Pages

Pages - Menu

Tuesday, April 22, 2014

ဦးဝင်းတင် ဈာပနနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအဖွဲ့များကြား သဘောထားကွဲလွဲ

RangonNewsDaily: April . 22 .2014
ယနေ့နံနက် ၆နာရီ ခွဲခန့်က ရန်ကုန်ပြည်သူဆေးရုံကြီးတွင် ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်
(၈၅)နှစ် ရဲ့ ဈာပနနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြား နိုင်ငံရေး အသင်းအ
ဖွဲ့များအကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိပါတယ်။
ဒီချုပ် နာယက ဦးဝင်းတင် ဈာပနကို ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှ ကွယ်လွန်သူ ဦးဝင်းတင်ရဲ့ ဆန္ဒအတိုင်း နေ့ချင်းသဂြိုဟ်
ရန် ပြောကြားခဲ့သော်လည်းနိုင်ငံရေးအကျဉ်းသားများအဖွဲ့၊ သတင်းစာဆရာများအသင်း နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
ကိုမိုးသီးဇွန် တို့မှ ဒေါ်အောင်ဆန်းစုကြည်၏ စကားကို ဆန့်ကျင်ကာ ဈာပနကို ၃ ရက်ကြာမှသဂြိုဟ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ကာယကံရှင် ဦးဝင်းတင်ရဲ့ ဆန္ဒနှင့် ပတ်သက်ပြီးအနီးကပ် ပြုစုပေးခဲ့တဲ့ ဦးမောင်မောင်နိုင်က အခုလိုပြောပါတယ်။“ဘဘကြီး

သဘောထားကတော့ တန်းပြီး သဂြိုလ်စေချင်တယ်၊ သူသေလို့ရှိရင် မြန်မြန်သဂြိုလ်ပေးပါ လို့ မှာသွားတယ်”ဟု ဆိုပါတယ်။

ဦးဝင်းတင် ဈာပနအတွက် ဒေါ်အောင်ဆန်းစုကြည်အားနံနက် ၇ နာရီ ခွဲခန့်တွင် ဖုန်းဆက်မေးမြန်းခဲ့ချိန်တွင် ဒေါ်အောင်
ဆန်း
စုကြည်မှ ကွယ်လွန်သူ၏ ဆန္ဒအတိုင်းချက်ခြင်းသဂြိုဟ်ပေးဖို့ ပါတီဥက္ကဌ တစ်ဦးအနေဖြင့် စေခိုင်းခဲ့ ပါတယ်။

ဦးဝင်းတင်ဈာပနသို့ ကိုယ်တိုင်ရောက်ရှိနေသူဦးတင်ဦးကတော့ “သူသေလို့ရှိရင် မြန်မြန် သဂြိုလ်ပေးပါ။ အကောင်အ
ထည်
 ဖော်ဖို့ ကြိုးစားတာပဲ။ သူ့ ရဲ့စိတ်ထားကဒီပြင့်လူကို ဒုက္ခမ ပေးချင်ဘူးဆိုတာမှန်တယ်။သို့သော် ဒါနဲ့ပတ်သတ် လို့ အဖွဲ့စည်း
ကနည်းတဲ့ အဖွဲ့ အစည်းမဟုတ်ဘူး။ အများကြီးရှိတယ်။

အန်အယ်ဒီရှိ တယ်။ အနုပညာလောက ရှိတယ်။ သတင်းစာ လောကရှိတယ်။ နိုင်ငံ ရေးအကျဉ်းသားလောက
ရှိတယ်။ ဒါတွေနဲ့ပတ်သတ် လို့ပစ်ထားလို့မ ရဘူးလေ။ သူတို့ဒီခေါင်းဆောင်ကို တွေ့ချင်တယ်။
နောက်ဆုံးနူတ်ဆက်ချင်မယ်။ အလေးပြုချင်မှာပဲ။ဆုံးသွားတဲ့အချိန်နဲ့ ပြောတဲ့ဆိုတဲ့ အချိန်တွေက နေဝက် ကျော်သွားတော့ ဘယ်လို လုပ်မလဲ” လို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။

ဦးတင်ဦးမှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ဖုန်းဆက်၍ ၎င်းတို့၏ သဘောထားကို ပြောကြားခဲ့ရာဒေါ်အောင်ဆန်းစုကြည်
မှ ဦးဝင်း
တင်ရဲ့ ၂၄ နာရီအတွင်း မြေကျပေးဖို့ဆန္ဒကိုသာ ဦးစားပေး စဉ်းစား သင့်ကြောင်း ထပ်မံ တိုက်တွန်းခဲ့ပါတယ်။

သို့သော် ဦးတင်ဦး၊ ကိုမိုးသီးဇွန်၊နိုင်ငံရေး အကျဉ်းသားများ အဖွဲ့၊ သတင်းစာ ဆရာများအသင်း နှင့် ရုပ်ရှင်အနုပညာသည်အချို့
ပူးပေါင်းကာ ဦးဝင်းတင်ရဲ့ ဈာပနကို ဧပြီလ ၂၃ရက်နေ့ ညနေ ၅နာရီ အချိန်တွင် ရေဝေးတွင်မီးသဂြိုလ်ပြီးအုတ်ဂူ သွင်းရန် အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့ကြပါတယ်။

ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင် ချိန်မှ ယနေ့အထိ လက်တွဲလာခဲ့သူ

များဖြစ်ပြီးဦးဝင်းတင် နာမကျန်းဖြစ်စဉ် ဒေါ်အောင်ဆန်းစုကြည်မှ ၂ ကြိမ်တိုင်တိုင် ဆေးရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပါ
တယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ ဦးဝင်းတင်ရဲ့ စိတ်နေသဘောထားကို အထူးသိရှိသူဖြစ်တာကြောင့်ကာယကံရှင်ရဲ့ ဆန္ဒအ
တိုင်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပေမယ့် မည်သူမျှ နားမထောင်ကြတာကြောင့်ယခု နေအိမ်တွင် စိတ်အနှောက်အယှက် ဖြစ်နေ
ကြောင်း သိရပါတယ်။

ဒါ့အပြင် ဦးဝင်တင် ဆေးရုံတက်စဉ်က မလာကြပဲကွယ်လွန်မှ ရောက်ရှိလာကြပြီး ရေချိုးပေးခြင်း၊ သေဆုံး ရုပ်ကလပ်အား ရေချိုး

ချိန်တွင်အခန်းထဲသို့ ကင်မရာများ ယူဆောင်ခြင်း နှင့် ဓာတ်ပုံများရိုက်ကာ အင်တာနက်တွင် ဖြန့်ဝေခြင်း၊စသည့် ဗုဒ္ဓဘာသာ ထုံး
ထမ်းအစဉ်အလာများနှင့် ဆန့်ကျင်သည့် လုပ်ဆောင်မှုများကြောင့် NLD ပါတီဝင်အချို့က ကိုမိုးသီးဇွန် နှင့် နိုင်ကျဉ်းဟောင်းများအဖွဲ့
အပေါ် မကျေမနပ်ဖြစ်နေကြကြောင်း သတင်းရရှိပါတယ်။

မျိုးကျော် YCJ (Yangon CitizenJournalist)
ဗမာ့ အသံ , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment