Pages
▼
Pages - Menu
▼
Saturday, April 12, 2014
ချစ်သူတွေဖြစ်ကြောင်း ဝန်ခံလိုက်တဲ့ တောင်ကိုရီးယား အနုပညာစုံတွဲ
RangonNewsDaily: April . 12 .2014
မင်းသား In Kyo Jin နဲ့ မင်းသမီး Yi Hyun တို့နှစ်ဦးဟာ သူတို့ရဲ့ ချစ်မှုရေးရာကို ပရိသတ်တွေ သိရှိရအောင် ဖွင့်ဟလိုက်ပါပြီ။ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်း သက်တမ်းဟာ ၁ဝ နှစ်တာ ရှိခဲ့ပြီ ဖြစ်ပါတယ်။ နှစ်ကာလကြာမြင့်စွာ သူငယ်ချင်း အဖြစ် ခင်မင်လာရာကနေ အစပြုပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။
အရောင်း အဝယ်နှင့် စလစ် ဈေးနှုန်း များ ပြန်လည် မြင့်တက် လာတဲ့ '၁က' အက္ခရာ တန်း ကားများ
RangonNewsDaily: April . 12 .2014
ရန်ကုန်မြို့ ကား ဈေးကွက် အတွင်း အက္ခရာ နိမ့် ကား အမျိုးအစား တစ်ခု ဖြစ်သည့် ၁က အက္ခရာ တန်း ကားများ မှာ လက်ရှိ အချိန် တွင် ဈေးနှုန်း များ ပြန်လည် မြင့်တက် လာပြီး အဆိုပါ ကားများ ၏ စလစ် ဈေးနှုန်း များမှာ လည်း ပြန်လည် မြင့်တက် လာလျက် ရှိကြောင်း ကားဝယ် ရောင်း သမားများ ထံမှ သိရ သည်။
စက်မှုဇုန် ထုတ်ကားများ အားလုံး လိုင်စင် ပြု့လုပ်ရ မည်
RangonNewsDaily: April . 12 .2014
ကလေး စက်မှုဇုန် ထုတ် ဂျစ်ကား အများစုမှာ မော်တော် ယာဉ်လိုင်စင်မ ရှိသေးသော ကားများ ဖြစ်ကြပြီး ၄င်းကား အများစု မှာလည်း ဒေသတွင်း ဆက်သွယ်သွား လာရာတွင် အဓိက ဖနရာမှ ပါဝင်လျှက်ရှိ သည်။ ကလေး စက်မှုဇုန်မှ လည်း အဆိုပါ ဂျစ်ကားများကို ဆက်လက် ထုတ်လုပ်လျှက်ရှိ နေသည်။ ထုတ်လုပ်ပြီး ဂျစ်ကား များကိုလည်း လိုင်စင်ပြု့လုပ်နိုင်ရန် တင်ပြမှု အပေါ် လက်ခံ ဆောင်ရွက်ပေး မည်ဟုလည်း သိရသည်။

ဝီလီဘရန့်ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ
RangonNewsDaily: April . 12 .2014
ဥရောပတိုက် ဂျာမနီနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ ၀ီလီဘရန့်ဆု Willy Brandt ကို ဒီကနေ့ လက်ခံရယူခဲ့ပါတယ်။ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ SPD ဆိုရှယ်- ဒီမိုကရက်တစ်ပါတီရုံးချုပ်၊ Willy Brandt House မှာ ပြုလုပ်တဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဂျာမနီနိုင်ငံက ပါလီမန်အမတ်တွေ၊ ဖိတ်ကြားထားသူတွေ ၊ SPD ပါတီက ထိပ်တန်းခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေအပြင်၊ ဂျာမနီနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတချို့ပါ တက်ရောက်ခဲ့ကြပါတယ်၊
* စိတ်ဝင်စားစရာ များနဲ့  အက်သလက်တီကို အသင်း ဧ။် ချဲလ်ဆီး ဂိုးသမားလေး Thibaut Courtois *
RangonNewsDaily: April . 12 .2014
........ ချန်ပီယံ လိဂ် ဆီးမီးဖိုင်နယ် ပွဲစဉ်များ မဲခွဲပြီး နောက် ပရီးမီယားလိဂ် ဒုတိယ နေရာမှ ချဲလ်ဆီး အသင်း နင့် စပိန် လာလီဂါ
ဧ။် အမှတ်ပေးဇယား ကို ဦးဆောင်နေသည့် အက်သလက်တီကိုအသင်း တို့  ရင်ဆိုင် တွေ့ ဆုံ ကြရမည့် ပွဲတွင် စိတ်ဝင်စားစရာ
အဖြစ် ချဲလ်ဆီး အသင်းမှ အငှါးချ ထားသည့် အက်သလက်တီကိုအသင်းဧ။် အဓိက ဂိုးသမားလေး Thibaut Courtois ဧ။် အဖြစ်
က စိတ်ဝင်စားစရာ ကောင်းနေသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးကြောင်း ဂျာမနီနိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ဂျာမနီနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၁ ရက်တွင် Willy Brandt လူ့အခွင့်အရေးဆု လက်ခံရယူရန်အတွက် သွားရောက်စဉ် ဂျာမနီနိုင်ငံ ဒုတိယအဓိပတိ၊ စီးပွားရေးနှင့် စွမ်းအင်ဝန်ကြီး Sigmar Gabriel က ကြိုဆိုနှုတ်ဆက်စဉ် (Photo-AFP)
RangonNewsDaily: April . 12 .2014မြန်မာနိုင်ငံ၏ အပြောင်းအလဲများအပေါ် နိုင်ငံတကာ၏ အားပေးထောက်ခံမှုများ ရရှိနေသော်လည်း မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်
ငံ မဟုတ်သေးကြောင်းဂျာမနီနိုင်ငံရောက် မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့တွင် ပြောကြား
ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
DVB သတင်းထောက် ကိုဇော်ဖေ (ခ) သူရသက်တင် မတရားဖမ်းဆီး ထောင်ချခံရခြင်းအတွက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF)က ကြေညာချက်ထုတ်ပြန်ကန့်ကွက်
RangonNewsDaily: April . 12 .2014
DVB သတင်းထောက် ကိုဇော်ဖေ (ခ) သူရသက်တင် မတရားဖမ်းဆီး ထောင်ချခံရခြင်းအတွက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters Without Borders) က သောကြာနေ့တွင် ၎င်းတို့၏ တရားဝင် အင်တာနက် စာမျက်နှာပေါ်၌ ကြေညာချက် ထုတ်ပြန်ကာ ကန့်ကွက်ခဲ့သည်။"DVB သတင်းထောက် ကိုဇော်ဖေ(ခ) သူရသက်တင်အား ပိုင်နက်ကျူးလွန်မှု၊ ၀တ္တရားနှောင့်ယှက်မှုတို့ဖြင့် ဧပြီ ၇ ရက်တွင် မကွေးတရားရုံးက ထောင်ဒဏ်တစ်နှစ်ချမှတ် လိုက်ခြင်းအတွက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့အနေဖြင့် အလွန်အမင်း ထိတ်လန့်တုန်လှုပ် ရပါသည်" ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် ဗြိတိန် ပေါင်စတာလင် ၁ သန်းခွဲ ထောက်ပံ့
RangonNewsDaily: April . 12 .2014
ဗြိတိန်နိုင်ငံက မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် ပံ့ပိုးကူညီနေတာတွေနဲ့ ပတ်သက်တဲ့ လက်ရှိအခြေအနေကို ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးကထုတ်ပြန်ရာမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ငန်းစဉ်တွေမှာ အသုံးပြုဖို့အတွက် ပေါင်စတာလင် ၁ သန်းခွဲထောက် ပံ့ထားတယ်လို့ သိရပါတယ်။
ဆုပန်ထွာရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ ရှင်းလင်းချက်
RangonNewsDaily: April . 12 .2014
အခုရက်ပိုင်း အွန်လိုင်း လောကမှာ နာမည်ကြီးပြီး လူပြောများနေတဲ့ ကိစ္စကတော့ သရုပ်ဆောင် ဆုပန်ထွာ တို့ စုံတွဲ ဓာတ်ပုံနဲ့ ဝေဖန်မှုတွေပါဘဲ။ ဆုပန်ထွာနဲ့ ကိုဥက္ကာကျော် တို့ဟာ ဧပြီလ ၉ ရက်နေ့ က စေ့စပ်ကြောင်းလမ်းပွဲလေး တခုလုပ်ပြီး ကိုဥက္ကာကျော်က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မှတ်တမ်း ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။
အထက်တန်းကျောင်းမှာ လူ၂၂ယောက်ကို ဓားနဲ့ထိုးခဲ့တဲ့ ၁၆နှစ်သား
RangonNewsDaily: April . 12 .2014
Alex Hribal အမည်ရှိတဲ့ ၁၆နှစ်အရွယ် ကျောင်းသားလေးဟာ အရူးထပြီး သောင်းကျန်းကာ အထက်တန်းကျောင်းမှာ လူ ၂၂ယောက်ကို ဓားနဲ့ထိုး၊ ခုတ်ခဲ့ပါတယ်။ Pennsylvania အထက်တန်းကျောင်းမှာပါ။ ဒီလိုဓားနဲ့ လိုက်ထိုး၊ လိုက်ခုတ်ခဲ့ရခြင်းရဲ့ အကြောင်းရင်းကတော့ လျှို့ဝှက်ဆန်းကြယ် ဖြစ်နေတုန်းပါပဲ။