Pages

Pages - Menu

Saturday, April 12, 2014

တောင်ပြာတန်း ခရီးသည်တင်ကား ယာဉ်တိုက်မှုဖြစ် (၂၅)ဦး မီးလောင်သေဆုံး


RangonNewsDaily: April . 12 .2014
ဧပြီ(၁၂)ရက်နေ့ ယနေ့ နံနက်(၂)နာရီခွဲခန့် က ရန်ကုန်-မန္တလေး အမြန်လမ်း (ဖြူးမြို့နယ်)၊ မိုင် ၁၁၆/၂ နားမှာ တောင်ပြာတန်း
ခရီးသည်တင်ကားနဲ့ ယာဉ်ငယ် တစ်စီး တိုက်မှု ဖြစ်ပွားရာမှာ ခရီးသည် (၂၅)ဦး မီးလောင် သေဆုံးခဲ့ကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။
ယာဉ်ငယ်တစ်စီးကို တောင်ပြာတန်း ခရီးသည်တင်ကားကြီးက ကျော်တက်ရာမှာ ကားငယ်က ချိတ်ပါသွားပြီး ကားငယ်ဆီတိုင်
ကီပေါက်ကာ ၂ စီးလုံး မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ကားငယ်က (၅)ဦးနဲ့ ကားကြီးက (၂၀)ဦး မီးလောင် သေဆုံးသွားတယ်လို့ သိရပါတယ်။ သေ
ဆုံးသူ
အရေအတွက်ကိုတော့ တာဝန်ရှိသူတွေဆီကနေ အတည်ပြုချက် မရရှိသေးပါဘူး။

ဒဏ်ရာရသူ တချို့ကိုတော့ ဖြူးဆေးရုံကို ပို့ ဆောင် ကုသပေးနေပြီး အသေးစိတ်ကို တာဝန်ရှိသူတွေက စစ်ဆေးနေဆဲ ဖြစ်ကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရှိရပါတယ်။

THIT HTOO LWIN ::--
KOLATT(PBDN)
RangonNewsDaily







No comments:

Post a Comment