Pages

Pages - Menu

Thursday, April 24, 2014

အွန်လိုင်းမှ ကမ္ဘာ့ဖလားလက်မှတ်ဝယ်ယူသူများကို ဆိုက်ဘာလူဆိုးများက တိုက်ခိုက်လိမ့်မည်ဟု အင်တာနက်ကျွမ်းကျင်သူများ သတိပေး


RangonNewsDaily: April . 24 .2014
ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမတိုင်မီ၌ ဆိုက်ဘာလူဆိုးများသည် ကမ္ဘာ့ဖလားလက်မှတ်ဝယ်ယူသူများကို တိုက်ခိုက်လိမ့်မည်ဟု အင်တာနက်ကျွမ်းကျင်သူများက သတိပေးပြောဆိုလိုက်သည်။ အွန်လိုင်လူဆိုးများ၏ တိုက်ခိုက်မှု အချက်ငါးချက်လောက်ကို ကမ္ဘာ့ဖလားလက်မှတ်ဝယ်ယူသူများအဓိက ရင်ဆိုင်ရလိမ့်မည်ဟု ပြောဆိုခဲ့သည်။
ဥပမာအားဖြင့် လက်မှတ်မှောင်ခိုပွဲစားများနှင့် အင်္ဂလန်အသင်း၏အင်္ကျီအတုပြုလုပ်မှုများဖြစ်သည်။ ထို့အပြင် တရားဝင်မဟုတ်သည့် ဖီဖာ၏အပလီကေးရှင်း(ဆော့ဖ်ဝဲလ်)များသည်လည်း ကမ္ဘာ့ဖလားကျင်းပရန် ၂ လအလို ကတည်းက ထွက်ပေါ်လျက်ရှိသည်။ ကမ္ဘာ့ဖလားစပွန်ဆာကုမ္ပဏီများနှင့် ပရိသတ်များသည် အွန်လိုင်းမုဆိုးများ၏တိုက်ခိုက်ခြင်းကို အဓိက ခံရလိမ့်မည်ဟု အင်တာနက်ကျွမ်းကျင်သူများက ဆိုခဲ့သည်။

ကြော်ငြာတာဝန်ခံဒါရိုက်တာ စတူးဝပ်ဖူလာက “နာမည်ကြီးကုမ္ပဏီတွေနဲ့ ဘောလုံးပရိသတ်တွေအတွက် အင်တာနက်က တကယ်ကို အန္တရာယ်ရှိတဲ့နေရာပါ။ ကမ္ဘာ့ဖလားနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက ပရိသတ်တွေပိုမိုစိတ်ဝင်စားလာအောင် စွဲဆောင်နေကြသလို အွန်လွန်းလူဆိုးတွေကလည်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အသုံးချကာ အွန်လိုင်းကနေတိုက်ခိုက်ပါလိမ့်မယ်။ တိုးတက်လာတဲ့နည်းပညာပိုင်းနဲ့ လိမ်လည်သူတွေက စစ်မျက်နှာဖွင့် တိုက်ခိုက်မှုတွေ များပြားလာပါလိမ့်မယ်” ဟုပြောဆိုခဲ့သည်။

ဘရာဇီးကမ္ဘာ့ဖလားလက်မှတ်ဝယ်ယူထားသည့် ထောင်ပေါင်းများစွာသော ပရိသတ်များကို သုတေသနပြုမှုအရ ဗိုလ်လုပွဲလက်မှတ်ဈေးနှုန်းမှာ ပေါင် ၂၃၇၀ အထိ ဈေးတက်သွားခဲ့ကြောင်းသိရသည်။ အဆိုပါဈေးနှုန်းမှာ ဖီဖာက တရားဝင် သတ်မှတ်ထားသော ဈေးနှုန်းထက် လေးဆခန့်မြင့်မားလျက်ရှိနေသည်။

 ပြီးခဲ့သည့်လက အင်္ဂလန်အသင်းအင်္ကျီ တရားဝင် ထုတ်ဖော်ပြသပြီးနော်တွင်လည်း နာရီပိုင်းအတွင်းမှာပင် အတုအပပြုလုပ်မှုများထွက်ပေါ်လာခဲ့သည်။ အချို့ အင်္ကျီရောင်းချသူများ မှာ ပရိသတ်များကို အကြိမ် ၁၀၀ ခန့် ကမ်းလှမ်းမှုများပြုလုပ်ခဲ့ကြသည်။

မိုဘိုင်းအပလီကေးရှင်း(ဆော့ဖ်ဝဲလ်)များနှင့်ပတ်သက်၍လည်း အဓိကဆိုင်ကြီးများ၌ပင် တရားမ၀င်ဆော့ဖ်ဝဲလ်များကိုတွေ့ရှိခဲ့ ရသည်။

ရည်ညွှန်း ဂါးဒီးယန်း
Mizzima  , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment