Pages
▼
Pages - Menu
▼
Tuesday, April 22, 2014
မန်ချက်စတာ ယူနိုက်တက် အသင်း ဘုတ်အဖွဲ့က မန်နေဂျာ ဒေးဗစ်မွိုင်းစ်ကို ထုတ်ပယ်လိုက်ပါပြီ
RangonNewsDaily: April . 22 .2014
ဒီနှစ်ဘောလုံးရာသီးမှာ မန်ယူ အသင်း ရလာဒ်တွေ ဆိုးဆိုးဝါးဝါး ဖြစ်နေခဲ့ပြီး ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်လည်း ဆုံးရှုံးသွားရတဲ့ အတွက် မန်နေဂျာမှာ တာဝန်ရှိတယ်ဆိုပြီး အသင်းပရိသတ်တွေက သူ့ကို ထုတ်ဖို့ တောင်းဆိုနေခဲ့တာ တော်တော်ကြာပါပြီ။

ခင်ပွန်းဖြစ်သူ လူမှုရေးဖောက်ပြန်နေသည်ကိုတွေ့ရှိခဲ့သည့် ဇနီးမှ ကတ်ကြေးဖြင့်ထိုးခဲ့သဖြင့် ခင်ပွန်းသေဆုံး
RangonNewsDaily: April . 22 .2014
၂၂.၄.၂၀၁၄ရက်နေ့ ၀၄၀၀အချိန်ခန့်တွင် ဒဂုံမြောက်မြို့နယ်၊ (၄၈)ရပ်ကွက်၊အောင်တံခွန်လမ်းရှိ ၀ါးရုံတောအတွင်း ကိုရဲကျော်၊
(၂၀)နှစ်ကို ဇနီးဖြစ်သူမှ ကတ်ကြေးဖြင့်ထိုးခဲ့၍ ၀ဲရင်အုံအထက်၌ ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိကာမြောက်ဥက္ကလာပဆေးရုံ၌ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသလျက်ရှိပါသည်။

သက်တမ်းကုန်လျှင် ၀န်ကြီးထပ်မလုပ်တော့ဟု လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်ကြေညာ
RangonNewsDaily: April . 22 .2014
သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့မှ ပြည်ထောင်စု ၀န်ကြီး ၃၆ ဦးအနက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က သက်တမ်းကုန်လျှင် ၀န်ကြီး ဆက်လုပ်မည်မဟုတ်ကြောင်း တရားဝင်ကြေညာလိုက်သည်။
‘‘ကျွန်တော်က နောက်ထပ် ၂ နှစ်ဆိုရင် လုံးဝဆက်မလုပ်တော့ဘူး။ လယ်/ဆည်ဝန်ကြီးကို။ဒါခင်ဗျားတို့ကို အတိအလင်း ကြေညာတာ’’ဟု ဧပြီ ၂၀ရက်တွင်နေပြည်တော် ပျဉ်းမနားမြို့နယ် အလျင်လိုကျေးရွာ ဧက ၄၄၀ စက်မှုလယ်ယာရိပ်သာ၌ နေပြည်တော်ဒေသခံ လယ်သမားများနှင့် တွေ့ဆုံစဉ် ဦးမြင့်လှိုင်က တရားဝင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးဝင်းတင် ဈာပနနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအဖွဲ့များကြား သဘောထားကွဲလွဲ
RangonNewsDaily: April . 22 .2014
ယနေ့နံနက် ၆နာရီ ခွဲခန့်က ရန်ကုန်ပြည်သူဆေးရုံကြီးတွင် ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်
(၈၅)နှစ် ရဲ့ ဈာပနနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြား နိုင်ငံရေး အသင်းအ
ဖွဲ့များအကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိပါတယ်။

စင်ကာပူနိုင်ငံသို့ ဘွဲ့စာရွက်စာတမ်း အတုဖြင့် သွားရောက်ခဲ့သည့် မြန်မာ ၁၂ ဦးကို ခေါ်ယူစစ်ဆေးမည်
RangonNewsDaily: April . 22 .2014
စင်္ကာပူနိုင်ငံသို့ စာရွက်စာတမ်း အတုများဖြင့်သွားရောက်ခဲ့သည့် မြန်မာအလုပ်သမား၁၂ ဦးကို ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု
လုပ်ငန်းရှင်များ အသင်းမှ ခေါ်ယူ စစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါ အသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်က The Daily Eleven သတင်း
စာသို့ ပြောကြားသည်။အဆိုပါ စာရွက်စာတမ်း အတုများဖြင့် စင်ကာပူနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်ခဲ့သည့် အလုပ်သ
မားများသည် ဧပြီ ၁၂ ရက်က အလုပ်သမား ၁၁ ဦး၊ ဧပြီ ၂၀ ရက်က အလုပ်သမား ၁ ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာခဲ့
သည်။

ကူးတို့ သင်္ဘောအား စွန့်ခွာခဲ့သော သင်္ဘော ကပ္ပတိန်၏ လုပ်ရပ်သည် လူသတ်မှုနှင့်အလား သဏာန်တူကြောင်း တောင်ကိုရီးယား သမ္မတ ပြောကြား
RangonNewsDaily: April . 22 .2014
နစ်မြုပ်သွားခဲ့သော Sewol အမည်ရှိ တောင်ကိုရီးယား ကူးတို့သင်္ဘောပေါ်တွင် လိုက်ပါ စီးနင်းလာသည့် ခရီးသည်များနှင့် သင်္ဘောအား စွန့်ခွာခဲ့သည့် သင်္ဘော ကပ္ပတိန်နှင့်
အချို့သော သင်္ဘောအမှုထမ်းများ၏ လုပ်ရပ်သည် လူသတ်မှုနှင့် အလားသဏ္ဌာန် တူကြောင်း ဧပြီ ၂၁ ရက်တွင် တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေး က ပြင်းပြင်းထန် ထန် ပြစ်တင်ဝေဖန် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းတစ်ရပ်အရ သိရသည်။
မော်တော်ယာဉ် စလစ်ဈေးနှုန်းများ ပြန်လည်မြင့်တက်
RangonNewsDaily: April . 22 .2014
ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ မော်တော်ယာဉ်ဟောင်း အပ်နှံခွင့်နှင့် ပတ်သက်၍ အက္ခရာ နံပါတ်သစ်များ လက်ခံ
မည်ဟု ကြေညာခဲ့ခြင်းကြောင့် မော်တော်ယာဉ် စလစ်ဈေး ကျဆင်းသွားခဲ့ရာမှ ဧပြီလ ဒုတိယပတ်အတွင်းမှ စတင်၍ မော်တော်
ယာဉ် တင်သွင်းခွင့် စလစ်တစ်စောင်လျှင် ကျပ်ဆယ်သိန်းနီးပါးခန့် ပြန်လည် မြင့်တက်လာကြောင်း ရန်ကုန် ကားဈေးကွက်အတွင်းမှ သိရသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ အဖြေလွှာအားလုံး ဧပြီ ၂၃ အပြီးစစ်မည်
RangonNewsDaily: April . 22 .2014
ပညာရေး ဝန်ကြီးဌာနက ကျင်းပသော ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဘာသာရပ် အဖြေလွှာ အားလုံးနီးပါး စစ်ဆေးပြီးဖြစ်ပြီး ကျန်ရှိနေသော အဖြေလွှာများ အတွက်လည်း ဧပြီလ ၂၃ ရက်နေ့ မတိုင်မီ အပြီးသတ် စစ်ဆေးရန် စီစဉ်ထားကြောင်း အဆင့်မြင့်ပညာ အသိုင်းအဝိုင်း စာစစ် တာဝန်ကျသူများထံမှ စုံစမ်းသိရှိရသည်။အဖြေလွှာ အားလုံး စစ်ဆေးပြီးပါက သက်ဆိုင်ရာ အဆင့်မြင့်ပညာ တာဝန်ရှိသူများက အမှတ်စာရင်းများကို ကွန်ပျူတာ စာရင်းသွင်းမည် ဖြစ်ကြောင်း၊ ယင်းနောက် မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာနသို့ အပ်နှင်းခြင်းကို အစဉ်လိုက် လုပ်ဆောင်သွားရန် ရှိကြောင်း ၎င်းတို့က The Voice သို့ ပြောကြားသည်။