Pages

Pages - Menu

Tuesday, April 22, 2014

ခင်ပွန်းဖြစ်သူ လူမှုရေးဖောက်ပြန်နေသည်ကိုတွေ့ရှိခဲ့သည့် ဇနီးမှ ကတ်ကြေးဖြင့်ထိုးခဲ့သဖြင့် ခင်ပွန်းသေဆုံး

RangonNewsDaily: April . 22 .2014
၂၂.၄.၂၀၁၄ရက်နေ့ ၀၄၀၀အချိန်ခန့်တွင် ဒဂုံမြောက်မြို့နယ်၊ (၄၈)ရပ်ကွက်၊အောင်တံခွန်လမ်းရှိ ၀ါးရုံတောအတွင်း ကိုရဲကျော်၊
(၂၀)နှစ်ကို ဇနီးဖြစ်သူမှ ကတ်ကြေးဖြင့်ထိုးခဲ့၍ ၀ဲရင်အုံအထက်၌ ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိကာမြောက်ဥက္ကလာပဆေးရုံ၌ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသလျက်ရှိပါသည်။
ဖြစ်စဉ်မှာ ဒဏ်ရာရရှိသူ ကိုရဲကျော်သည် ၎င်းနှင့်ချစ်ကြိုက်နေသော မအိဖြူ၊ (၂၆)နှစ်၊ မြောက်ဥက္ကလာပမြို့နယ်နေသူနှင့်အတူ ဆိုပါ
ဝါရုံတောအတွင်းအိပ်နေစဉ် ကိုရဲကျော်၏ဇနီးဖြစ်သူ မဇင်မာသက်၊ (၂၃)နှစ်၊(ဘ)ဦးမောင်ရှမ်းမှတွေ့ရှိခဲ့သဖြင့် မကျေမနပ်ဖြစ်ပြီး
 ကတ်ကြေးဖြင့်ထိုးခဲ့၍ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ပြစ်မှုကျူးလွန်သူမဇင်မာသက်ကိုအရေးယူပေးရန် ရဲကျော်၏မိခင်ဖြစ်သူ ဒေါ်စောသက်ထူးမှတိုင်တန်းချက်အ
ရ ဒဂုံမြို့သစ်
(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၂၀၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်ခဲ့ပါသည်။

အမှုမှဒဏ်ရာရရှိသူ ကိုရဲကျော်မှာ မြောက်ဥက္ကလာပဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ၁၀၅၀အချိန်တွင် သေဆုံးသွားသဖြင့် အမှုကို ပြစ်မှုပုဒ်မ-၃၂၆ မှပြစ်မှုပုဒ်မ-၃၀၂ သို့ပြောင်းလဲဖွင့်လှစ်ကာ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment