Pages
▼
Pages - Menu
▼
Friday, February 28, 2014
ချန်ဒူး-ကူမင်း-ရန်ကုန်ခရီးစဉ်များ မတ် ၃ဝ ရက်မှစတင်ကာ နေ့စဉ်ပျံသန်းမည်
RangonNewsDaily: February . 28 .2014
Air China လေကြောင်းလိုင်း မှ ချန်ဒူး-ကူမင်း-ရန်ကုန်ခရီးစဉ်ကိုမတ် ၃ဝရက်မှစတင်ကာ နေ့စဉ်ပျံ သန်းသွားမည်ဖြစ်ကြောင်း သိရ
သည်။အဆိုပါ လေကြောင်းခရီးစဉ် များကိုAirbus A-319 လေယာဉ်များဖြင့် ချန်ဒူးမှရန်ကုန်သို့ နေ့စဉ် ပျံသန်းသွားမည်ဖြစ်ကြောင်း
သိရ သည်။Air China လေကြောင်းလိုင်း ၏ Co-mopolitan Travel Service Co., Ltdဦးကျော်ဝင်းက ''ချန်ဒူးဒေသဟာကုန်းတွင်း
ပိတ်ဒေသတစ်ခုဖြစ် ပေမယ့် စီချွမ်ပြည်နယ်ထဲမှာပါဝင် ပြီး တရုတ်နိုင်ငံရဲ့ သမိုင်းဝင်ဒေသ တစ်ခုဖြစ်တဲ့အတွက် ကမ္ဘာလှည့်ခရီး သည်တွေ စိတ်ဝင်စားတဲ့ဒေသတစ်ခု ပါ။
Air China လေကြောင်းလိုင်း မှ ချန်ဒူး-ကူမင်း-ရန်ကုန်ခရီးစဉ်က
သည်။အဆိုပါ လေကြောင်းခရီးစဉ် များကိုAirbus A-319 လေယာဉ်များဖြင့် ချန်ဒူးမှရန်ကုန်သို့ နေ့စဉ် ပျံသန်းသွားမည်ဖြစ်ကြောင်း
သိရ သည်။Air China လေကြောင်းလိုင်း ၏ Co-mopolitan Travel Service Co., Ltdဦးကျော်ဝင်းက ''ချန်ဒူးဒေသဟာကုန်းတွင်း
ပိတ်ဒေသတစ်ခုဖြစ် ပေမယ့် စီချွမ်ပြည်နယ်ထဲမှာပါဝင် ပြီး တရုတ်နိုင်ငံရဲ့ သမိုင်းဝင်ဒေသ တစ်ခုဖြစ်တဲ့အတွက် ကမ္ဘာလှည့်ခရီး သည်တွေ စိတ်ဝင်စားတဲ့ဒေသတစ်ခု ပါ။
မန္တလေးကျုံးတွင် နှစ်ရက်ဆက်တိုက် အလောင်းနှစ်လောင်းတွေ့
RangonNewsDaily: February . 28 .2014
မန္တလေးမြို့ဂုဏ်ဆောင် ရှေးဟောင်း ယဉ်ကျေးမှု နေရာများတွင် ထိပ်ဆုံးမှ ပါဝင်သော မန္တလေး ကျုံးအတွင်းနှင့် ကျုံးအနီးတွင် ဖေဖော်ဝါရီလ ၂၆ ရက်နှင့် ၂၇ ရက်နေ့ နှစ်ရက်ဆက်တိုက် အလောင်း နှစ်လောင်း တွေ့ရှိ ရကြောင်း သက်ဆိုင်ရာထံမှ သတင်းရ
ရှိသည်။မန္တလေးမြို့ အောင်မြေသာစံမြို့နယ်လမ်း၈၀၊ ၁၇x၁၈လမ်းရှိ ကျုံးရေပြင်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၆ နာရီအချိန်
က အသက် ၅၀ နှစ်အရွယ်ရှိ ဦးတင်မောင်အေးသည် ပြင်ပဒဏ်ရာ မရှိဘဲ ရေနစ် သေဆုံးနေကြောင်း အောင်မြေသာစံ မြို့နယ် အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မန္တလေးမြို့ဂုဏ်ဆောင် ရှေးဟောင်း ယဉ်ကျေးမှု နေရာများတွင် ထိပ်ဆုံးမှ ပါဝင်သော မန္တလေး ကျုံးအတွင်းနှင့် ကျုံးအနီးတွင် ဖေဖော်ဝါရီလ ၂၆ ရက်နှင့် ၂၇ ရက်နေ့ နှစ်ရက်ဆက်တိုက် အလောင်း နှစ်လောင်း တွေ့ရှိ ရကြောင်း သက်ဆိုင်ရာထံမှ သတင်းရ
ရှိသည်။မန္တလေးမြို့ အောင်မြေသာစံမြို့နယ်လမ်း၈၀၊ ၁၇x၁၈လမ်းရှိ ကျုံးရေပြင်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၆ နာရီအချိန်
က အသက် ၅၀ နှစ်အရွယ်ရှိ ဦးတင်မောင်အေးသည် ပြင်ပဒဏ်ရာ မရှိဘဲ ရေနစ် သေဆုံးနေကြောင်း အောင်မြေသာစံ မြို့နယ် အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယူကရိန်း ကရိုင်းမီးယားဒေသ အစိုးရ အဆောက်အအုံကို ရုရှားလိုလားသော လက်နက်ကိုင်များဝင်စီး
RangonNewsDaily: February . 28 .2014
လွန်ခဲ့သော ရက်ပိုင်းက ရုရှား လိုလားသော သမ္မတ ယာနျူကိုဗစ်ခ်ျကို ရာထူးမှ ဖယ်ရှားခဲ့သော ယူကရိန်းနိုင်ငံတွင် ရုရှားလူမျိုး အများစု နေထိုင်သော ကရိုင်းမီးယားဒေသ၏ အစိုးရရုံး အဆောက်အအုံကို ရုရှားလိုလားသော လက်နက်ကိုင် တစ်စုက သိမ်းပိုက်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
သီးခြားလူမျိုး သတ်မှတ်ပေးဖို့ နာဂအဖွဲ့တောင်းဆို
RangonNewsDaily: February . 28 .2014
လာမယ့် မတ်လ ၂၉ ရက်နေ့မှာ စတင်မယ့်၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ နာဂလူမျိုးတွေရဲ့ ကုတ်နံပါတ်ကို ချင်းလူမျိုးအောက်မှာ ထည့်သွင်းဖော်ပြထားတာကို လက်မခံနိုင်ကြောင်း နာဂလူမျိုးတွေက ဒီနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ကန့်ကွက်လိုက်ပါတယ်။
တောရက်စ်နှင့် မာတာတို့ ချန်လှပ်ခံခဲ့ရသည့် စပိန် လူစာရင်း
RangonNewsDaily: February . 28 .2014
စပိန်လက်ရွေးစင် အသင်းနည်းပြ ဗင်းဆင့် ဒဲလ် ဘော့စကေးဟာ မတ်လ ၅ ရက်နေ့မှာ အီတလီအသင်းနှင့် ကစားမည့် ချစ်ကြည်ရေး ပွဲစဉ်အတွက် အပြီးသတ် ၂၂ ယောက်စာရင်း ထုတ်ပြန်လိုက်ရာမှာ ချယ်ဆီး တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်နှင့် မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ဂျူအန် မာတာတို့ ချန်လှပ်ခံခဲ့ရသည်။
တနင်္သာရီတိုင်းအတွင်း အစိုးရနှုန်းထားအတိုင်း လျှပ်စစ်မီတာခ ရရှိရေး ရှေ့ဆက်ဆောင်ရွက်မည်
RangonNewsDaily: February . 28 .2014
လျှပ်စစ်မီး တစ်ယူနစ် ဈေးနှုန်းကို အစိုးရဈေးထက် အဆ ၂၀ အထိ ပေးဆောင်နေရသော တနင်္သာရီတိုင်းဒေသကြီးအတွင်း တစ်နိုင်ငံလုံး လျှပ်စစ်မီတာခ နှုန်းထားအတိုင်း ရရှိသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တနင်္သာရီ သယံဇာတ အကျိုးခံစားခွင့် ရရှိရေးကော်မတီ (ထားဝယ်) က သတင်းထုတ်ပြန်လိုက်သည်။
ဖုန်းအသစ် တစ်မျိုးကို မိတ်ဆက်လိုက်သည့် ဘလက်ဘယ်ရီ
RangonNewsDaily: February . 28 .2014
Black Berry ဟာ သူတို့ရဲ့နှစ်ကာလ ကြာရှည်အရောင်း ကျဆင်းမှုကို ဖုန်းအသစ်တွေနဲ့ ပြောင်းပြန်လှန်ပစ်ဖို့ ကြိုးစားနေပြီး စီးပွားရေးဆိုင်ရာဖောက်သည်သစ်တွေကို ပြန်လည်အာရုံစိုက်ကာ ပြိုက်ဘက်ဖုန်းတွေပေါ်မှာ အသုံးပြုနိုင်တဲ့ အက်ပလီကေးရှင်းတွေနဲ့ ၀န်ဆောင်မှုတွေကိုပါ အလေးထား ဆောင်ရွက်လာပါတယ်။ ဒီလို ဆောင်ရွက်နေတုန်းမှာပဲ Black Berry ရဲ့ Q20 ဖုန်းသတင်းဟာ ထွက်ပေါ်လာခဲ့ပါတယ်။ အခု Black Berry ဟာ ဒီဖုန်းကို မိတ်ဆက်ပြသလိုကတယ်လို့ သိရပါတယ်။
နာမည်ကြီး အဆိုတော်များ ပါဝင်ထားသည့် Star တို့သင်္ကြန်
RangonNewsDaily: February . 28 .2014
နာမည်ကြီး အဆိုတော်များ ဖြစ်သည့် ဇော်ပိုင်၊ R ဇာနည်၊ ဖြိုးကြီး၊ ထူးအယ်လင်း၊ ဟဲလေး၊ Wai လျှံ၊ အစ္စဏီ၊ စစ် သွေး၊ ညီနန္ဒ၊ သူရ၊ ဘိုဘို၊ ယုဇန၊ Jenny ၊ ဆုပန်ထွာ၊ No ၊ သန္တာဗိုလ်၊ မာရီနာ၊ မှူးရတနာ တို့ ပါဝင်သီဆိုထား သည့် "Star" တို့ရဲ့သင်္ကြန် တေးအယ်လ်ဘမ်ကို တေးသံရှင် စစ်သွေးမှ ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး မတ်လ ပထမ ပတ်တွင် ရတနာမြိုင် တေးသံသွင်းမှ ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။
မန်ယူ၏ခြေစွမ်းနှင့် အသင်းဖော်များကို ဗန်ပါစီ ဝေဖန်
RangonNewsDaily: February . 28 .2014
အိုလံပီယာကို့စ်ကို ရှုံးနိမ်ခဲ့ပြီးနောက် မန်ယူအသင်း၏ ခြေစွမ်းမှာ သုံးစားမရသော အနေအထားဖြစ်လာ ခဲ့ကြောင်း တိုက်စစ်မှူး ဗန်ပါစီကဝေဖန်သွားခဲ့သည်။ မန်ယူမှာ ပြည်တွင်း ဖလား (၃)လုံး မျှော်လင့်ချက် လက်လွှတ်ခဲ့ရပြီးနောက် ချန်ပီယံလိဂ်တွင်လည်း အိုလံပီယာကို့စ်အား အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဖလားလက်မဲ့အနေအထားနှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။
မန်းရတနာပုံ ( MANN YADANARPON AIRLINES ) လေကြောင်းလိုင်းသစ် စတင်ပြေးဆွဲခြင်းနှင့် ကြိုဆိုပွဲ တာချီလိတ်၌ ပြုလုပ်
RangonNewsDaily: February . 28 .2014
နိုင်ငံတော်အစိုးရသစ် လက်ထက်တွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ ပုဂ္ဂလိကစီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသား လုပ်ငန်း ရှင်များ အား ပိုမိုအားပေးဆာင်ရွက်လျှက်ရှိရာယခင်ကာလများ က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော လေကြောင်းပို့ဆောင်ရေးလုပ်ငန်းအား တိုင်းရင်းသားလုပ်ငန်းရှင်များသို့လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခဲ့ရာ ယခုအခါ ပြည်တွင်း-ပြည်ပလေကြောင်းသယ်ယူပို့ဆောင်မှု အခန်းကဏ္ဍတွင် ပုဂ္ဂလိကလေကြောင်းလိုင်းများ ပိုမိုပေါ်ထွန်းလာလျှက်ရှိ နေပြီဖြစ်သည်။
နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို အစိုးရ ရပ်ဆိုင်း
RangonNewsDaily: February . 28 .2014
နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ ရခိုင်ပြည်နယ်က ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်း အားလုံးကို မနေ့ကစပြီး ရပ်ဆိုင်းလိုက်ဖို့ MSF အဖွဲ့ တာဝန်ရှိသူတွေဆီ ပြောကြားထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒီနေ့ အတည်ပြုပြောပါတယ်။MSF ရဲ့ ရခိုင်ပြည်နယ်က ကျန်းမာရေးစီမံကိန်းတွေကို ရပ်ဆိုင်းလိုက်ဖို့အတွက် MSF အဖွဲ့ စစ်တွေရုံးက တာဝန်ရှိသူတွေကို မနေ့က ခေါ်ယူပြောကြားခဲ့တာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းက RFA ကို အခုလိုပြောပါတယ်။
Miss Farmer Contest 2014 ကျင်းပမည်
ယခင်နှစ် ပထမအကြိမ် Miss Farmer Contest
RangonNewsDaily: February . 28 .2014
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် မှ ကြီးမှူး၍ မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်သူများ အသင်း၏ အသင်းနှစ်ပတ်လည် အထွေထွေ အစည်းအဝေး နှင့် မြန်မာ့ လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာ ပြပွဲ ၂၀၁၄ Myanmar AGRO-TECH EXOP 2014 ကို လာမည့် မတ် ၅ ရက်မှ ၈ ရက်အထိ ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် ၊ မင်းဓမ္မလမ်း ရှိ MCC ခန်းမ၌ ကျင်းပမည် ဖြစ်ရာ ယင်းပြပွဲ နှင့်အတူ ဒုတိယ အကြိမ် လယ်တောသူ အလှမယ် ပြိုင်ပွဲ (၂၀၁၄) Miss Farmer Contest 2014 ကိုပါ ထည့်သွင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။