရာဇီးလ် လေ့ကျင့်ရေးကွင်းတွင် ဘရာဇီးလ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင် (၃၀)က ဖြန့်ကျက် လုံခြုံရေး ယူထားပြီ ဖြစ်သည်။ ပြိုင်ပွဲစတင်ချိန်တွင် ယင်းပမာဏထက် ပိုမို အားဖြည့် တာဝန်ချထားရန် ရည်ရွယ်ထားကြောင်းလည်း သိရှိရသည်။

Planet Myanmar , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment