Pages

Pages - Menu

Thursday, April 24, 2014

စပါးစ်အသင်း၏ ရလဒ်ဆိုးများအတွက် အသင်းဖော်များကို ဂိုးသမားလိုရစ်ပြစ်တင်


RangonNewsDaily: April . 24 .2014
၂၀၁၃-၁၄ ဘောလုံးရာသီစပါးစ်အသင်း၏ရလဒ်များအတွက် အသင်းဖော်များအား ဂိုးသမား လိုရစ်က ပြစ်တင်ဝေဖန်လိုက်သည်။ နည်းပြတင်ရှားဝုဒ်၏ စပါးစ်အသင်းမှာ ပရီးမီးယားလိဂ်အဆင့် ၆ နေရာတွင်ရပ် တည်နေပြီး လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ကိုလွဲရရန်ရှိနေသည်။
ခံစစ်ပိုင်းအမှားအယွင်းများကြောင့် ရလဒ်များထိခိုက်ခဲ့ရပြီး ထိပ်သီး ၄ သင်းနှင့်ရင်ဆိုင်ခဲ့သော ၈ ပွဲတွင် ၂၇ အထိပေးခဲ့ရသည်။ အသင်းဖော်များ၏ အားနည်းချက်များကြောင့် ဂိုးပေါက်ကာကွယ်မှုပိုမိုပြုလုပ်ခဲ့ရသော အဆိုပါပြင်သစ်လက်ရွေးစင် ဂိုးသမားက အသင်း၏စွမ်းရည်များအပေါ် သုံးသပ်ရာ၌ “လာမယ့်ရာသီမှာ အမှားလုပ်မိရင် ပိုခက်မယ်။

အထူးသဖြင့် ထိပ်သီး ၄သင်း ၅ သင်းလောက်နဲ့ ရင်ဆိုင်ရတဲ့အခါမှာပေါ့။ ကျွန်တော်တို့ဆိုးရွားတဲ့ ရှုံးပွဲတွေ ကြုံခဲ့ရပြီးပြီ။ ဒီရာသီမှာ အရှုံးပေးရတာကို အကျင့်တစ်ခုလိုစွဲမြဲနေပြီ။ ကျွန်တော်တို့အနေနဲ့ တစ်ချို့ပွဲတွေမှာပြသခဲ့တဲ့ ခြေစွမ်းမျိုး ထပ်မံပြသဖို့လိုတယ်။ ပွဲတိုင်းမှာ အမြင့်ဆုံးစိတ်ဓါတ်နဲ့ ယှဉ်ပြိုင်ကစားဖို့လိုတယ်။ ဘာကြောင့်လဲဆို တော့ ဒီလိဂ်မှာက ပွဲတိုင်းကို ရာနူန်းပြည့် အာရုံစူးစိုက်ရမှာဖြစ်လို့ပဲ” ဟု ပြောကြားခဲ့သည်။

လိုရစ်သည် ဖူလ်ဟမ်ကို ၃-၁ ဂိုးဖြင့်အနိုင်ရခဲ့သောပွဲစဉ်တွင် ပင်နယ်တီတစ်လုံးနှင့် အပိုင်ခေါင်းတိုက်ခွင့် တစ်ကြိမ်တို့ကိုကာကွယ်နိုင်ခဲ့ပြီးနောက် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည်။ ယင်းနှင့်ပတ် သက်၍ ၎င်းက “အကောင်းဆုံးဆုရတာကတော့ ၀မ်းသာစရာပေါ့။ ဒါပေမယ့် ဂိုးသမားကအကောင်းဆုံးဆုရ တယ်ဆိုတော့ အသင်းကကောင်းကောင်း မကစားနိုင်ခဲ့ဘူးဆိုတဲ့ သဘောသက်ရောက်နေတယ်။ 


ကျွန်တော်ဟာ ပွဲတိုင်းကို အကောင်းဆုံးဖြစ်အောင်ယှဉ်ပြိုင်နေသူဖြစ်ပြီး အသင်းဖော်တွေကိုလည်း ကျွန်တော့်လိုပဲဖြစ်စေချင်တယ်။ ကျွန်တော်တို့ဟာ အလွန်မြင့်မားတဲ့အဆင့်မှာကစားနိုင်တယ်လို့ ခံစားမှုရှိနေပေမယ့် ပွဲစဉ်တစ်ပွဲအတွင်းမှာတင် အလွန်ဆိုးရွားတဲ့အဆင့်အတန်းမျိုးကိုလည်း ပြောင်းသွားတတ် သေးပြန်တယ်။ 

ဒါကပဲ ဒီရာသီမှာ ကျွန်တော်တို့အကြိမ်အတော်များများဒုက္ခရောက်စေခဲ့တယ်”ဟု အဆုံးသတ် ပြောကြားခဲ့သည်။

 ဆော်ကာဝေး

KOLATT(PBDN)

RangonNewsDaily

No comments:

Post a Comment