Pages
▼
Pages - Menu
▼
Thursday, April 24, 2014
ဖြိုးငွေစိုး၏ ဇနီး မော်ဒယ်ဇင်ဇင် သားဦးရတနာလွယ်
RangonNewsDaily: April . 24 .2014
သရုပ်ဆောင် ဖြိုးငွေစိုးနှင့် မော်ဒယ်ဇင်ဇင်တို့ သားယောင်္ကျားလေး ကိုယ်ဝန်လွယ်ထား ရပြီဟု သရုပ်ဆောင် ဖြိုးငွေစိုးက ဧပြီ၂၄ရက်က ၎င်း၏ ဖေ့ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။
သရုပ်ဆောင် ဖြိုးငွေစိုးနှင့် မော်ဒယ်ဇင်ဇင်တို့ သားယောင်္ကျားလေး ကိုယ်ဝန်လွယ်ထား ရပြီဟု သရုပ်ဆောင် ဖြိုးငွေစိုးက ဧပြီ၂၄ရက်က ၎င်း၏ ဖေ့ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။
တောင်ကြီး အတက်လမ်းတွင် ကားမီးလောင်မှုဖြစ်
ရှမ်းပြည်နယ်တောင်ပိုင်း အေးသာယာမြို့မှတောင်ကြီးမြို့သို့ တက်လာသည့် ဟွန်ဒါဖစ်ခဲရောင် အမျိုးအစား ကားတစ်စီးသည် ဧပြီလ ၂၄ရက် ညနေ ၄နာရီ ၁၅ မိနစ်က တောင်ကြီး အတက်လမ်း 'ပ'ကွေ့ ရဲကင်းအနီး အရောက်တွင် အင်ဂျင်အပူလွန်ကဲ
ရာမှ ဝါယာရှော့ခ်ဖြစ်ကာ ကားတစ်စီးလုံး မီးလောင်ကျွမ်းခဲ့သည်ဟု အခင်းဖြစ်ပွားရာ နေရာ တွင် ရောက်ရှိနေသည့် တောင်ကြီးမြို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
ပရိသတ်ကရွေးတဲ့ အဆိုတော်အဖွဲ့ (သို့မဟုတ်) AKB48
RangonNewsDaily: April . 24 .2014
AKB48 (အသံထွက် – အေကေဘီ ဖော်တီအိတ်) ဟာ ဂျပန်နိုင်ငံမှာ အအောင်မြင်ဆုံးနဲ့ အဖွဲ့ဝင်အများဆုံး အမျိုးသမီး အဆိုတော် အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင်ပေါင်း ၆၄ ဖွဲ့ပါဝင်ပြီး သီးသန့်အဖွဲ့အနေနဲ့ ဖွဲ့စည်းထားတာမျိုးမဟုတ်ပဲ ပရိသတ်က ရွေးချယ်တဲ့ အဆိုတော် ၆၄ ယောက်ကို စုစည်းထားတာ ဖြစ်ပါတယ်။
လင်မယားစကားများရန်ဖြစ်ရာမှ နေအိမ်အားမီးရှို့ခဲ့သည့်ခင်ပွန်းဖြစ်သူကို အရေးယူပေးရန် ဇနီးဖြစ်သူမှတိုင်တန်း
RangonNewsDaily: April . 24 .2014
၂၃.၄.၂၀၁၄ ရက်နေ့ ၁၄၀၀ အချိန်တွင် တွံတေးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာနေ မသီသီဆွေမှ ၎င်းသည်နေအိမ်၌ ခင်ပွန်းဖြစ်သူ စိုးနိုင်၊(၃၈)နှစ်နှင့် စကားများရန်ဖြစ်ခဲ့ပြီး စိုးနိုင်မှာ နေအိမ်မှထွက်သွားခဲ့ကြောင်း၊ ၂၀၀၀ အချိန်တွင် ၎င်းနှင့်သမီးဖြစ်သူ မဟေမာန်ဦးတို့(၂)ဦး နေအိမ်၌ အိပ်နေစဉ်စိုးနိုင်ရောက်ရှိလာပြီး (၁၀)ပေပတ်လည် ဓနိမိုး၊ ထရံကာနေအိမ်၏နောက်
ဘက် မီးဖိုခန်းတွင်ကာရံထားသော ဓနိပျစ်များအားမီးရှို့ခဲ့ရာ ပတ်ဝန်းကျင်မှဝိုင်းဝန်းငြှိမ်းသတ်ခဲ့၍ ၂၀၀၁ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊

မန်ဝိုင်းကြီး ကယ်ဆယ်ရေး စခန်းများတွင် နေရာ မလုံလောက်၍ ဒုက္ခသည်များ နေအိမ်ပြန် လိုပါက စီစဉ်ပေးရမည့် အခြေအနေဖြစ်နေ
RangonNewsDaily: April . 24 .2014
မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်ပြည်နယ် မန်ဝိုင်းကြီးကျေးရွာအုပ်စု၊စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းများတွင် ဒုက္ခသည် ဦးရေ ထပ်မံတိုးမြင့်လာရာ နေရာချထားရန် အခက်အခဲ ဖြစ်နေသည့်အတွက် ဒုက္ခသည်များ နေအိမ်ပြန်လိုပါက စီစဉ်ပေးရမည့်
အခြေအနေသို့ ရောက်ရှိနေသည်ဟု ကယ်ဆယ်ရေးစခန်းများကို ထောက်ပံ့ပေးနေသည့် ဂရုဏာအသင်း မှ တာဝန်ခံ ကိုနော်ဒင့်က မဇ္ဈိမကို ပြောသည်။

အွန်လိုင်းမှ ကမ္ဘာ့ဖလားလက်မှတ်ဝယ်ယူသူများကို ဆိုက်ဘာလူဆိုးများက တိုက်ခိုက်လိမ့်မည်ဟု အင်တာနက်ကျွမ်းကျင်သူများ သတိပေး
RangonNewsDaily: April . 24 .2014
ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမတိုင်မီ၌ ဆိုက်ဘာလူဆိုးများသည် ကမ္ဘာ့ဖလားလက်မှတ်ဝယ်ယူသူများကို တိုက်ခိုက်လိမ့်မည်ဟု အင်တာနက်ကျွမ်းကျင်သူများက သတိပေးပြောဆိုလိုက်သည်။ အွန်လိုင်လူဆိုးများ၏ တိုက်ခိုက်မှု အချက်ငါးချက်လောက်ကို ကမ္ဘာ့ဖလားလက်မှတ်ဝယ်ယူသူများအဓိက ရင်ဆိုင်ရလိမ့်မည်ဟု ပြောဆိုခဲ့သည်။